ဂျက်စီလင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုလိုကြောင်း ဆိုးလ်ရှားအတည်ပြု

ဂျက်စီလင်ဂတ်ရဲ့မန်ချက်စတာယူနိုက်တက်အနာဂတ်မှာမရေမရာဖြစ်နေပါတယ်။ဒါပေမယ့်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကတော့ကလပ်ဘက်ကအလယ်တန်းတိုက်စစ်သမားရဲ့စာချုပ်ကိုသက်တမ်းတိုးလိုနေကြောင်းအတည်ပြုပြောကြားလာပါတယ်။

ဂျက်စီလင်ဂတ်ဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဥရောပထိပ်သီးများဖြစ်ကြတဲ့ဘာစီလိုနာနှင့်အေစီမီလန်တို့ကသူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ရာသီတုန်းကအငှားဖြင့်ကစားခဲ့တဲ့ဝက်စ်ဟမ်းကလည်းသူ့ကိုခေါ်ယူလိုနေပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားက “သူ့ကိုကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ထားတာကြောင့်သူ့ကိုဒီမှာကာလရှည်ရှိစေချင်ပါတယ်။သူ့ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်ပါတယ်။သူ့ကိုပွဲကစားခွင့်အများကြီးပေးဖို့ကလည်းထိုက်တန်တာကြောင့်သူ့ကိုကျွန်တော့်ဘက်ကပေးသွားမှာပါ။သူ့ကိုကျွန်တော်တို့ကအရမ်းအလေးထားတာကြောင့်ဂျက်စီနဲ့စာချုပ်ချုပ်ဆိုနိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူအကယ်ဒမီထွက်လင်ဂတ်ဟာပြီးခဲ့တဲ့နှစ်များတွင်ကစားသမားဘဝအတက်အကျများနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။သူဟာပေါင်ခြံဒဏ်ရာမှကောင်းမွန်လာပြီးနောက်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းသို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။

သူဟာဝက်စ်ဟမ်းတွင်ခြောက်လအငှားဖြင့်ကစားစဉ်အတွင်း၉ဂိုးသွင်းကာ၆ကြိမ်ဖန်တီးနိုင်မှုနဲ့အတူအင်္ဂလန်အသင်းမှာပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာယခုရာသီမှာမန်ယူမှာပွဲကစားခွင့်ပိုမိုရရှိလာမယ်လို့ယူဆရပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆန်ချိုတို့ရောက်လာမှုနဲ့အတူ နေရာရရှိရေးထပ်မံရုန်းကန်နေရပါတယ်။

ZawGyi

ဂ်က္စီလင္ဂတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

ဂ်က္စီလင္ဂတ္ရဲ႕မန္ခ်က္စတာယူႏိုက္တက္အနာဂတ္မွာမေရမရာျဖစ္ေနပါတယ္။ဒါေပမယ့္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကေတာ့ကလပ္ဘက္ကအလယ္တန္းတိုက္စစ္သမားရဲ႕စာခ်ဳပ္ကိုသက္တမ္းတိုးလိုေနေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

ဂ်က္စီလင္ဂတ္ဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့ဘာစီလိုနာႏွင့္ေအစီမီလန္တို႔ကသူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။ဒါ့အျပင္ၿပီးခဲ့တဲ့ရာသီတုန္းကအငွားျဖင့္ကစားခဲ့တဲ့ဝက္စ္ဟမ္းကလည္းသူ႔ကိုေခၚယူလိုေနပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားက “သူ႔ကိုကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္သတ္မွတ္ထားတာေၾကာင့္သူ႔ကိုဒီမွာကာလရွည္ရွိေစခ်င္ပါတယ္။သူ႔ဆုံးျဖတ္ခ်က္အေပၚမွာဘဲမူတည္ပါတယ္။သူ႔ကိုပြဲကစားခြင့္အမ်ားႀကီးေပးဖို႔ကလည္းထိုက္တန္တာေၾကာင့္သူ႔ကိုကြၽန္ေတာ့္ဘက္ကေပးသြားမွာပါ။သူ႔ကိုကြၽန္ေတာ္တို႔ကအရမ္းအေလးထားတာေၾကာင့္ဂ်က္စီနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူအကယ္ဒမီထြက္လင္ဂတ္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားတြင္ကစားသမားဘဝအတက္အက်မ်ားႏွင့္ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။သူဟာေပါင္ၿခံဒဏ္ရာမွေကာင္းမြန္လာၿပီးေနာက္ေနရာရရွိရန္႐ုန္းကန္ရမႈနဲ႔အတူၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းသို႔အငွားျဖင့္သြားကစားခဲ့ရပါတယ္။

သူဟာဝက္စ္ဟမ္းတြင္ေျခာက္လအငွားျဖင့္ကစားစဥ္အတြင္း၉ဂိုးသြင္းကာ၆ႀကိမ္ဖန္တီးႏိုင္မႈနဲ႔အတူအဂၤလန္အသင္းမွာျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

သူဟာယခုရာသီမွာမန္ယူမွာပြဲကစားခြင့္ပိုမိုရရွိလာမယ္လို႔ယူဆရေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ေရာက္လာမႈနဲ႔အတူ ေနရာရရွိေရးထပ္မံ႐ုန္းကန္ေနရပါတယ္။