ဂျာမနီနည်းပြရာထူးအား ရယူလုနီးပါးဖြစ်နေပြီဟု ဘိုင်ယန်နည်းပြဖလစ်အတည်ပြု

ဘိုင်ယန်မြူးနစ်နည်းပြဟန်စီဖလစ်ကဂျာမနီနည်းပြရာထူးအတွက်အပြီးသတ်လုနီးပါးအနေအထားတွင်ရှိနေပြီဖြစ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

အသက်၅၆နှစ်ရှိနည်းပြဟာဂျာမနီလက်ရွေးစင်အသင်းတွင်ဂျိုးအာချင်လောရဲ့လက်ထောက်နည်းပြအဖြစ်၂၀၀၆ခုနှစ်မှ၂၀၁၄ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ယခုအခါသူဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီနည်းပြရာထူးမှနုတ်ထွက်မယ့်ဂျိုးအာချင်လောရဲ့နေရာကိုဆက်ခံဖို့ဆွေးနွေးရာမှာသေးငယ်တဲ့အချက်အချို့ကိုသာဆွေးနွေးရန်ကျန်ပါတော့တယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘိုင်ယန်မြူးနစ်ကိုချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးတဲ့ဟန်စီဖလစ်ဟာဘိုင်ယန်မြူးနစ်အတွက်နောက်ဆုံးပွဲအဖြစ်ယနေ့ညတွင်ကစားမယ့်အော့ဘတ်နှင့်ပွဲစဉ်အားကြီးကြပ်သွားပါမယ်။

ဟန်စီဖလစ်က “ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့စကားပြောပြီးပါပြီ။လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီးကျွန်တော့်ခံစားချက်ဘယ်လိုဆိုတာလူတိုင်းလည်းသိထားပြီးဖြစ်ပါတယ်။ဒါပေမယ့်သေးငယ်တဲ့အရာတွေနဲ့ပတ်သက်ပြီးအဆင်ပြေအောင်လုပ်ဖို့ကျန်ရှိနေပါသေးတယ်။အားလုံးအဆင်သင့်ဖြစ်နေတဲ့အချိန်ကျရင် အားလုံးကိုအလျှင်အမြန်ဘဲကြေညာနိုင်ပါပြီ”လို့ပြောကြားသွားပါတယ်။

ဟန်စီဖလစ်ဟာယခုရာသီတွင်လည်းဘိုင်ယန်မြူးနစ်အသင်းကိုဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်အောင်ဦးဆောင်ပေးထားနိုင်သူဖြစ်ပါတယ်။

ZawGyi

ဂ်ာမနီနည္းျပရာထူးအား ရယူလုနီးပါးျဖစ္ေနၿပီဟု ဘိုင္ယန္နည္းျပဖလစ္အတည္ျပဳ

ဘိုင္ယန္ျမဴးနစ္နည္းျပဟန္စီဖလစ္ကဂ်ာမနီနည္းျပရာထူးအတြက္အၿပီးသတ္လုနီးပါးအေနအထားတြင္ရွိေနၿပီျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

အသက္၅၆ႏွစ္ရွိနည္းျပဟာဂ်ာမနီလက္ေ႐ြးစင္အသင္းတြင္ဂ်ိဳးအာခ်င္ေလာရဲ႕လက္ေထာက္နည္းျပအျဖစ္၂၀၀၆ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိတာဝန္ထမ္းေဆာင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။ယခုအခါသူဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီနည္းျပရာထူးမွႏုတ္ထြက္မယ့္ဂ်ိဳးအာခ်င္ေလာရဲ႕ေနရာကိုဆက္ခံဖို႔ေဆြးေႏြးရာမွာေသးငယ္တဲ့အခ်က္အခ်ိဳ႕ကိုသာေဆြးေႏြးရန္က်န္ပါေတာ့တယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘိုင္ယန္ျမဴးနစ္ကိုခ်န္ပီယံလိဂ္ဖလားဆြတ္ခူးေပးတဲ့ဟန္စီဖလစ္ဟာဘိုင္ယန္ျမဴးနစ္အတြက္ေနာက္ဆုံးပြဲအျဖစ္ယေန႔ညတြင္ကစားမယ့္ေအာ့ဘတ္ႏွင့္ပြဲစဥ္အားႀကီးၾကပ္သြားပါမယ္။

ဟန္စီဖလစ္က “ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔စကားေျပာၿပီးပါၿပီ။လက္ေ႐ြးစင္အသင္းနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္ခံစားခ်က္ဘယ္လိုဆိုတာလူတိုင္းလည္းသိထားၿပီးျဖစ္ပါတယ္။ဒါေပမယ့္ေသးငယ္တဲ့အရာေတြနဲ႔ပတ္သက္ၿပီးအဆင္ေျပေအာင္လုပ္ဖို႔က်န္ရွိေနပါေသးတယ္။အားလုံးအဆင္သင့္ျဖစ္ေနတဲ့အခ်ိန္က်ရင္ အားလုံးကိုအလွ်င္အျမန္ဘဲေၾကညာႏိုင္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဟန္စီဖလစ္ဟာယခုရာသီတြင္လည္းဘိုင္ယန္ျမဴးနစ္အသင္းကိုဘြန္ဒက္စ္လီဂါခ်န္ပီယံျဖစ္ေအာင္ဦးေဆာင္ေပးထားႏိုင္သူျဖစ္ပါတယ္။