ဂျာမန်ကို ကျော်ပြီး အင်္ဂလန်ကို မူစီယာလာ ရွေးချယ်တာမျိုး အဖြစ်မခံဟု ဂနာဘရီပြောကြား

ဆာဂျီဂနာဘရီကဘိုင်ယန်မြူးနစ်ကစားဖော်ဂျာမယ်မူစီယာလာမှာလက်ရွေးစင်အသင်းအတွက်ကစားရန် ဆုံးဖြတ်ရာတွင်အင်္ဂလန်အတွက်မကစားဘဲဂျာမနီအသင်းအတွက်ကစားရန်မျှော်လင့်ကြောင်းပြောကြား လိုက်ပါတယ်။

အသက်၁၇နှစ်ရှိမူစီယာလာဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှဘိုင်ယန်မြူးနစ်သို့ပြောင်းခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းတွင်ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက်စတင်ကစားခွင့်ရရှိခဲ့ပါတယ်။

ဂျာမနီဖွားအင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာယခုရာသီမှာဘိုင်ယန်မြူးနစ်အတွက်ဘွန်ဒက်စ်လီဂါမှာ၁၆ပွဲကစားခွင့် ရရှိကာ၃ဂိုးသွင်းယူထားပါတယ်။

မူစလီယာလာဟာဘိုင်ယန်မြူးနစ်တွင်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်နေရာတစ်နေ့တွင်လက်ရွေးစင်အသင်း ကြီးအတွက်ဆုံးဖြတ်ချက်ချရမယ့်ကာလနှင့်ကြုံလာရပါမယ်။

ဂနာဘရီက “ဒီလိုပါရမီရှင်တစ်ဦးကိုလက်လွှတ်စရာအကြောင်းမရှိပါဘူး။အစွမ်းကုန်ကြိုးစားပါမယ်။သူကတကယ့် ကိုကြီးကျယ်တဲ့ကစားသမားတစ်ဦး။လေ့ကျင့်ခန်းအစီအစဉ်နှစ်ကြိမ်လောက်မှာကတည်းကသူဟာဘယ်လိုကစား သမားလဲဆိုတာကျွန်တော်တို့သိခဲ့ကြတာပါ။သူ့ပါရမီကအံ့ဩစရာကောင်းပါတယ်။ရှက်ရွှံ့မနေပါဘူး။သူ့မှာအချိန် တွေအများကြီးရှိသေးတယ်။သူအများကြီးတိုးတက်ကောင်းလာဖို့မျှော်လင့်ပါတယ်။သူ့ရဲ့ပါရမီကိုအင်္ဂလန်အတွက် မသုံးဘဲဂျာမနီအတွက်သုံးလာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

မူစီယာလာကိုနိုင်ဂျီးရီးယားဖခင်နှင့်ဂျာမန်မိခင်တို့ကစတုဂတ်တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူ့အနေဖြင့် ဂျာမနီ၊အင်္ဂလန်အသင်းတို့အတွက်သာမကနိုင်ဂျီးရီးယားအသင်းအတွက်လည်းကစားခွင့်ရှိနေပါတယ်။

ZawGyi

ဂ်ာမန္ကို ေက်ာ္ၿပီး အဂၤလန္ကို မူစီယာလာ ေ႐ြးခ်ယ္တာမ်ိဳး အျဖစ္မခံဟု ဂနာဘရီေျပာၾကား

ဆာဂ်ီဂနာဘရီကဘိုင္ယန္ျမဴးနစ္ကစားေဖာ္ဂ်ာမယ္မူစီယာလာမွာလက္ေ႐ြးစင္အသင္းအတြက္ကစားရန္ ဆုံးျဖတ္ရာတြင္အဂၤလန္အတြက္မကစားဘဲဂ်ာမနီအသင္းအတြက္ကစားရန္ေမွ်ာ္လင့္ေၾကာင္းေျပာၾကား လိုက္ပါတယ္။

အသက္၁၇ႏွစ္ရွိမူစီယာလာဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီ ေႏွာင္းပိုင္းတြင္ဘိုင္ယန္ျမဴးနစ္အသင္းႀကီးအတြက္စတင္ကစားခြင့္ရရွိခဲ့ပါတယ္။

ဂ်ာမနီဖြားအဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာယခုရာသီမွာဘိုင္ယန္ျမဴးနစ္အတြက္ဘြန္ဒက္စ္လီဂါမွာ၁၆ပြဲကစားခြင့္ ရရွိကာ၃ဂိုးသြင္းယူထားပါတယ္။

မူစလီယာလာဟာဘိုင္ယန္ျမဴးနစ္တြင္အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ေနရာတစ္ေန႔တြင္လက္ေ႐ြးစင္အသင္း ႀကီးအတြက္ဆုံးျဖတ္ခ်က္ခ်ရမယ့္ကာလႏွင့္ႀကဳံလာရပါမယ္။

ဂနာဘရီက “ဒီလိုပါရမီရွင္တစ္ဦးကိုလက္လႊတ္စရာအေၾကာင္းမရွိပါဘူး။အစြမ္းကုန္ႀကိဳးစားပါမယ္။သူကတကယ့္ ကိုႀကီးက်ယ္တဲ့ကစားသမားတစ္ဦး။ေလ့က်င့္ခန္းအစီအစဥ္ႏွစ္ႀကိမ္ေလာက္မွာကတည္းကသူဟာဘယ္လိုကစား သမားလဲဆိုတာကြၽန္ေတာ္တို႔သိခဲ့ၾကတာပါ။သူ႔ပါရမီကအံ့ဩစရာေကာင္းပါတယ္။ရွက္႐ႊံ႕မေနပါဘူး။သူ႔မွာအခ်ိန္ ေတြအမ်ားႀကီးရွိေသးတယ္။သူအမ်ားႀကီးတိုးတက္ေကာင္းလာဖို႔ေမွ်ာ္လင့္ပါတယ္။သူ႔ရဲ႕ပါရမီကိုအဂၤလန္အတြက္ မသုံးဘဲဂ်ာမနီအတြက္သုံးလာဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မူစီယာလာကိုႏိုင္ဂ်ီးရီးယားဖခင္ႏွင့္ဂ်ာမန္မိခင္တို႔ကစတုဂတ္တြင္ေမြးဖြားခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္သူ႔အေနျဖင့္ ဂ်ာမနီ၊အဂၤလန္အသင္းတို႔အတြက္သာမကႏိုင္ဂ်ီးရီးယားအသင္းအတြက္လည္းကစားခြင့္ရွိေနပါတယ္။