ဂျရတ်ဟူလီယာကြောင့် ဇီဒန်းရဲ့ကမ္ဘာ့ဖလားချန်ပီယံအင်္ကျီ ဘယ်မှာအဆုံးသတ်သွားခဲ့သလဲ?

ဇီဒန်းရဲ့ကမ္ဘာ့ဖလားချန်ပီယံအင်္ကျီကိုတစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တိုင်းလိုချင်ကြပါမယ်။ဒါပေမယ့်အံ့ဩစရာကောင်းလောက်အောင်ဘဲ ဇီဒန်းရဲ့ကမ္ဘာ့ဖလားချန်ပီယံအင်္ကျီဟာအဆုံးသတ်သွားခဲ့ပါတယ်။

ဇီဒန်းဟာသူ့မျိုးဆက်မှာပါရမီရှင်ဘောလုံးသမားတစ်ဦးအဖြစ်လူတိုင်းတဲ့သတ်မှတ်ခြင်းခံခဲ့ရပြီး၁၉၉၈ကမ္ဘာ့ဖလားဂန္ထဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဇီဒန်းဟာ၁၉၉၈ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဘရာဇီးနှင့်ပွဲစဉ်မှာအနိုင်ဂိုးသွင်းယူပြီးနိုင်ငံအတွက်ပထမဆုံးကမ္ဘာ့ဖလားကိုရယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းဗိုလ်လုပွဲမှာဇီဒန်းဝတ်ဆင်ခဲ့တဲ့အင်္ကျီကအဖိုးဖြတ်မရပါဘူး။ဘယ်သူမဆိုယင်းအင်္ကျီရပြီးရင်တော့လက်လွှတ်ခံမှာမဟုတ်ပါဘူး။ဒါပေမယ့်ဂျရတ်ဟူလီယာအတွက်ကတော့ယင်းကပြဿနာမဟုတ်ပါဘူး။

လီဗာပူးဂန္ထဝင်နည်းပြဟာဇီဒန်းနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာသူ့အင်္ကျီကိုဂျရတ်ဟူလီယာကိုလက်ဆောင်ပေးခဲ့ပါတယ်။ယင်းနောက်ဟူလီယာဟာယင်းအင်္ကျီကိုဇီဒန်းရဲ့ခွင့်ပြုချက်နဲ့လီဗာပူးကစားသမားဒန်နီမာဖီကိုလက်ဆောင်အဖြစ်ထပ်ပေးခဲ့ပါတယ်။

မာဖီက “ဂျရတ်ဟူလီယာကကျွန်တော့်မန်နေဂျာပါ။ခင်ဗျားလည်းသိပြီးသားပါ။ပြင်သစ်မှာတုန်းကသူ့မှာဇီဒန်းနဲ့ခင်မင်မှုရှိသူသလိုဩဇာလည်းလွှမ်းပါတယ်။ဇီဒန်းနဲ့အဆက်အသွယ်အမြဲရှိသူလည်းဖြစ်ပါတယ်။တစ်နေ့တော့ရုံးခန်းသို့ကျွန်တော်သွားလိုက်တယ်။အင်္ဂလန်မှာရွေးချယ်ခံရပြီးတဲ့နောက်သွားခဲ့တာပါ။အဲဒီတုန်းကခရူဝီမှာအငှားနဲ့သွားကစားပြီးပြန်ရောက်လာတော့ပုံမှန်ကစားခွင့်ရကာဆုဖလားတချို့ရခဲ့သလိုအင်္ဂလန်မှာလည်းရွေးချယ်ခံနေရပါပြီ။တစ်နေ့သူ့ရုံးခန်းသို့ခေါ်ပါတယ်။သူ့မှာပလတ်စတစ်အိတ်တစ်ခုရှိတယ်။သူကအဲဒါကိုစားပွဲပေါ်ပစ်တင်ပြီး’ဒါမင်းအတွက်’လို့ပြောပါတယ်။ ကျုပ်ကလည်း ‘ဘာလဲပေါ့’။အင်္ကျီဖြန့်ကြည့်လိုက်တော့ ဇီဒန်းဆိုပြီးရေးထားတာ။ကမ္ဘာ့ဖလားဗိုလ်လုပွဲတံဆိပ်ပါတယ်။သူက’ဗိုလ်လုပွဲပြီးတော့ဇီဒန်းကငါ့ကိုလက်ဆောင်ပေးခဲ့တာ။ဒါပေမယ့်ဒါကိုမင်းကိုပေးချင်တယ်’လို့ပြောပါတယ်။ကျုပ်အနည်းငယ်တုန်လှုပ်သွားတယ်။သူက ‘သူနဲ့စကားပြောပြီးပြီ။မင်းကိုပေးမယ်လို့လည်းပြောခဲ့တယ်။ဒါကမင်းရဲ့ခရီးအတွက်ဆုပေါ့ကွာ’လို့ပြောပါတယ်။အမှန်အတိုင်းပြောရရင်ကျုပ်ကအင်္ကျီနဲ့ပတ်သက်ပြီးပရိသတ်မဟုတ်ပါဘူး။ဒါပေမယ့်ဒါကကျွန်တော့်ကိုဂရုတစိုက်ပေးတဲ့ဟာ၊အရေးပါတဲ့အင်္ကျီလည်းဖြစ်တယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂ်ရတ္ဟူလီယာေၾကာင့္ ဇီဒန္းရဲ႕ကမာၻ႔ဖလားခ်န္ပီယံအက်ႌ ဘယ္မွာအဆုံးသတ္သြားခဲ့သလဲ?

