ဂျက်ဝီရှိုင်းယားကို ယူ-၁၈ နည်းပြအဖြစ် အာဆင်နယ်ခန့်အပ်

အင်္ဂလန်လက်ရွေးစင်ဟောင်းဂျက်ဝီရှိုင်းယားဟာအသင်းဟောင်းအာဆင်နယ်ရဲ့ယူ-၁၈နည်းပြအဖြစ်ခန့်အပ်လိုက်ပါတယ်။

အသက်၃၀နှစ်ရှိကွင်းလယ်ကစားသမားဟာဇူလိုင်လ၈ရက်နေ့တုန်းကကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပြီးနည်းပြဘဝပထမဆုံးအလုပ်အဖြစ်တာဝန်ထမ်းဆောင်လာတော့မှာဖြစ်ပါတယ်။

ဂျက်ဝီရှိုင်းယားဟာအာဆင်နယ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး၁၉၇ပွဲကစားခဲ့ကာအက်ဖ်အေဖလား၂လုံးဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

ဂျက်ဝီရှိုင်းယားက “ဒီရာထူးအတွက်အရမ်းကိုဂုဏ်ယူပါတယ်။ဒီကလပ်ကိုကျွန်တော်ချစ်တယ်ဆိုတာလျို့ဝှက်ချက်မဟုတ်ပါဘူး။ကျွန်တော်တို့ရပ်တည်ချက်အပေါ်ကျွန်တော်ချစ်တယ်။ကျွန်တော့်ဘဝအစိတ်အပိုင်းကိုလည်းဒီအကယ်ဒမီမှာကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ကျွန်တော့်ဘဝရဲ့အကောင်းဆုံးနေ့တွေပါ။ဒါကကျွန်တော့်အတွက်ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်ပါတယ်။ကျွန်တော့်လည်းအသင့်ဖြစ်နေပါပြီ။ကျွန်တော်ဆာလှောင်နေပါတယ်။ဒီလူငယ်ကစားသမားလေးတွေကိုကွင်းတွင်းကွင်းပြင်အကောင်းဆုံးတွေဖြစ်လာဖို့ကူညီဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ပြောကြားသွားပါတယ်။

ဂျက်ဝီရှိုင်းယားဟာအာဆင်နယ်မှထွက်ခွာပြီးနောက်ဝက်စ်ဟမ်း၊ဘော်လ်တန်၊ဘုန်းမောက်၊ဒိန်းမတ်ကလပ် AGD Aarhus တို့တွင်ကစားခဲ့ပါတယ်။

ZawGyi





