ဂျမ်မီဂရေ့ဗ်ရဲ့ စံချိန်ကို လိုက်မီကာ စပါးစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာစပါးစ်အတွက်သွင်းဂိုး၂၆၆ဂိုးရှိလာပြီဖြစ်ပြီးဂျမ်မီဂရေ့ဗ်ရဲ့စပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုလိုက်မီလာပါတယ်။

အသက်၂၉နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာတနင်္လာနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲတွင်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ပြီးနောက်စပါးစ်သမိုင်းတွင်ဂိုးများဆုံးသွင်းယူသူဖြစ်လာတာလည်းဖြစ်ပါတယ်။

သူဟာစပါးစ်အတွက်ပရီးမီးယားလိဂ်ပွဲ၃၀၀မြောက်ကစားတဲ့ပွဲတွင်၁၉၉ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးတွင်ကစားသမားဘဝစတင်ခဲ့တဲ့ဂရေ့ဗ်ဟာ၁၉၆၁ခုနှစ်မှ၁၉၇၀ခုနှစ်အထိစပါးစ်အတွက်၃၇၉ပွဲကစားခဲ့ရာမှာ၂၆၆ဂိုးသွင်းယူပြီးစပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်နှစ်ပေါင်းငါးဆယ်ကျော်ကြာရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။

၂၀၁၁ခုနှစ်တွင်စပါးစ်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့တဲ့ဟယ်ရီကိန်းဟာစပါးစ်အတွက်၄၁၅ပွဲကစားရာမှာ၂၆၆ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာမနေ့ညကဖူလ်ဟမ်နှင့်ပွဲစဉ်မှာပထမပိုင်းနာကျင်အချိန်ပိုတွင်ဧရိယာထိပ်မှညာခြေဖြင့်သွင်းယူခဲ့တာဖြစ်ပါတယ်။

သူဟာ၁၉၉၂တွင်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ပရီးမီးယားလိဂ်သမိုင်းတွင်အလန်ရှီးယား(၂၆၀)၊ဝိန်းရွန်းနီ(၂၀၈)တို့ပြီးနောက်တတိယဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းရပ်တည်နေပါတယ်။

သူဟာယခုရာသီတွင်စပါးစ်အတွက်၂၉ပွဲကစားထားရာမှာ၁၈ဂိုးသွင်းယူထားပြီးကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ZawGyi

ဂ်မ္မီဂေရ႕ဗ္ရဲ႕ စံခ်ိန္ကို လိုက္မီကာ စပါးစ္သမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူ ျဖစ္လာတဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာစပါးစ္အတြက္သြင္းဂိုး၂၆၆ဂိုးရွိလာၿပီျဖစ္ၿပီးဂ်မ္မီဂေရ႕ဗ္ရဲ႕စပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကိုလိုက္မီလာပါတယ္။

အသက္၂၉ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာတနလၤာေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲတြင္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူႏိုင္ၿပီးေနာက္စပါးစ္သမိုင္းတြင္ဂိုးမ်ားဆုံးသြင္းယူသူျဖစ္လာတာလည္းျဖစ္ပါတယ္။

သူဟာစပါးစ္အတြက္ပရီးမီးယားလိဂ္ပြဲ၃၀၀ေျမာက္ကစားတဲ့ပြဲတြင္၁၉၉ဂိုးေျမာက္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးတြင္ကစားသမားဘဝစတင္ခဲ့တဲ့ဂေရ႕ဗ္ဟာ၁၉၆၁ခုႏွစ္မွ၁၉၇၀ခုႏွစ္အထိစပါးစ္အတြက္၃၇၉ပြဲကစားခဲ့ရာမွာ၂၆၆ဂိုးသြင္းယူၿပီးစပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ႏွစ္ေပါင္းငါးဆယ္ေက်ာ္ၾကာရပ္တည္လာခဲ့သူလည္းျဖစ္ပါတယ္။

၂၀၁၁ခုႏွစ္တြင္စပါးစ္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့တဲ့ဟယ္ရီကိန္းဟာစပါးစ္အတြက္၄၁၅ပြဲကစားရာမွာ၂၆၆ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာမေန႔ညကဖူလ္ဟမ္ႏွင့္ပြဲစဥ္မွာပထမပိုင္းနာက်င္အခ်ိန္ပိုတြင္ဧရိယာထိပ္မွညာေျချဖင့္သြင္းယူခဲ့တာျဖစ္ပါတယ္။

သူဟာ၁၉၉၂တြင္ျပန္လည္ဖြဲ႕စည္းခဲ့တဲ့ပရီးမီးယားလိဂ္သမိုင္းတြင္အလန္ရွီးယား(၂၆၀)၊ဝိန္း႐ြန္းနီ(၂၀၈)တို႔ၿပီးေနာက္တတိယဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္းရပ္တည္ေနပါတယ္။

သူဟာယခုရာသီတြင္စပါးစ္အတြက္၂၉ပြဲကစားထားရာမွာ၁၈ဂိုးသြင္းယူထားၿပီးကလပ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။