ဂျာမနီနှင့်ပွဲတွင် ဟယ်ရီကိန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံစဉ် ပရိသတ်တစ်ဦးသေဆုံး

ဂျာမနီနှင့်ပွဲတွင်အင်္ဂလန်အတွက် ဟယ်ရီကိန်း ဒုတိယဂိုးကိုသွင်းယူလိုက်ပြီးနောက် အင်္ဂလန်ပရိသတ်တစ်ဦးဟာအကြီးအကျယ်အောင်ပွဲခံရမှလဲကျသေဆုံးသွားခဲ့ပါတယ်။

အသက်၂၅နှစ်ရှိချာလီနော်တန်ဟာအင်္ဂလန်ကဂျာမနီအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုရုပ်သံမှတစ်ဆင့်သူငယ်ချင်းများ၊မိသားစုဝင်များနှင့်အတူကြည့်ရှုခဲ့ပါတယ်။

ဆေးဖက်ဆိုင်ရာဝန်ထမ်းများဟာဘောလုံးပရိသတ်ရဲ့အသက်ကိုကယ်တင်နိုင်ရေးအတွက်သုံးနာရီကြာကြိုးပမ်းခဲ့ကြပေမယ့်လည်းမကယ်တင်နိုင်ခဲ့ပါဘူးး။

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာဂျာမနီနှင့်ပွဲမှာသူဂိုးသွင်းယူပြီးနောက်အကြီးအကျယ်အောင်ပွဲခံကာသေဆုံးခဲ့တဲ့ပရိသတ်များအတွက်စိတ်မကောင်းဖြစ်လျက်ရှိပြီးသူ့ပယေဂမကင်းတဲ့သေဆုံးသွားတဲ့ပရိသတ်အတွက်ယနေ့ညတွင်ယူကရိန်းနှင့်ကစားရမယ့်ပွဲစဉ်မှာအစွမ်းကုန်ကြိုးစားအားထုတ်ကာပေးဆပ်သွားမည်ဖြစ်ကြောင်းကြုံးဝါးသွားပါတယ်။

အဆိုပါပရိသတ်ဟာချဲလ်ဆီးအသင်းကိုအားပေးသူလည်းဖြစ်ကာအင်္ဂလန်အသင်းမှချဲလ်ဆီးကစားသမားများဖြစ်ကြတဲ့ရီစီဂျိမ်းစ်၊မေဆင်မောင့်တို့ကလည်းစိတ်မကောင်းကြောင်းအွန်လိုင်းတွင်ရေးသားခဲ့ကြပါတယ်။

ZawGyi

ဂ်ာမနီႏွင့္ပြဲတြင္ ဟယ္ရီကိန္း ဂိုးသြင္းၿပီးေနာက္ ေအာင္ပြဲခံစဥ္ ပရိသတ္တစ္ဦးေသဆုံး

ဂ်ာမနီႏွင့္ပြဲတြင္အဂၤလန္အတြက္ ဟယ္ရီကိန္း ဒုတိယဂိုးကိုသြင္းယူလိုက္ၿပီးေနာက္ အဂၤလန္ပရိသတ္တစ္ဦးဟာအႀကီးအက်ယ္ေအာင္ပြဲခံရမွလဲက်ေသဆုံးသြားခဲ့ပါတယ္။

အသက္၂၅ႏွစ္ရွိခ်ာလီေနာ္တန္ဟာအဂၤလန္ကဂ်ာမနီအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကို႐ုပ္သံမွတစ္ဆင့္သူငယ္ခ်င္းမ်ား၊မိသားစုဝင္မ်ားႏွင့္အတူၾကည့္ရႈခဲ့ပါတယ္။

ေဆးဖက္ဆိုင္ရာဝန္ထမ္းမ်ားဟာေဘာလုံးပရိသတ္ရဲ႕အသက္ကိုကယ္တင္ႏိုင္ေရးအတြက္သုံးနာရီၾကာႀကိဳးပမ္းခဲ့ၾကေပမယ့္လည္းမကယ္တင္ႏိုင္ခဲ့ပါဘူးး။

အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းဟာဂ်ာမနီႏွင့္ပြဲမွာသူဂိုးသြင္းယူၿပီးေနာက္အႀကီးအက်ယ္ေအာင္ပြဲခံကာေသဆုံးခဲ့တဲ့ပရိသတ္မ်ားအတြက္စိတ္မေကာင္းျဖစ္လ်က္ရွိၿပီးသူ႔ပေယဂမကင္းတဲ့ေသဆုံးသြားတဲ့ပရိသတ္အတြက္ယေန႔ညတြင္ယူကရိန္းႏွင့္ကစားရမယ့္ပြဲစဥ္မွာအစြမ္းကုန္ႀကိဳးစားအားထုတ္ကာေပးဆပ္သြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးသြားပါတယ္။

အဆိုပါပရိသတ္ဟာခ်ဲလ္ဆီးအသင္းကိုအားေပးသူလည္းျဖစ္ကာအဂၤလန္အသင္းမွခ်ဲလ္ဆီးကစားသမားမ်ားျဖစ္ၾကတဲ့ရီစီဂ်ိမ္းစ္၊ေမဆင္ေမာင့္တို႔ကလည္းစိတ္မေကာင္းေၾကာင္းအြန္လိုင္းတြင္ေရးသားခဲ့ၾကပါတယ္။