ဂျစ်ပစီလို့ အော်ဟစ်တဲ့ရိုးမားပရိသတ်များကို အမိုက်စားတုံ့ပြန်ခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ်

ဇလာတန်အီဘရာဟီမိုဗစ်ဟာတနင်္ဂနွေနေ့တုန်းကရိုးမားအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ကိုဂျစ်ပစီလို့အော်ဟစ်ခဲ့ကြတဲ့ရိုးမားပရိသတ်များအား ကျယ်ကျယ်အော်ရန် တုံ့ပြန်မှုပြုလုပ်ခဲ့မှုအတွက်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အသက်၄၀နှစ်ရှိအီဘရာဟီမိုဗစ်ဟာရိုးမားနှင့်ပွဲစဉ်မှာဖရီးကစ်ကနေ အေစီမီလန်အတွက်အဖွင့်ဂိုးကိုသွင်းယူခဲ့ပါတယ်။အီဘရာဟီမိုဗစ်ဟာဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးဟာအီဘရာဟီမိုဗစ်အတွက်ကစားသမားဘဝတစ်လျှောက်လိဂ်ဂိုး၄၀၀မြောက်ဂိုးလည်းဖြစ်ပါတယ်။

သူဟာဂိုးကြောင့်သာလူတွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရတာမဟုတ်ပါဘူး။မန်ယူတိုက်စစ်မှူးဟာယင်းပွဲမှာ ရိုးမားပရိသတ်များက မင်းကဂျစ်ပစီကောင်ဆိုပြီး အော်ဟစ်မှုခံခဲ့ရပါတယ်။အီဘရာဟီမိုဗစ်ဟာရိုးမားပရိသတ်များရဲ့အော်ဟစ်မှုကိုငြိမ်ခံမနေဘဲထပ်ကျယ်ကျယ်လေးအော်ကြရန်တုံ့ပြန်ခဲ့ပါတယ်။

ယင်းအဖြစ်အပျက်ကိုဒိုင်လူကြီးကမြင်တွေ့သွားပြီးနောက်ချက်ချင်းပင်အဝါကတ်ပြကာအရေးယူမှုပြုလုပ်ခဲ့ပါတယ်။

ယင်းပွဲစဉ်မှာအေစီမီလန်ဟာအီဘရာဟီမိုဗစ်ကြောင့်ပင် ဒုတိယပိုင်းမှာပင်နယ်တီရရှိခဲ့ပြီးကက်စီကသွင်းယူကာဒုတိယဂိုးရရှိခဲ့ပါတယ်။ယင်းနောက်အေစီမီလန်ဘက်မှသီယိုဟာနန်ဒက်ဇ်အနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။ရိုးမားအတွက်နှစ်သိမ့်ဂိုးကိုနာကျင်အချိန်ပိုမှာအယ်ရှီယာဝီကသွင်းယူခဲ့ပါတယ်။

ZawGyi

ဂ်စ္ပစီလို႔ ေအာ္ဟစ္တဲ့႐ိုးမားပရိသတ္မ်ားကို အမိုက္စားတုံ႔ျပန္ခဲ့တဲ့ ဇလာတန္အီဘရာဟီမိုဗစ္

ဇလာတန္အီဘရာဟီမိုဗစ္ဟာတနဂၤေႏြေန႔တုန္းက႐ိုးမားအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔ကိုဂ်စ္ပစီလို႔ေအာ္ဟစ္ခဲ့ၾကတဲ့႐ိုးမားပရိသတ္မ်ားအား က်ယ္က်ယ္ေအာ္ရန္ တုံ႔ျပန္မႈျပဳလုပ္ခဲ့မႈအတြက္ဒိုင္လူႀကီးရဲ႕အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

အသက္၄၀ႏွစ္ရွိအီဘရာဟီမိုဗစ္ဟာ႐ိုးမားႏွင့္ပြဲစဥ္မွာဖရီးကစ္ကေန ေအစီမီလန္အတြက္အဖြင့္ဂိုးကိုသြင္းယူခဲ့ပါတယ္။အီဘရာဟီမိုဗစ္ဟာဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးဟာအီဘရာဟီမိုဗစ္အတြက္ကစားသမားဘဝတစ္ေလွ်ာက္လိဂ္ဂိုး၄၀၀ေျမာက္ဂိုးလည္းျဖစ္ပါတယ္။

သူဟာဂိုးေၾကာင့္သာလူေတြရဲ႕အာ႐ုံစိုက္ျခင္းခံခဲ့ရတာမဟုတ္ပါဘူး။မန္ယူတိုက္စစ္မႉးဟာယင္းပြဲမွာ ႐ိုးမားပရိသတ္မ်ားက မင္းကဂ်စ္ပစီေကာင္ဆိုၿပီး ေအာ္ဟစ္မႈခံခဲ့ရပါတယ္။အီဘရာဟီမိုဗစ္ဟာ႐ိုးမားပရိသတ္မ်ားရဲ႕ေအာ္ဟစ္မႈကိုၿငိမ္ခံမေနဘဲထပ္က်ယ္က်ယ္ေလးေအာ္ၾကရန္တုံ႔ျပန္ခဲ့ပါတယ္။

ယင္းအျဖစ္အပ်က္ကိုဒိုင္လူႀကီးကျမင္ေတြ႕သြားၿပီးေနာက္ခ်က္ခ်င္းပင္အဝါကတ္ျပကာအေရးယူမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းပြဲစဥ္မွာေအစီမီလန္ဟာအီဘရာဟီမိုဗစ္ေၾကာင့္ပင္ ဒုတိယပိုင္းမွာပင္နယ္တီရရွိခဲ့ၿပီးကက္စီကသြင္းယူကာဒုတိယဂိုးရရွိခဲ့ပါတယ္။ယင္းေနာက္ေအစီမီလန္ဘက္မွသီယိုဟာနန္ဒက္ဇ္အနီကတ္ျပအထုတ္ခံခဲ့ရပါတယ္။႐ိုးမားအတြက္ႏွစ္သိမ့္ဂိုးကိုနာက်င္အခ်ိန္ပိုမွာအယ္ရွီယာဝီကသြင္းယူခဲ့ပါတယ္။