Premier League Hall Of Fame တွင် ပေါလ်စခိုးထက် စောပြီး ဂျရတ်ကို ထည့်သွင်းတာ မှန်သလား?

ယနေ့မှာလီဗာပူးဂန္ထဝင်ကွင်းလယ်ကစားသမားစတီဗင်ဂျရတ်ဟာ Premier League Hall Of Fame တွင်ထည့်သွင်းခြင်းခံရပါတယ်။စတီဗင်ဂျရတ်ဟာအလန်ရှီးယား၊သီယာရီဟင်နရီ၊ရွိုင်ကိန်း၊အဲရစ်ကန်တိုနာ၊ဖရန့်လမ်းပတ်၊ဒင်းနစ်ဘားကမ့်တို့ပြီးနောက် Premier League Hall Of Fame တွင်ထည့်သွင်းခြင်းခံရတာလည်းဖြစ်ပါတယ်။

ယင်းသို့စတီဗင်ဂျရတ်ကို Premier League Hall Of Fame လိုက်မှုနဲ့အတူပရိသတ်များအကြားတွင်အငြင်းပွားစရာများဖြစ်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာပရီးမီးယားလိဂ်ပွဲ၅၀၄ပွဲကစားကာဂိုး၁၂၀သွင်းယူခဲ့ပါတယ်။သူဟာPremier League Hall Of Fame တွင်ထည့်သွင်းခြင်းခံရတဲ့ပထမဆုံးလီဗာပူးကစားသမားလည်းဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာအသက်၁၈နှစ်အရွယ်ကတည်းကပရီးမီးယားလိဂ်တွင်ကျင်လည်လာခဲ့တဲ့သူဟာပရီးမီးယားလိဂ်သမိုင်းမှာအကောင်းဆုံးကစားသမားများထဲမှတစ်ဦးဆိုတာသံသယဝင်စရာမရှိပါဘူး။သူဟာပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းခြောက်ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်အခြားတစ်ဖက်မှာပရီးမီးယားလိဂ်ဖလားကိုတစ်ကြိမ်မျှမရဖူးတဲ့စတီဗင်ဂျရတ်ကိုမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၁၁ကြိမ်အထိဆွတ်ခူးခဲ့တဲ့ပေါလ်စခိုးထက်စောပြီးPremier League Hall Of Fame တွင်ထည့်သွင်းလိုက်မှုကပရိသတ်များအကြားမှာအငြင်းပွားစရာဖြစ်နေပါတယ်။

ပရိသတ်တစ်ဦးက “ဂျရတ်ကထိပ်တန်းကစားသမားတစ်ဦးပါ။ဒါပေမယ့်သူကပရီးမီးယားလိဂ်တစ်ခါမှမရဖူးသေးတဲ့သူပါ။သူ့ကို HOF မှာဂျွန်တယ်ရီ၊ဂစ်၊ပေါလ်စခိုး၊ရီယိုဖာဒီနန်၊ဝိန်းရွန်းနီတို့ထက်စောပြီးထည့်သွင်းလိုက်တာရယ်စရာတော့အကောင်းသား”လို့ဆိုသွားပါတယ်။

ဒါ့အပြင်အခြားပရိသတ်တစ်ဦးကလည်း “လမ်းပတ်နဲ့ဂျရတ်ကိုပေါလ်စခိုးထက်စောပြီး Premier League Hall Of Fame မှာထည့်သွင်းလိုက်တယ်ဟုတ်လား။နှစ်ဦးလုံးကကြီးကျယ်တဲ့ကစားသမားတွေပါ။ဒါပေမယ့်ပေါလ်စခိုးကိုမမီပါဘူး။သူကမှတကယ့်ဂန္ထဝင်အစစ်အမှန်ပါ”လို့ဆိုသွားပါတယ်။

ပရိသတ်တစ်ဦးကလည်း “ပေါလ်စခိုးကပရီးမီးယားလိဂ်ဖလား၁၁ကြိမ်ရခဲ့တယ်။းဂျရတ်က၁လုံးတောင်မရခဲ့ဘူး၊PLHOF မှာထည့်သွင်းတဲ့အခါဆုဖလားအပြင်အခြားအရာတွေကိုလည်းထည့်သွင်းစဉ်းစားတာသိပါတယ်။ဒါပေမယ့်အခုဖြစ်နေတာကရယ်စရာကြီးဖြစ်နေပါပြီ”လို့ဆိုသွားပါတယ်။

ZawGyi

Premier League Hall Of Fame တြင္ ေပါလ္စခိုးထက္ ေစာၿပီး ဂ်ရတ္ကို ထည့္သြင္းတာ မွန္သလား?

