ဂျပန်ကို ယုံစားမိလို့ ဒေါ်လာ ၁၈၀၀၀၀ ပါသွားတဲ့ ပရိသတ်

ဘောလုံးပရိသတ်တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အပြာရောင်ဆာမူရိုင်းတွေကို ယုံစားမိလို့ငွေကြေးအမြောက်အမြားဆုံးရှုံးခဲ့ရပါတယ်။

ဘောလုံးလောင်းသူတစ်ဦးဟာမနေ့ညတုန်းကကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲတွင် ဂျပန်ကကော်စတာရီကာကိုအနိုင်ရမယ်ဆိုပြီးဒေါ်လာ၁၈၁၄၈၂အထိလောင်းကြေးထပ်ခဲ့ပါတယ်။

ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲ ဂျပန်ဟာ ကော်စတာရီကာကို၁-၀ဂိုးဖြင့်အရေးနိမ့်သွားခဲ့ပါတယ်။

အုပ်စုအဖွင့်ပွဲတုန်းကဂျာမနီကို၂-၁ဂိုးဖြင့်အနိုင်ရခဲ့တဲ့ဂျပန်ဟာကော်စတာရီကာနှင့်ပွဲတွင်အပေါ်အသင်းဖြစ်ခဲ့ပြီးဘောလုံးပရိသတ်ဟာကော်စတာရီကာကိုအနိုင်ရမယ်ဆိုပြီးဒေါ်လာ၁၈၁၄၈၂အထိလောင်းကြေးထပ်ခဲ့တာလည်းဖြစ်ပါတယ်။

တကယ်လို့များဂျပန်သာအနိုင်ရမယ်ဆိုရင်ယင်းပရိသတ်ဟာဒေါ်လာ၂၇၂၂၂၃ရရှိလာပါမယ်။

ဂျပန်ဟာကော်စတာရီကာကိုရှုံးနိမ့်ပေမဲ့အုပ်စု(င)ရဲ့ဒုတိယနေရာမှာရပ်တည်နေတုန်းဖြစ်ပါတယ်။ကော်စတာရီကာကဂျပန်နိုင်ပွဲကြောင့်၃မှတ်ဖြင့်တတိယနေရာမှာရပ်တည်နေပြီးစပိန်နှင့်သရေကျခဲ့တဲ့ဂျာမနီကအမှတ်ပေးဇယားကြမ်းခင်းမှာရပ်တည်နေပါတယ်။

ZawGyi






