ဂျာမနီကို အနိုင်ရရှိပြီးနောက် အဝတ်အစားလဲခန်းကို ဖုံတစ်စက်မျှမရှိအောင် သန့်ရှင်းလုပ်ခဲ့တဲ့အပြင် အာရတ်ဘာသာဖြင့် စာသားချန်ထားခဲ့တဲ့ ဂျပန်

ဂျပန်အသင်းဟာဂျာမနီအသင်းကိုတကမ္ဘာလုံးအံ့ဩသင့်အောင်နိုင်ပွဲရယူနိုင်ပြီးတဲ့နောက်အဝတ်အစားလဲခန်းကိုဖုံတစ်စက်မျှမရှိအောင်သန့်ရှင်းရေးလုပ်ပေးခဲ့တဲ့အပြင်အာရတ်ဘာသာဖြင့်မက်ဆေ့ချ်ရေးသားချန်ထားရစ်ခဲ့ပါသေးတယ်။

ဂျပန်ဟာဗုဒ္ဓဟူးနေ့တုန်းကဂျာမနီနှင့်ပွဲတွင်ဂန်ဒိုဂန်ရဲ့ပင်နယ်တီဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းရက်ဆူဒိုအန်၊တာကူမာအေဆာနိုတို့ရဲ့ဒုတိယပိုင်းသွင်းဂိုးကြောင့်၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဂျပန်ဟာဂျာမနီကိုအနိုင်ရရှိမှုနှင့်အတူကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရန်အခြေအနေကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဂျပန်ပရိသတ်များဟာပွဲအပြီးတွင်ကွင်းသန့်ရှင်းပြုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။

ဒါ့အပြင်ဂျပန်အသင်းဟာလည်းဂျာမနီကိုအနိုင်ရရှိမှုကြောင့်အကြီးအကျယ်အောင်ပွဲခံခဲ့ကြပေမဲ့လည်းအဝတ်အစားလဲခန်းကိုပြန်လည်သန့်ရှင်းရေးပြုလုပ်ပေးခဲ့တဲ့အပြင် အာရတ်ဘာသာစကားဖြင့်မက်ဆေ့ချ်ချန်ထားရစ်ခဲ့ပါသေးတယ်။

ဂျပန်အသင်းဟာအဝတ်အစားလဲခန်းစားပွဲတွင် Thank You ဆိုပြီးအာရတ်ဘာသာစကားဖြင့်ရေးသားခဲ့တဲ့အပြင်ဂျပန်နံရံကပ်စက္ကူထုတ်များလည်းလက်ဆောင်အဖြစ်ချန်ထားရစ်ခဲ့ပါသေးတယ်။

ZawGyi

ဂ်ာမနီကို အႏိုင္ရရွိၿပီးေနာက္ အဝတ္အစားလဲခန္းကို ဖုံတစ္စက္မွ်မရွိေအာင္ သန႔္ရွင္းလုပ္ခဲ့တဲ့အျပင္ အာရတ္ဘာသာျဖင့္ စာသားခ်န္ထားခဲ့တဲ့ ဂ်ပန္

ဂ်ပန္အသင္းဟာဂ်ာမနီအသင္းကိုတကမာၻလုံးအံ့ဩသင့္ေအာင္ႏိုင္ပြဲရယူႏိုင္ၿပီးတဲ့ေနာက္အဝတ္အစားလဲခန္းကိုဖုံတစ္စက္မွ်မရွိေအာင္သန႔္ရွင္းေရးလုပ္ေပးခဲ့တဲ့အျပင္အာရတ္ဘာသာျဖင့္မက္ေဆ့ခ်္ေရးသားခ်န္ထားရစ္ခဲ့ပါေသးတယ္။

ဂ်ပန္ဟာဗုဒၶဟူးေန႔တုန္းကဂ်ာမနီႏွင့္ပြဲတြင္ဂန္ဒိုဂန္ရဲ႕ပင္နယ္တီဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းရက္ဆူဒိုအန္၊တာကူမာေအဆာႏိုတို႔ရဲ႕ဒုတိယပိုင္းသြင္းဂိုးေၾကာင့္၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဂ်ပန္ဟာဂ်ာမနီကိုအႏိုင္ရရွိမႈႏွင့္အတူကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ရန္အေျခအေနေကာင္းသြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဂ်ပန္ပရိသတ္မ်ားဟာပြဲအၿပီးတြင္ကြင္းသန႔္ရွင္းျပဳလုပ္ခဲ့တာလည္းေတြ႕ရပါတယ္။

ဒါ့အျပင္ဂ်ပန္အသင္းဟာလည္းဂ်ာမနီကိုအႏိုင္ရရွိမႈေၾကာင့္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကေပမဲ့လည္းအဝတ္အစားလဲခန္းကိုျပန္လည္သန႔္ရွင္းေရးျပဳလုပ္ေပးခဲ့တဲ့အျပင္ အာရတ္ဘာသာစကားျဖင့္မက္ေဆ့ခ်္ခ်န္ထားရစ္ခဲ့ပါေသးတယ္။

ဂ်ပန္အသင္းဟာအဝတ္အစားလဲခန္းစားပြဲတြင္ Thank You ဆိုၿပီးအာရတ္ဘာသာစကားျဖင့္ေရးသားခဲ့တဲ့အျပင္ဂ်ပန္နံရံကပ္စကၠဴထုတ္မ်ားလည္းလက္ေဆာင္အျဖစ္ခ်န္ထားရစ္ခဲ့ပါေသးတယ္။