ဂျာမနီနည်းပြရာထူးအတွက် ရန်နစ်ခ်တံခါးဖွင့်ပေးထား

ရေးဖ်ရန်နစ်ခ်ကလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်လစ်လပ်လာမယ့်ဂျာမနီနည်းပြရာထူးအတွက်တံခါးဖွင့်ပေးထားကြောင်းပြောကြားလိုက်ပါတယ်။

ဂျာမနီနည်းပြဂျိုးအာချင်လောကလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီနည်းပြရာထူးမှထွက်ခွာမည်ဖြစ် ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဂျိုးအာချင်လောဟာဂျာမနီအသင်းကို၁၅နှစ်ကြာကိုင်တွယ်လာသူလည်း ဖြစ်ပါတယ်။

လိုက်ဇစ်နည်းပြဟောင်းရန်နစ်ခ်ကဂျာမနီအသင်းနည်းပြရာထူးကိုသာမကဂျာမနီအသင်းရဲ့အခြားရာထူးအ တွက်လည်းတံခါးဖွင့်ထားကြောင်းဆိုသွားပါတယ်။

၎င်းက “ဒီရာထူးကလူတိုင်းအတွက်အရေးပါတဲ့ရာထူးပါ။ကျွန်တော်အိပ်မက်မက်နေတဲ့နေရာလည်းဖြစ်ပါတယ်။အ ချိန်ကဘဲအရေးအကြီးဆုံးပါ။အခုကျွန်တော့်မှာအလုပ်မရှိပါဘူး။ဂျာမနီဘောလုံးအဖွဲ့ချုပ်ကဖုန်းခေါ်လာတဲ့အချိန်မှာကျွန်တော့်မှာအလုပ်ရှိနေရင်ဖြစ်နိုင်မှာမဟုတ်ပါဘူး။အနာဂတ်ဂျာမနီဘောလုံးအတွက်ဘီယာဟော့ဖ်နဲ့လည်း တွဲပြီးအလုပ်လုပ်သွားနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်၊

ရန်နစ်ခ်ဟာလိုက်ဇစ်အသင်းကိုအောက်ခြေမှစတင်ပြီးတည်ဆောက်ပေးခဲ့သူဖြစ်ပြီးလိုက်ဇစ်နည်းပြအဖြစ် နှစ်ကြိမ် ထမ်းဆောင်ဖူးတဲ့အပြင် ရက်ဘူးလ်အခြေပြုကလပ်များရဲ့အားကစားနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ အဖြစ်လည်းတာဝန်ထမ်းဆောင်ဖူးပါတယ်။

သူဟာ၂၀၂၀ခုနှစ်တွင်လိုက်ဇစ်ကိုဂျာမနီဘောလုံးလောကရဲ့အကောင်းဆုံးအသင်းများထဲမှတစ်သင်းဖြစ်အောင် တည်ဆောက်ပေးပြီးနောက်ရက်ဘူးလ်မှထွက်ခွာခဲ့ပါတယ်။

လစ်လပ်လာမယ့်ဂျာမနီနည်းပြရာထူးအတွက်သောမတ်စ်တူချယ်၊ဟာဆန်ဟတ်၊ဂျာဂင်ကလော့ပ်၊နီဂယ်မန်းတို့က လည်းရေပန်းစားနေပါတယ်။

ZawGyi

ဂ်ာမနီနည္းျပရာထူးအတြက္ ရန္နစ္ခ္တံခါးဖြင့္ေပးထား

ေရးဖ္ရန္နစ္ခ္ကလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္လစ္လပ္လာမယ့္ဂ်ာမနီနည္းျပရာထူးအတြက္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဂ်ာမနီနည္းျပဂ်ိဳးအာခ်င္ေလာကလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီနည္းျပရာထူးမွထြက္ခြာမည္ျဖစ္ ေၾကာင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။ဂ်ိဳးအာခ်င္ေလာဟာဂ်ာမနီအသင္းကို၁၅ႏွစ္ၾကာကိုင္တြယ္လာသူလည္း ျဖစ္ပါတယ္။

လိုက္ဇစ္နည္းျပေဟာင္းရန္နစ္ခ္ကဂ်ာမနီအသင္းနည္းျပရာထူးကိုသာမကဂ်ာမနီအသင္းရဲ႕အျခားရာထူးအ တြက္လည္းတံခါးဖြင့္ထားေၾကာင္းဆိုသြားပါတယ္။

၎က “ဒီရာထူးကလူတိုင္းအတြက္အေရးပါတဲ့ရာထူးပါ။ကြၽန္ေတာ္အိပ္မက္မက္ေနတဲ့ေနရာလည္းျဖစ္ပါတယ္။အ ခ်ိန္ကဘဲအေရးအႀကီးဆုံးပါ။အခုကြၽန္ေတာ့္မွာအလုပ္မရွိပါဘူး။ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ကဖုန္းေခၚလာတဲ့အခ်ိန္မွာကြၽန္ေတာ့္မွာအလုပ္ရွိေနရင္ျဖစ္ႏိုင္မွာမဟုတ္ပါဘူး။အနာဂတ္ဂ်ာမနီေဘာလုံးအတြက္ဘီယာေဟာ့ဖ္နဲ႔လည္း တြဲၿပီးအလုပ္လုပ္သြားႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္၊

ရန္နစ္ခ္ဟာလိုက္ဇစ္အသင္းကိုေအာက္ေျခမွစတင္ၿပီးတည္ေဆာက္ေပးခဲ့သူျဖစ္ၿပီးလိုက္ဇစ္နည္းျပအျဖစ္ ႏွစ္ႀကိမ္ ထမ္းေဆာင္ဖူးတဲ့အျပင္ ရက္ဘူးလ္အေျချပဳကလပ္မ်ားရဲ႕အားကစားႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲ အျဖစ္လည္းတာဝန္ထမ္းေဆာင္ဖူးပါတယ္။

သူဟာ၂၀၂၀ခုႏွစ္တြင္လိုက္ဇစ္ကိုဂ်ာမနီေဘာလုံးေလာကရဲ႕အေကာင္းဆုံးအသင္းမ်ားထဲမွတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ေပးၿပီးေနာက္ရက္ဘူးလ္မွထြက္ခြာခဲ့ပါတယ္။

လစ္လပ္လာမယ့္ဂ်ာမနီနည္းျပရာထူးအတြက္ေသာမတ္စ္တူခ်ယ္၊ဟာဆန္ဟတ္၊ဂ်ာဂင္ကေလာ့ပ္၊နီဂယ္မန္းတို႔က လည္းေရပန္းစားေနပါတယ္။