ဂျာနယ်လစ်ကို မချေမငံဆက်ဆံခဲ့တဲ့ မော်ရင်ဟို သပိတ်မှောက်လိုက်တဲ့ အီတလီရေဒီယိုဌာန

အီတလီရေဒီယိုဌာနတစ်ခုဟာဂျာနယ်လစ်တစ်ဦးကိုစိတ်မချမ်းသာဖွယ် မသင့်မလျော်ဆက်ဆံခဲ့တဲ့ဟိုဆေးမော်ရင်ဟိုကိုသပိတ်မှောက်လာပါတယ်။

ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုဟာမကြာသေးမီတုန်းကသတင်းစာရှင်းလင်းပွဲတွင် Retesport မှသတင်းထောက်ရဲ့မေးခွန်းမှာပညာသားမပါကြောင်းတိုက်ခိုက်ပြောဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ်မာကိုဂျူရစ်က “ခင်ဗျား ရိုးမားသို့ရောက်လာတာခြောက်လရှိပါပြီ။ဒီကာလအတွင်းမှာခင်ဗျားရွေးချယ်လုပ်ဆောင်ခဲ့တာတွေ၊ကြေညာချက်တွေ၊တောင်းဆိုမှုတွေ၊ခင်ဗျားလုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီးပြောင်းလဲသွားပြီလား”လို့မေးမြန်းခဲ့ပါတယ်။

ထိုအခါမော်ရင်ဟိုက “ခင်ဗျားကိုသတင်းစာရှင်းလင်းပွဲတိုင်းမှာတွေ့ရတယ်။ဒါပေမယ့်ခင်ဗျားတော်လည်းမတော်သလိုခင်ဗျားကိုလည်းတော်တယ်လို့ဘယ်သူကမှလည်းအသိအမှတ်ပြုမှာမဟုတ်ဘူး။ကျုပ်ကတော့ခင်ဗျားကိုတော်တယ်လို့တွေးချင်တယ်၊ဒါပေမယ့်ခင်ဗျားကခင်ဗျားနေရာမှာဘဲလေ”လို့ပြောကြားပြီးသတင်းစာရှင်းလင်းပွဲမှထွက်ခွာသွားခဲ့ပါတယ်။

ယခုအခါ Retesport ကနောင်တွင်မော်ရင်ဟိုရဲ့သတင်းများကိုဖော်ပြမှုပြုလုပ်တော့မှာမဟုတ်တော့ဘဲသပိတ်မှောက်သွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။

တကယ်တော့မော်ရင်ဟိုဟာဂျာနယ်လစ်နှင့်ပြဿနာတက်တာပထမဆုံးအကြိမ်မဟုတ်ပါဘူး။သူဟာအင်္ဂလန်တွင်နည်းပြအဖြစ်ကျင်လည်စဉ်တုန်းကလည်းဂျာနယ်လစ်များနှင့်အကြိမ်ကြိမ်ပြဿနာတက်ခဲ့ဖူးပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်ကယူရိုပါကွန်ဖရင့်လိဂ်မှာဘိုဒို/ဂလမ့်နှင့်၂ဂိုးစီသရေကျတဲ့ပွဲအပြီးမှာလည်းနော်ဝေဂျာနယ်လစ်ဂျန်အေဂီဖော်တော့ဖ်အားဝေဖန်မှုပြုလုပ်ခဲ့ဖူးပါတယ်။

ZawGyi

ဂ်ာနယ္လစ္ကို မေခ်မငံဆက္ဆံခဲ့တဲ့ ေမာ္ရင္ဟို သပိတ္ေမွာက္လိုက္တဲ့ အီတလီေရဒီယိုဌာန

အီတလီေရဒီယိုဌာနတစ္ခုဟာဂ်ာနယ္လစ္တစ္ဦးကိုစိတ္မခ်မ္းသာဖြယ္ မသင့္မေလ်ာ္ဆက္ဆံခဲ့တဲ့ဟိုေဆးေမာ္ရင္ဟိုကိုသပိတ္ေမွာက္လာပါတယ္။

႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုဟာမၾကာေသးမီတုန္းကသတင္းစာရွင္းလင္းပြဲတြင္ Retesport မွသတင္းေထာက္ရဲ႕ေမးခြန္းမွာပညာသားမပါေၾကာင္းတိုက္ခိုက္ေျပာဆိုမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဂ်ာနယ္လစ္မာကိုဂ်ဴရစ္က “ခင္ဗ်ား ႐ိုးမားသို႔ေရာက္လာတာေျခာက္လရွိပါၿပီ။ဒီကာလအတြင္းမွာခင္ဗ်ားေ႐ြးခ်ယ္လုပ္ေဆာင္ခဲ့တာေတြ၊ေၾကညာခ်က္ေတြ၊ေတာင္းဆိုမႈေတြ၊ခင္ဗ်ားလုပ္ေဆာင္ခဲ့တာေတြနဲ႔ပတ္သက္ၿပီးေျပာင္းလဲသြားၿပီလား”လို႔ေမးျမန္းခဲ့ပါတယ္။

ထိုအခါေမာ္ရင္ဟိုက “ခင္ဗ်ားကိုသတင္းစာရွင္းလင္းပြဲတိုင္းမွာေတြ႕ရတယ္။ဒါေပမယ့္ခင္ဗ်ားေတာ္လည္းမေတာ္သလိုခင္ဗ်ားကိုလည္းေတာ္တယ္လို႔ဘယ္သူကမွလည္းအသိအမွတ္ျပဳမွာမဟုတ္ဘူး။က်ဳပ္ကေတာ့ခင္ဗ်ားကိုေတာ္တယ္လို႔ေတြးခ်င္တယ္၊ဒါေပမယ့္ခင္ဗ်ားကခင္ဗ်ားေနရာမွာဘဲေလ”လို႔ေျပာၾကားၿပီးသတင္းစာရွင္းလင္းပြဲမွထြက္ခြာသြားခဲ့ပါတယ္။

ယခုအခါ Retesport ကေနာင္တြင္ေမာ္ရင္ဟိုရဲ႕သတင္းမ်ားကိုေဖာ္ျပမႈျပဳလုပ္ေတာ့မွာမဟုတ္ေတာ့ဘဲသပိတ္ေမွာက္သြားမည္ျဖစ္ေၾကာင္း ေၾကညာလာပါတယ္။

တကယ္ေတာ့ေမာ္ရင္ဟိုဟာဂ်ာနယ္လစ္ႏွင့္ျပႆနာတက္တာပထမဆုံးအႀကိမ္မဟုတ္ပါဘူး။သူဟာအဂၤလန္တြင္နည္းျပအျဖစ္က်င္လည္စဥ္တုန္းကလည္းဂ်ာနယ္လစ္မ်ားႏွင့္အႀကိမ္ႀကိမ္ျပႆနာတက္ခဲ့ဖူးပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္ကယူ႐ိုပါကြန္ဖရင့္လိဂ္မွာဘိုဒို/ဂလမ့္ႏွင့္၂ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာလည္းေနာ္ေဝဂ်ာနယ္လစ္ဂ်န္ေအဂီေဖာ္ေတာ့ဖ္အားေဝဖန္မႈျပဳလုပ္ခဲ့ဖူးပါတယ္။