ဂျာမနီကွင်းလယ်ကစားသမားတိုနီခရူးစ် လက်ရွေးစင်ကစားသမားဘဝမှအနားယူပြီ

ဂျာမနီဂန္ထဝင်တိုနီခရူးစ်ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်လက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာအင်္ဂလန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာရပြီးနောက်ရက်အနည်းငယ်အကြာမှာဘဲလက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းကြေညာလာတာဖြစ်ပါတယ်။

တိုနီခရူးစ် “ဂျာမနီအတွက်၁၀၆ပွဲကစားပေးခဲ့ပါတယ်။နောက်ထပ်ကစားဖို့မရှိတော့ပါဘူး။ကျွန်တော်ဟာနိုင်ငံအတွက်၁၀၉ပွဲကစားနိုင်ဖို့အစွမ်းကုန်ကြိုးစားပြီးဆုလည်းတောင်းခဲ့တယ်။ယူရိုချန်ပီယံကြီးဆွတ်ခူးပြီးအဆုံးသတ်နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။အခုအနားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ကာတာမှာကျင်းပမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါဝင်တော့မှာမဟုတ်တော့ပါဘူး။အခုကျွန်တော့်ရဲ့အဓိကပစ်မှတ်ကလာမယ့်နှစ်တွေမှာရီးရဲလ်မက်ဒရစ်အတွက်အာရုံစိုက်ဖို့ဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ဟာနိုင်ငံအတွက်ကစားခဲ့တဲ့၁၁နှစ်အတွင်းမရခဲ့တဲ့အနားယူမှုရရှိတော့မှာဖြစ်ပါတယ်။ဒီအင်္ကျီကိုကာလရှည်ကြာဝတ်ဆင်ခွင့်ရရှိခဲ့လို့ဂုဏ်ယူပါတယ်”လို့ပြောကြားသွားပါတယ်။

တိုနီခရူးစ်ဟာ၂၀၁၀ခုနှစ်၊မတ်လတုန်းကအာဂျင်တီးနားနှင့်ပွဲတွင်ဂျာမနီအတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပြီး၄နှစ်ကျော်အကြာမှာအာဂျင်တီးနားကိုအနိုင်ယူပြီးကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဂျာမနီကို၂၀၁၀ကမ္ဘာ့ဖလားနှင့်ယူရို၂၀၁၂ပြိုင်ပွဲတို့မှာဆီမီးဖိုင်နယ်အဆင့်သို့တက်အောင်ကူညီခဲ့ပါတယ်။

သူဟာဂျာမနီအသင်းအတွက်၁၀၆ပွဲကစားကာ၁၇ဂိုးသွင်းယူပေးခဲ့ပါတယ်။

ZawGyi

ဂ်ာမနီကြင္းလယ္ကစားသမားတိုနီခ႐ူးစ္ လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူၿပီ

ဂ်ာမနီဂႏၴဝင္တိုနီခ႐ူးစ္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလိုက္ၿပီျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားဟာအဂၤလန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာရၿပီးေနာက္ရက္အနည္းငယ္အၾကာမွာဘဲလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူေၾကာင္းေၾကညာလာတာျဖစ္ပါတယ္။

တိုနီခ႐ူးစ္ “ဂ်ာမနီအတြက္၁၀၆ပြဲကစားေပးခဲ့ပါတယ္။ေနာက္ထပ္ကစားဖို႔မရွိေတာ့ပါဘူး။ကြၽန္ေတာ္ဟာႏိုင္ငံအတြက္၁၀၉ပြဲကစားႏိုင္ဖို႔အစြမ္းကုန္ႀကိဳးစားၿပီးဆုလည္းေတာင္းခဲ့တယ္။ယူ႐ိုခ်န္ပီယံႀကီးဆြတ္ခူးၿပီးအဆုံးသတ္ႏိုင္ဖို႔ေမွ်ာ္လင့္ခဲ့ပါတယ္။အခုအနားယူဖို႔ဆုံးျဖတ္လိုက္ပါၿပီ။ကာတာမွာက်င္းပမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲမွာပါဝင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။အခုကြၽန္ေတာ့္ရဲ႕အဓိကပစ္မွတ္ကလာမယ့္ႏွစ္ေတြမွာရီးရဲလ္မက္ဒရစ္အတြက္အာ႐ုံစိုက္ဖို႔ျဖစ္ပါတယ္။အခုဆိုရင္ကြၽန္ေတာ္ဟာႏိုင္ငံအတြက္ကစားခဲ့တဲ့၁၁ႏွစ္အတြင္းမရခဲ့တဲ့အနားယူမႈရရွိေတာ့မွာျဖစ္ပါတယ္။ဒီအက်ႌကိုကာလရွည္ၾကာဝတ္ဆင္ခြင့္ရရွိခဲ့လို႔ဂုဏ္ယူပါတယ္”လို႔ေျပာၾကားသြားပါတယ္။

တိုနီခ႐ူးစ္ဟာ၂၀၁၀ခုႏွစ္၊မတ္လတုန္းကအာဂ်င္တီးနားႏွင့္ပြဲတြင္ဂ်ာမနီအတြက္ပထမဆုံးပြဲကိုကစားခြင့္ရရွိခဲ့ၿပီး၄ႏွစ္ေက်ာ္အၾကာမွာအာဂ်င္တီးနားကိုအႏိုင္ယူၿပီးကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာဂ်ာမနီကို၂၀၁၀ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၁၂ၿပိဳင္ပြဲတို႔မွာဆီမီးဖိုင္နယ္အဆင့္သို႔တက္ေအာင္ကူညီခဲ့ပါတယ္။

သူဟာဂ်ာမနီအသင္းအတြက္၁၀၆ပြဲကစားကာ၁၇ဂိုးသြင္းယူေပးခဲ့ပါတယ္။