ဂျာမနီနည်းပြရာထူးကို ဖလစ်ရမည်မဟုတ်ဟု ဘိုင်ယန်စီအီးအိုပြောကြား

ဘိုင်ယန်မြူးနစ်ဥက္ကဌကားလ်ရမ်မန်နစ်ဂီကဟန်စီဖလစ်မှာဂျိုးအာချင်လောရဲ့ဂျာမနီအသင်းနည်းပြရာထူးကို ရယူသွားမည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

ဂျိုးအာချင်လောဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီနည်းပြရာထူးမှထွက်ခွာသွားပါမယ်။ဂျာမနီကို၁၅နှစ်ကြာကိုင်တွယ်လာခဲ့တဲ့ဂျိုးအာချင်လောဟာဂျာမနီအသင်းကို၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဟန်စီဖလစ်ဟာမန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်လာခဲ့တာ၂နှစ်တောင်မပြည့်သေးသော်လည်းဘိုင်ယန်မြူးနစ်အသင်းကိုသမိုင်းဝင်ဆုဖလားများဆွတ်ခူးနိုင်အောင်ဦးဆောင်ထားနိုင်ပါတယ်။သူဟာဂျာမနီအ သင်းမှာကာလရှည်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးတာနဲ့အညီဂျာမနီနည်းပြရာထူးအတွက်ရေပန်းစားသူများထဲမှတစ်ဦးလည်းဖြစ်နေပါတယ်။

ဒါပေမယ့်ရမ်မန်နစ်ဂီက “ဖလစ်ကိုသူ့စွမ်းဆောင်ရည်အပေါ်ကျေနပ်ကြောင်းပြောထားပါတယ်။ သဘောတူထားတဲ့စာချုပ်ကိုအပြီးသတ်အောင်လုပ်သွားကြပါမယ်။မသေချာတာဘာမှမရှိဘူးလို့လည်း သူ့ကိုပြောထားပါတယ်”လို့ပြောကြားထားပါတယ်။

ဟန်စီဖလစ်ဟာ၂၀၂၃ခုနှစ်အထိဘိုင်ယန်မြူးနစ်နှင့်စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဂ်ာမနီနည္းျပရာထူးကို ဖလစ္ရမည္မဟုတ္ဟု ဘိုင္ယန္စီအီးအိုေျပာၾကား

ဘိုင္ယန္ျမဴးနစ္ဥကၠဌကားလ္ရမ္မန္နစ္ဂီကဟန္စီဖလစ္မွာဂ်ိဳးအာခ်င္ေလာရဲ႕ဂ်ာမနီအသင္းနည္းျပရာထူးကို ရယူသြားမည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီနည္းျပရာထူးမွထြက္ခြာသြားပါမယ္။ဂ်ာမနီကို၁၅ႏွစ္ၾကာကိုင္တြယ္လာခဲ့တဲ့ဂ်ိဳးအာခ်င္ေလာဟာဂ်ာမနီအသင္းကို၂၀၁၄ကမာၻ႔ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဟန္စီဖလစ္ဟာမန္ေနဂ်ာအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့တာ၂ႏွစ္ေတာင္မျပည့္ေသးေသာ္လည္းဘိုင္ယန္ျမဴးနစ္အသင္းကိုသမိုင္းဝင္ဆုဖလားမ်ားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ထားႏိုင္ပါတယ္။သူဟာဂ်ာမနီအ သင္းမွာကာလရွည္ၾကာတာဝန္ထမ္းေဆာင္ခဲ့ဖူးတာနဲ႔အညီဂ်ာမနီနည္းျပရာထူးအတြက္ေရပန္းစားသူမ်ားထဲမွတစ္ဦးလည္းျဖစ္ေနပါတယ္။

ဒါေပမယ့္ရမ္မန္နစ္ဂီက “ဖလစ္ကိုသူ႔စြမ္းေဆာင္ရည္အေပၚေက်နပ္ေၾကာင္းေျပာထားပါတယ္။ သေဘာတူထားတဲ့စာခ်ဳပ္ကိုအၿပီးသတ္ေအာင္လုပ္သြားၾကပါမယ္။မေသခ်ာတာဘာမွမရွိဘူးလို႔လည္း သူ႔ကိုေျပာထားပါတယ္”လို႔ေျပာၾကားထားပါတယ္။

ဟန္စီဖလစ္ဟာ၂၀၂၃ခုႏွစ္အထိဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။