ဂျာမနီကို တုန်လှုပ်ဖွယ်နိုင်ပွဲရယူပြီးတဲ့နောက် ကွင်းသန့်ရှင်းလေးပါ လုပ်ခဲ့ကြတဲ့ ဂျပန်ပရိသတ်များ

ဂျပန်ပရိသတ်များဟာမနေ့ညတုန်းကကမ္ဘာ့ဖလားအဖွင့်ပွဲတွင်နာမည်ကြီးဂျာမနီကိုအနိုင်ရရှိကာအကြီးအကျယ်အောင်ပွဲခံပြီးနောက်သူတို့ရဲ့အစဉ်အလာအတိုင်းကွင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ဂျပန်အသင်းဟာ၂၀၁၄ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတုန်းကရှုံးနိမ့်ခဲ့ဖူးတဲ့ ဂျာမနီကို၂-၁ဂိုးဖြင့်အနိုင်ယူကာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒုတိယမြောက်တုန်လှုပ်ဖွယ်ရလဒ်ကိုရယူနိုင်ခဲ့ပါတယ်။

ဟန်စီဖလစ်ရဲ့ဂျာမနီဟာပထမပိုင်းတွင်ဂျပန်ကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲအပြီးတွင်၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးတွင်ဂျပန်တစ်သင်းလုံးနှင့်ဂျပန်ပရိသတ်တို့အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဂျပန်ပရိသတ်အုပ်စုတစ်ခုကတော့ပွဲသိမ်းခရာမှုတ်ပြီးခဏအကြာမှာဘဲသူတို့အောင်ပွဲခံတုန်းကကွင်းအတွင်းပစ်ထားတဲ့အမှိုက်များကိုပြန်သိမ်းခဲ့ကြပါတယ်။

အပြာရောင်ဆာမူရိုင်းတို့ဟာလွန်ခဲ့တဲ့လေးနှစ်ခွဲတုန်းကရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းပွဲအပြီးတွင်ကွင်းသန့်ရှင်းရေးလုပ်လေ့ရှိကြပါတယ်။

ဒါ့အပြင်ဂျပန်ကစားသမားများဟာပွဲအပြီးတွင်ကွင်းမှပုံမှန်အတိုင်းထွက်ခွာတာမျိုးမလုပ်ဘဲ လက်လှမ်းမီရာအမှိုက်များကိုသိမ်းလေ့ရှိတဲ့အစဉ်အလာရှိပါတယ်။

ZawGyi

ဂ်ာမနီကို တုန္လႈပ္ဖြယ္ႏိုင္ပြဲရယူၿပီးတဲ့ေနာက္ ကြင္းသန႔္ရွင္းေလးပါ လုပ္ခဲ့ၾကတဲ့ ဂ်ပန္ပရိသတ္မ်ား

ဂ်ပန္ပရိသတ္မ်ားဟာမေန႔ညတုန္းကကမာၻ႔ဖလားအဖြင့္ပြဲတြင္နာမည္ႀကီးဂ်ာမနီကိုအႏိုင္ရရွိကာအႀကီးအက်ယ္ေအာင္ပြဲခံၿပီးေနာက္သူတို႔ရဲ႕အစဥ္အလာအတိုင္းကြင္းသန႔္ရွင္းေရးျပဳလုပ္ေပးခဲ့ၾကပါတယ္။

ဗုဒၶဟူးေန႔မွာေတာ့ဂ်ပန္အသင္းဟာ၂၀၁၄ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတုန္းကရႈံးနိမ့္ခဲ့ဖူးတဲ့ ဂ်ာမနီကို၂-၁ဂိုးျဖင့္အႏိုင္ယူကာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒုတိယေျမာက္တုန္လႈပ္ဖြယ္ရလဒ္ကိုရယူႏိုင္ခဲ့ပါတယ္။

ဟန္စီဖလစ္ရဲ႕ဂ်ာမနီဟာပထမပိုင္းတြင္ဂ်ပန္ကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းပြဲအၿပီးတြင္၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ဂ်ပန္တစ္သင္းလုံးႏွင့္ဂ်ပန္ပရိသတ္တို႔အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဂ်ပန္ပရိသတ္အုပ္စုတစ္ခုကေတာ့ပြဲသိမ္းခရာမႈတ္ၿပီးခဏအၾကာမွာဘဲသူတို႔ေအာင္ပြဲခံတုန္းကကြင္းအတြင္းပစ္ထားတဲ့အမႈိက္မ်ားကိုျပန္သိမ္းခဲ့ၾကပါတယ္။

အျပာေရာင္ဆာမူ႐ိုင္းတို႔ဟာလြန္ခဲ့တဲ့ေလးႏွစ္ခြဲတုန္းက႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းပြဲအၿပီးတြင္ကြင္းသန႔္ရွင္းေရးလုပ္ေလ့ရွိၾကပါတယ္။

ဒါ့အျပင္ဂ်ပန္ကစားသမားမ်ားဟာပြဲအၿပီးတြင္ကြင္းမွပုံမွန္အတိုင္းထြက္ခြာတာမ်ိဳးမလုပ္ဘဲ လက္လွမ္းမီရာအမႈိက္မ်ားကိုသိမ္းေလ့ရွိတဲ့အစဥ္အလာရွိပါတယ္။