ဇီဒန္းရဲ႕ကမာၻ႔ဖလားခ်န္ပီယံအက်ႌကိုတစ္ကမာၻလုံးကေဘာလုံးပရိသတ္တိုင္းလိုခ်င္ၾကပါမယ္။ဒါေပမယ့္အံ့ဩစရာေကာင္းေလာက္ေအာင္ဘဲ ဇီဒန္းရဲ႕ကမာၻ႔ဖလားခ်န္ပီယံအက်ႌဟာအဆုံးသတ္သြားခဲ့ပါတယ္။

ဇီဒန္းဟာသူ႔မ်ိဳးဆက္မွာပါရမီရွင္ေဘာလုံးသမားတစ္ဦးအျဖစ္လူတိုင္းတဲ့သတ္မွတ္ျခင္းခံခဲ့ရၿပီး၁၉၉၈ကမာၻ႔ဖလားဂႏၴဝင္တစ္ဦးလည္းျဖစ္ပါတယ္။

ဇီဒန္းဟာ၁၉၉၈ကမာၻ႔ဖလားဗိုလ္လုပြဲမွာဘရာဇီးႏွင့္ပြဲစဥ္မွာအႏိုင္ဂိုးသြင္းယူၿပီးႏိုင္ငံအတြက္ပထမဆုံးကမာၻ႔ဖလားကိုရယူေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဗိုလ္လုပြဲမွာဇီဒန္းဝတ္ဆင္ခဲ့တဲ့အက်ႌကအဖိုးျဖတ္မရပါဘူး။ဘယ္သူမဆိုယင္းအက်ႌရၿပီးရင္ေတာ့လက္လႊတ္ခံမွာမဟုတ္ပါဘူး။ဒါေပမယ့္ဂ်ရတ္ဟူလီယာအတြက္ကေတာ့ယင္းကျပႆနာမဟုတ္ပါဘူး။

လီဗာပူးဂႏၴဝင္နည္းျပဟာဇီဒန္းႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသူျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဟာသူ႔အက်ႌကိုဂ်ရတ္ဟူလီယာကိုလက္ေဆာင္ေပးခဲ့ပါတယ္။ယင္းေနာက္ဟူလီယာဟာယင္းအက်ႌကိုဇီဒန္းရဲ႕ခြင့္ျပဳခ်က္နဲ႔လီဗာပူးကစားသမားဒန္နီမာဖီကိုလက္ေဆာင္အျဖစ္ထပ္ေပးခဲ့ပါတယ္။

မာဖီက “ဂ်ရတ္ဟူလီယာကကြၽန္ေတာ့္မန္ေနဂ်ာပါ။ခင္ဗ်ားလည္းသိၿပီးသားပါ။ျပင္သစ္မွာတုန္းကသူ႔မွာဇီဒန္းနဲ႔ခင္မင္မႈရွိသူသလိုဩဇာလည္းလႊမ္းပါတယ္။ဇီဒန္းနဲ႔အဆက္အသြယ္အၿမဲရွိသူလည္းျဖစ္ပါတယ္။တစ္ေန႔ေတာ့႐ုံးခန္းသို႔ကြၽန္ေတာ္သြားလိုက္တယ္။အဂၤလန္မွာေ႐ြးခ်ယ္ခံရၿပီးတဲ့ေနာက္သြားခဲ့တာပါ။အဲဒီတုန္းကခ႐ူဝီမွာအငွားနဲ႔သြားကစားၿပီးျပန္ေရာက္လာေတာ့ပုံမွန္ကစားခြင့္ရကာဆုဖလားတခ်ိဳ႕ရခဲ့သလိုအဂၤလန္မွာလည္းေ႐ြးခ်ယ္ခံေနရပါၿပီ။တစ္ေန႔သူ႔႐ုံးခန္းသို႔ေခၚပါတယ္။သူ႔မွာပလတ္စတစ္အိတ္တစ္ခုရွိတယ္။သူကအဲဒါကိုစားပြဲေပၚပစ္တင္ၿပီး’ဒါမင္းအတြက္’လို႔ေျပာပါတယ္။ က်ဳပ္ကလည္း ‘ဘာလဲေပါ့’။အက်ႌျဖန႔္ၾကည့္လိုက္ေတာ့ ဇီဒန္းဆိုၿပီးေရးထားတာ။ကမာၻ႔ဖလားဗိုလ္လုပြဲတံဆိပ္ပါတယ္။သူက’ဗိုလ္လုပြဲၿပီးေတာ့ဇီဒန္းကငါ့ကိုလက္ေဆာင္ေပးခဲ့တာ။ဒါေပမယ့္ဒါကိုမင္းကိုေပးခ်င္တယ္’လို႔ေျပာပါတယ္။က်ဳပ္အနည္းငယ္တုန္လႈပ္သြားတယ္။သူက ‘သူနဲ႔စကားေျပာၿပီးၿပီ။မင္းကိုေပးမယ္လို႔လည္းေျပာခဲ့တယ္။ဒါကမင္းရဲ႕ခရီးအတြက္ဆုေပါ့ကြာ’လို႔ေျပာပါတယ္။အမွန္အတိုင္းေျပာရရင္က်ဳပ္ကအက်ႌနဲ႔ပတ္သက္ၿပီးပရိသတ္မဟုတ္ပါဘူး။ဒါေပမယ့္ဒါကကြၽန္ေတာ့္ကိုဂ႐ုတစိုက္ေပးတဲ့ဟာ၊အေရးပါတဲ့အက်ႌလည္းျဖစ္တယ္”လို႔ေျပာၾကားသြားပါတယ္။