
စတီဗင်ဂျရတ်ကိုထုတ်ပယ်လိုက်ပြီးနောက်သုံးရက်အကြာတွင်ကစားရတဲ့ဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင်အက်စတွန်ဗီလာဟာပွဲအစ၁၅မိနစ်မှာတင်၃-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။
စတီဗင်ဂျရတ်ကိုထုတ်ပယ်လိုက်ပြီးနောက်ဗီလာကိုယာယီနည်းပြအဖြစ်အေရွန်ဒန့်ခ်ကကိုင်တွယ်နေခဲ့ပါတယ်။ဗီလာဟာကြားရက်တုန်းကဖူလ်ဟမ်ကိုရှုံးနိမ့်ပြီးနောက်တစ်နာရီဝန်းကျင်အကြာတွင်ပင်စတီဗင်ဂျရတ်ကိုထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။
ယာယီနည်းပြအေရွန်ဒန့်ခ်ဟာဂျရတ်လက်ထက်တုန်းကပရီးမီးယားလိဂ်ပွဲ၁၁ပွဲလုံးပွဲထွက်ကစားလာခဲ့တဲ့အသင်းခေါင်းဆောင်ဂျွန်မက်ဂင်းကိုအရန်ခုံသို့ပို့ခဲ့ပြီးလီယန်ဒါဒန်ဒွန်ကာ၊အီမီလီယာနိုဘူအန်ဒီအာ၊မတ်တီကက်ရှ်တို့ကိုအသုံးပြုခဲ့ပါတယ်။
ဒန့်ခ်ရဲ့လုပ်ဆောင်မှုကပွဲအစမိနစ်အတွင်းတွင်ပင်အလုပ်ဖြစ်ခဲ့ပါတယ်။ဗီလာဟာပွဲစပြီး၂မိနစ်အကြာတွင်ပင်လီယွန်ဘိုင်လေရဲ့ဂိုးဖြင့်ဦးဆောင်ဂိုးရခဲ့ပါတယ်။
ယင်းနောက်၄မိနစ်အကြာတွင်ဒန်နီအင်းစ်ကအနီးကပ်ပိတ်သွင်းကာဗီလာအတွက်ဒုတိယဂိုးသွင်းခဲ့ပါတယ်။
ပွဲချိန်၁၄မိနစ်မှာတော့ဒန်နီအင်းစ်ကပင်ပင်နယ်တီကနေဗီလာအတွက်တတိယအနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။
ဗီလာဟာဒုတိယပိုင်းမှာတိုက်စစ်မှူးဝတ်ကင်ကဂိုးထပ်မံသွင်းယူခဲ့လို့ ဘရန့်ဖို့ဒ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ဗီလာဟာဂျရတ်လက်ထက်ပရီးမီးယားလိဂ်အဖွင်ပွဲ၁၁ပွဲတွင်၁၁မှတ်တည်းသာရရှိခဲ့ပြီးတန်းဆင်းဇုန်နားသို့ကပ်သွားခဲ့ပါတယ်။
ဗီလာဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်ကိုအနိုင်ရခဲ့ပြီးနောက်အမှတ်ပေးဇယားအဆင့်၁၄နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ZawGyi
ဂ်ရတ္ေခတ္အလြန္ ဘရန႔္ဖို႔ဒ္ႏွင့္ပြဲတြင္ ပြဲအစ ၁၅ မိနစ္မွာတင္ ၃-၀ ျဖင့္ အႏိုင္ရခဲ့တဲ့ ဗီလာ
စတီဗင္ဂ်ရတ္ကိုထုတ္ပယ္လိုက္ၿပီးေနာက္သုံးရက္အၾကာတြင္ကစားရတဲ့ဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္အက္စတြန္ဗီလာဟာပြဲအစ၁၅မိနစ္မွာတင္၃-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
စတီဗင္ဂ်ရတ္ကိုထုတ္ပယ္လိုက္ၿပီးေနာက္ဗီလာကိုယာယီနည္းျပအျဖစ္ေအ႐ြန္ဒန႔္ခ္ကကိုင္တြယ္ေနခဲ့ပါတယ္။ဗီလာဟာၾကားရက္တုန္းကဖူလ္ဟမ္ကိုရႈံးနိမ့္ၿပီးေနာက္တစ္နာရီဝန္းက်င္အၾကာတြင္ပင္စတီဗင္ဂ်ရတ္ကိုထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။
ယာယီနည္းျပေအ႐ြန္ဒန႔္ခ္ဟာဂ်ရတ္လက္ထက္တုန္းကပရီးမီးယားလိဂ္ပြဲ၁၁ပြဲလုံးပြဲထြက္ကစားလာခဲ့တဲ့အသင္းေခါင္းေဆာင္ဂြၽန္မက္ဂင္းကိုအရန္ခုံသို႔ပို႔ခဲ့ၿပီးလီယန္ဒါဒန္ဒြန္ကာ၊အီမီလီယာႏိုဘူအန္ဒီအာ၊မတ္တီကက္ရွ္တို႔ကိုအသုံးျပဳခဲ့ပါတယ္။
ဒန႔္ခ္ရဲ႕လုပ္ေဆာင္မႈကပြဲအစမိနစ္အတြင္းတြင္ပင္အလုပ္ျဖစ္ခဲ့ပါတယ္။ဗီလာဟာပြဲစၿပီး၂မိနစ္အၾကာတြင္ပင္လီယြန္ဘိုင္ေလရဲ႕ဂိုးျဖင့္ဦးေဆာင္ဂိုးရခဲ့ပါတယ္။
ယင္းေနာက္၄မိနစ္အၾကာတြင္ဒန္နီအင္းစ္ကအနီးကပ္ပိတ္သြင္းကာဗီလာအတြက္ဒုတိယဂိုးသြင္းခဲ့ပါတယ္။
ပြဲခ်ိန္၁၄မိနစ္မွာေတာ့ဒန္နီအင္းစ္ကပင္ပင္နယ္တီကေနဗီလာအတြက္တတိယအႏိုင္ဂိုးကိုသြင္းခဲ့ပါတယ္။
ဗီလာဟာဒုတိယပိုင္းမွာတိုက္စစ္မႉးဝတ္ကင္ကဂိုးထပ္မံသြင္းယူခဲ့လို႔ ဘရန႔္ဖို႔ဒ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ဗီလာဟာဂ်ရတ္လက္ထက္ပရီးမီးယားလိဂ္အဖြင္ပြဲ၁၁ပြဲတြင္၁၁မွတ္တည္းသာရရွိခဲ့ၿပီးတန္းဆင္းဇုန္နားသို႔ကပ္သြားခဲ့ပါတယ္။
ဗီလာဟာမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ကိုအႏိုင္ရခဲ့ၿပီးေနာက္အမွတ္ေပးဇယားအဆင့္၁၄ေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။