ဂျာမနီနှင့်ယူရိုအဖွင့်ပွဲကစားရန် တစ်ပတ်သာလိုတော့ချိန်တွင် ဘန်ဇီးမား ဒဏ်ရာရရှိ

ကာရမ်ဘန်ဇီးမားဟာမနေ့ညတုန်းကဘူလ်ဂေးရီးယားနှင့်ကစားတဲ့ခြေစမ်းပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြင်သစ်ဟာသူတို့ရဲ့ယူရိုမတိုင်မီနောက်ဆုံးခြေစမ်းပွဲတွင်ဘူလ်ဂေးရီးယားကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။၎င်းတို့ဟာလာမယ့်အင်္ဂါနေ့မှာမြူးနစ်မှာဂျာမနီနှင့်ရင်ဆိုင်ကစားရပါမယ်။

အသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာပြင်သစ်အသင်းနှင့်ခြောက်နှစ်ကြာဝေးကွာလာခဲ့ပြီးနောက်ယူရို၂၀၂၀ပြိုင်ပွဲအတွက်မထင်မှတ်ဘဲရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာပြင်သစ်ရဲ့အရေးပါတဲ့ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိမယ်လို့ယူဆခြင်းခံရပေမယ့်အင်္ဂါနေ့ကပွဲမှာပထမပိုင်းပြီးခါနီးမှာဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာပထမပိုင်းမှာဘူလ်ဂေးရီးယားနောက်ခံလူအိုင်ဗန်ကျူရီဆော့ဗ်ရဲ့ဖျက်ထုတ်မှုခံခဲ့ရပြီးနောက်ဒဏ်ရာရရှိခဲ့ပါတယ်။သူဟာပွဲဆက်ကစားရန်ကြိုးပမ်းခဲ့ပေမယ့်ပွဲချိန်၃၇မိနစ်မှာလူစားလဲလိုကြောင်းပြောကြားကာလဲစားလဲခဲ့ပါတယ်။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်က “ဘယ်ဖက်ဒူးရဲ့အပေါ်ဘက်ကြွက်သားကိုထိသွားတာပါ။ကျွန်တော်တို့ကသူ့ကိုအရဲစွန့်ဆက်မသုံးချင်ခဲ့ပါဘူး။အခုသူဟာဆေးအဖွဲ့နဲ့အတူရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာပြင်သစ်အတွက်အနိုင်ဂိုးများကိုအန်တိုနီဂရက်ဇ်မန်းကတစ်ဂိုးနှင့်အိုလီဗီယာဂီရောက်က၂ဂိုးအသီးသီးသွင်းယူခဲ့ပါတယ်။

ZawGyi

ဂ်ာမနီႏွင့္ယူ႐ိုအဖြင့္ပြဲကစားရန္ တစ္ပတ္သာလိုေတာ့ခ်ိန္တြင္ ဘန္ဇီးမား ဒဏ္ရာရရွိ

ကာရမ္ဘန္ဇီးမားဟာမေန႔ညတုန္းကဘူလ္ေဂးရီးယားႏွင့္ကစားတဲ့ေျခစမ္းပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့ပါတယ္။

ျပင္သစ္ဟာသူတို႔ရဲ႕ယူ႐ိုမတိုင္မီေနာက္ဆုံးေျခစမ္းပြဲတြင္ဘူလ္ေဂးရီးယားကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။၎တို႔ဟာလာမယ့္အဂၤါေန႔မွာျမဴးနစ္မွာဂ်ာမနီႏွင့္ရင္ဆိုင္ကစားရပါမယ္။

အသက္၃၃ႏွစ္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာျပင္သစ္အသင္းႏွင့္ေျခာက္ႏွစ္ၾကာေဝးကြာလာခဲ့ၿပီးေနာက္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္မထင္မွတ္ဘဲေ႐ြးခ်ယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာျပင္သစ္ရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိမယ္လို႔ယူဆျခင္းခံရေပမယ့္အဂၤါေန႔ကပြဲမွာပထမပိုင္းၿပီးခါနီးမွာဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာပထမပိုင္းမွာဘူလ္ေဂးရီးယားေနာက္ခံလူအိုင္ဗန္က်ဴရီေဆာ့ဗ္ရဲ႕ဖ်က္ထုတ္မႈခံခဲ့ရၿပီးေနာက္ဒဏ္ရာရရွိခဲ့ပါတယ္။သူဟာပြဲဆက္ကစားရန္ႀကိဳးပမ္းခဲ့ေပမယ့္ပြဲခ်ိန္၃၇မိနစ္မွာလူစားလဲလိုေၾကာင္းေျပာၾကားကာလဲစားလဲခဲ့ပါတယ္။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္က “ဘယ္ဖက္ဒူးရဲ႕အေပၚဘက္ႂကြက္သားကိုထိသြားတာပါ။ကြၽန္ေတာ္တို႔ကသူ႔ကိုအရဲစြန႔္ဆက္မသုံးခ်င္ခဲ့ပါဘူး။အခုသူဟာေဆးအဖြဲ႕နဲ႔အတူရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာျပင္သစ္အတြက္အႏိုင္ဂိုးမ်ားကိုအန္တိုနီဂရက္ဇ္မန္းကတစ္ဂိုးႏွင့္အိုလီဗီယာဂီေရာက္က၂ဂိုးအသီးသီးသြင္းယူခဲ့ပါတယ္။