ယေန႔မွာလီဗာပူးဂႏၴဝင္ကြင္းလယ္ကစားသမားစတီဗင္ဂ်ရတ္ဟာ Premier League Hall Of Fame တြင္ထည့္သြင္းျခင္းခံရပါတယ္။စတီဗင္ဂ်ရတ္ဟာအလန္ရွီးယား၊သီယာရီဟင္နရီ၊႐ြိဳင္ကိန္း၊အဲရစ္ကန္တိုနာ၊ဖရန႔္လမ္းပတ္၊ဒင္းနစ္ဘားကမ့္တို႔ၿပီးေနာက္ Premier League Hall Of Fame တြင္ထည့္သြင္းျခင္းခံရတာလည္းျဖစ္ပါတယ္။

ယင္းသို႔စတီဗင္ဂ်ရတ္ကို Premier League Hall Of Fame လိုက္မႈနဲ႔အတူပရိသတ္မ်ားအၾကားတြင္အျငင္းပြားစရာမ်ားျဖစ္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာပရီးမီးယားလိဂ္ပြဲ၅၀၄ပြဲကစားကာဂိုး၁၂၀သြင္းယူခဲ့ပါတယ္။သူဟာPremier League Hall Of Fame တြင္ထည့္သြင္းျခင္းခံရတဲ့ပထမဆုံးလီဗာပူးကစားသမားလည္းျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာအသက္၁၈ႏွစ္အ႐ြယ္ကတည္းကပရီးမီးယားလိဂ္တြင္က်င္လည္လာခဲ့တဲ့သူဟာပရီးမီးယားလိဂ္သမိုင္းမွာအေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးဆိုတာသံသယဝင္စရာမရွိပါဘူး။သူဟာပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္းေျခာက္ႀကိမ္တိုင္တိုင္ဆြတ္ခူးခဲ့ဖူးတဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္အျခားတစ္ဖက္မွာပရီးမီးယားလိဂ္ဖလားကိုတစ္ႀကိမ္မွ်မရဖူးတဲ့စတီဗင္ဂ်ရတ္ကိုမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလား၁၁ႀကိမ္အထိဆြတ္ခူးခဲ့တဲ့ေပါလ္စခိုးထက္ေစာၿပီးPremier League Hall Of Fame တြင္ထည့္သြင္းလိုက္မႈကပရိသတ္မ်ားအၾကားမွာအျငင္းပြားစရာျဖစ္ေနပါတယ္။

ပရိသတ္တစ္ဦးက “ဂ်ရတ္ကထိပ္တန္းကစားသမားတစ္ဦးပါ။ဒါေပမယ့္သူကပရီးမီးယားလိဂ္တစ္ခါမွမရဖူးေသးတဲ့သူပါ။သူ႔ကို HOF မွာဂြၽန္တယ္ရီ၊ဂစ္၊ေပါလ္စခိုး၊ရီယိုဖာဒီနန္၊ဝိန္း႐ြန္းနီတို႔ထက္ေစာၿပီးထည့္သြင္းလိုက္တာရယ္စရာေတာ့အေကာင္းသား”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္အျခားပရိသတ္တစ္ဦးကလည္း “လမ္းပတ္နဲ႔ဂ်ရတ္ကိုေပါလ္စခိုးထက္ေစာၿပီး Premier League Hall Of Fame မွာထည့္သြင္းလိုက္တယ္ဟုတ္လား။ႏွစ္ဦးလုံးကႀကီးက်ယ္တဲ့ကစားသမားေတြပါ။ဒါေပမယ့္ေပါလ္စခိုးကိုမမီပါဘူး။သူကမွတကယ့္ဂႏၴဝင္အစစ္အမွန္ပါ”လို႔ဆိုသြားပါတယ္။

ပရိသတ္တစ္ဦးကလည္း “ေပါလ္စခိုးကပရီးမီးယားလိဂ္ဖလား၁၁ႀကိမ္ရခဲ့တယ္။းဂ်ရတ္က၁လုံးေတာင္မရခဲ့ဘူး၊PLHOF မွာထည့္သြင္းတဲ့အခါဆုဖလားအျပင္အျခားအရာေတြကိုလည္းထည့္သြင္းစဥ္းစားတာသိပါတယ္။ဒါေပမယ့္အခုျဖစ္ေနတာကရယ္စရာႀကီးျဖစ္ေနပါၿပီ”လို႔ဆိုသြားပါတယ္။