ဂျရတ်ရဲ့ပထမဆုံးဗီလာပရီးမီးယားလိဂ်ငါးပွဲတွင် ကလော့ပ်၊ရော်ဂျာ၊ဂွါဒီယိုလာနှင့်ရင်ဆိုင်ရမည်

စတီဗင်ဂျရတ်ဟာအက်စတွန်ဗီလာနည်းပြအဖြစ်ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။စတီဗင်ဂျရတ်ရဲ့အက်စတွန်ဗီလာအတွက်ပထမဆုံးကိုင်တွယ်ရမယ့်ပွဲငါးပွဲမှာသူ့ရဲ့လီဗာပူးနည်းပြဟောင်းများဖြစ်ကြတဲ့ဂျာဂင်ကလော့ပ်၊ဘရန်ဒန်ရော်ဂျာအပါအဝင်သူနဲ့အချေအတင်ဖြစ်ခဲ့ဖူးတဲ့ပက်ဂွါဒီယိုလာတို့နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်များပါဝင်နေတာကစိတ်ဝင်စားစရာကောင်းနေပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဒိန်းစမစ်ရဲ့ဗီလာနည်းပြနေရာမှာနှစ်နှစ်ခွဲစာချုပ်နှင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဗီလာဟာစတီဗင်ဂျရတ်ကိုခန့်အပ်နိုင်ရေးအတွက်ရိန်းဂျားကိုလျော်ကြေးပေါင်၃သန်းမှပေါင်၄သန်းအတွင်းပေးခဲ့ရပါတယ်။

ဂျရတ်ဟာပထမဆုံးဗီလာပွဲစဉ်အဖြစ်နိုဝင်ဘာလ၂၀ရက်နေ့မှာဘရိုက်တန်နှင့်အိမ်ကွင်းပွဲစဉ်ကိုကြီးကြပ်သွားရပါမယ်။ဂရေဟမ်ပေါ့တာရဲ့ဘရိုက်တန်ဟာယခုရာသီမှာအမြင့်ပျံလျက်ရှိပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာမှာရပ်တည်နေပါတယ်။

ဒါကြောင့်စတီဗင်ဂျရတ်အတွက်ဘရိုက်တန်နှင့်ပွဲစဉ်ကလွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်လာမှာမဟုတ်ဘဲခက်ခဲတဲ့စမ်းသပ်မှုတစ်ခုဖြစ်လာမှာသေချာနေပါတယ်။

ယင်းနောက်ဂျရတ်ရဲ့ဗီလာဟာခြောက်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားတဲ့ပက်ထရစ်ဗီအဲရာရဲ့ခရစ္စတယ်ပဲလေ့စ်နှင့်ရင်ဆိုင်ရပါမယ်။

ယင်းပွဲအပြီးမှာတော့ဂျရတ်ဟာဒီဇင်ဘာလ၁ရက်နေ့မှာဗီလာပါ့ခ်မှာဂွါဒီယိုလာရဲ့မန်စီးတီးကိုဧည့်ခံကစားရပါမယ်။ယင်းနောက်လေးရက်အကြာမှာဗီလာဟာလက်စတာနည်းပြဘရန်ဒန်ရော်ဂျာရဲ့အသင်းကိုဧည့်ခံကစားရပါမယ်။

ဂျရတ်ဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်လုနီးပါးအထိအတူလက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ရော်ဂျာနှင့်ရင်ဆိုင်အပြီးမှာဒီဇင်ဘာလ၁၁ရက်နေ့မှာအန်ဖီးလ်သို့သွားရောက်ပြီးအသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရပါမယ်။

သူဟာလီဗာပူးအတွက်ပွဲ၇၁၀ကစားကာ၁၈၆ဂိုးသွင်းယူပြီး၁၅၀ကြိမ် ဖန်တီးပေးခဲ့သူဖြစ်ကာလီဗာပူးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ZawGyi