ဂျာမနီရဲ့၂၀၂၂ ကမ္ဘာ့ဖလားကျရှုံးမှုကို Amazon ရဲ့All Or Nothing စီးရီးအဖြစ် ဖန်သားပြင်တွင် ကြည့်ရှုရမည်

ဂျာမနီအသင်းပရိသတ်များဟာ ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာအုပ်စုအဆင့်ကနေဂျာမနီအသင်းလှည့်ပြန်ခဲ့ရမှုနဲ့အတူဂျာမနီအသင်းနဲ့ပတ်သက်ပြီးဘာဆိုဘာမှမကြားလိုကြပါဘူး။

ဒါပေမဲ့ဂျာမနီပရိသတ်များဟာလာမယ့်လတွေမှာတော့ ဂျာမနီရဲ့ကမ္ဘာ့ဖလားကျဆုံးခန်းကိုရုပ်သံဖန်သားပြင်ပေါ်မှာပြန်လည်ရင်နာနာနှင့်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။

Amazon ဟာ ဂျာမနီအသင်းရဲ့၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှု၊ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းကစားမှုတို့ကိုကင်မရာပေါင်းစုံဖြင့်ရိုက်ကူးမှုပြုလုပ်ကာ All Or Nothing စီးရီးအဖြစ်တင်ဆက်ပြလာမှာဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့All Or Nothing စီးရီးတွင်ယူရို၂၀၁၆တုန်းက၁၆သင်းရှုံးထွက်အဆင့်တွင်အင်္ဂလန်ကိုရှုံးနိမ့်မှု၊၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှထွက်ခွာရမှုဗီဒီယိုမှတ်တမ်းများလည်းပါဝင်လာပါမယ်။

ဂျာမနီအသင်းဟာ၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကဲ့သို့ပင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအုပ်စုအဆင့်မှပင်လှည့်ပြန်ခဲ့ရပါတယ်။

ဂျာမနီဟာအုပ်စုနောက်ဆုံးပွဲတွင်ကော်စတာရီကာကို၄-၂ဖြင့်အနိုင်ရရှိခဲ့ပေမဲ့လည်းဂျပန်ကစပိန်ကိုအငြင်းပွားဖွယ်ဂိုးဖြင့်အနိုင်ရရှိသွားပြီးနောက်အုပ်စုမှထွက်ခဲ့ရပါတယ်။

ZawGyi

ဂ်ာမနီရဲ႕၂၀၂၂ ကမာၻ႔ဖလားက်ရႈံးမႈကို Amazon ရဲ႕All Or Nothing စီးရီးအျဖစ္ ဖန္သားျပင္တြင္ ၾကည့္ရႈရမည္

ဂ်ာမနီအသင္းပရိသတ္မ်ားဟာ ေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲမွာအုပ္စုအဆင့္ကေနဂ်ာမနီအသင္းလွည့္ျပန္ခဲ့ရမႈနဲ႔အတူဂ်ာမနီအသင္းနဲ႔ပတ္သက္ၿပီးဘာဆိုဘာမွမၾကားလိုၾကပါဘူး။

ဒါေပမဲ့ဂ်ာမနီပရိသတ္မ်ားဟာလာမယ့္လေတြမွာေတာ့ ဂ်ာမနီရဲ႕ကမာၻ႔ဖလားက်ဆုံးခန္းကို႐ုပ္သံဖန္သားျပင္ေပၚမွာျပန္လည္ရင္နာနာႏွင့္ၾကည့္ရႈရဦးမွာျဖစ္ပါတယ္။

Amazon ဟာ ဂ်ာမနီအသင္းရဲ႕၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ျပင္ဆင္မႈ၊ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းကစားမႈတို႔ကိုကင္မရာေပါင္းစုံျဖင့္႐ိုက္ကူးမႈျပဳလုပ္ကာ All Or Nothing စီးရီးအျဖစ္တင္ဆက္ျပလာမွာျဖစ္ပါတယ္။

ဂ်ာမနီအသင္းရဲ႕All Or Nothing စီးရီးတြင္ယူ႐ို၂၀၁၆တုန္းက၁၆သင္းရႈံးထြက္အဆင့္တြင္အဂၤလန္ကိုရႈံးနိမ့္မႈ၊၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွထြက္ခြာရမႈဗီဒီယိုမွတ္တမ္းမ်ားလည္းပါဝင္လာပါမယ္။

ဂ်ာမနီအသင္းဟာ၂၀၁၈႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကကဲ့သို႔ပင္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းအုပ္စုအဆင့္မွပင္လွည့္ျပန္ခဲ့ရပါတယ္။

ဂ်ာမနီဟာအုပ္စုေနာက္ဆုံးပြဲတြင္ေကာ္စတာရီကာကို၄-၂ျဖင့္အႏိုင္ရရွိခဲ့ေပမဲ့လည္းဂ်ပန္ကစပိန္ကိုအျငင္းပြားဖြယ္ဂိုးျဖင့္အႏိုင္ရရွိသြားၿပီးေနာက္အုပ္စုမွထြက္ခဲ့ရပါတယ္။