
ဝက်စ်ဟမ်းပရိသတ်တစ်ဦးဟာဂျန့်မှာဖြစ်ပျက်ခဲ့တဲ့မတော်တဆမှုတစ်ခုကြောင့်လက်ချောင်းတစ်ချောင်းဆုံးရှုံးခဲ့ရပါတယ်။
အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဘယ်လ်ဂျီယံတွင်၂ဂိုးစီသရေကျတဲ့ပွဲစဉ်မှာဝက်စ်ဟမ်းပရိသတ်တစ်ဦးရဲ့ပြတ်နေတဲ့လက်ချောင်းတစ်ချောင်းဟာကွင်းကြမ်းပြင်ထက်မှာကျနေကြောင်းတွေ့ရပါတယ်။
ဒါပေမယ့်လက်ချောင်းဆုံးရှုံးခဲ့ရတဲ့ပရိသတ်ကဘယ်သူဆိုတာကိုတော့ပြသထားခြင်းမရှိပါဘူး။ဝက်စ်ဟမ်းပရိသတ်အချို့တို့ကယင်းလက်ချောင်းပြတ်နဲ့ပတ်သက်ပြီးကွင်းလုံခြုံရေးကိုအသိပေးမှုပြုလုပ်ခဲ့ပါတယ်။ကွင်းလုံခြုံရေးတစ်ဦးဟာယင်းလက်ချောင်းကိုကောက်ယူသွားခဲ့ပါတယ်။
သေချာတာကတော့လက်ချောင်းပြတ်သွားခဲ့တဲ့ဝက်စ်ဟမ်းပရိသတ်ဟာဆေးကုသမှုခံယူနေရဖို့သေချာနေပါတယ်။
ဝက်စ်ဟမ်းဟာဂျန့်ကိုအဝေးကွင်းမှာနှစ်ဂိုးစီသရေကျမှုနဲ့အတူယူရိုပါလိဂ်နောက်တစ်ဆင့်သို့တက်ရောက်ရန်သေချာသွားခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ဂျန့်နှင့်ပွဲတွင် အောင်ပွဲခံလွန်ပြီး လက်ချောင်းတစ်ချောင်းဆုံးရှုံးခဲ့ရတဲ့ ဝက်စ်ဟမ်းပရိသတ်