ဂျာမန်ယူ-၂၁အသင်းနှင့်အတူ စံချိန်သစ်များ တင်လိုက်တဲ့ ဒေါ့မွန်ပါရမီရှင်မူကိုကို

ဒေါ့မွန်လူငယ်ပါရမီရှင်ယူဆွတ်ဖာမူကိုကိုဟာဂျာမနီယူ-၂၁အသင်းအတွက်ပထမဆုံးကစားခွင့်ရရှိရာမှာစံချိန်သစ်များရေးထိုးခဲ့ပါတယ်။

အသက်၁၆နှစ်ရှိမူကိုကိုဟာကြာသပတေးနေ့တုန်းကဆမ်မာရီနိုအား၆-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂျာမနီယူ-၂၁အတွက်ကစားခွင့်ရရှိတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာသလိုအသက်အငယ်ဆုံးဂိုးသွင်းယူသူလည်းဖြစ်လာခဲ့ပါတယ်။

ယခင်တုန်းကဂျာမနီယူ-၂၁အတွက်အသက်အငယ်ဆုံးပွဲကစားသူအဖြစ်ဖလိုရီယန်ဝတ်ဇ်က၁၇နှစ်နှင့်၁၅၉ရက်ဖြင့်စံချိန်ရေးထိုးခဲ့တာဖြစ်ပြီးဒေါ့မွန်စတားလေးကတော့အသက်၁၆နှစ်ဖြင့်စံချိန်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင်သူဟာဂျာမနီယူ-၂၁အတွက်အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ်ပါစံချိန်ရေးထိုးခဲ့ပါသေးတယ်။

မူကိုကိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘွန်ဒက်စ်လီဂါနှင့်ချန်ပီယံလိဂ်တို့တွင်အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်မှတ်တမ်းရေးထိုးခဲ့သလိုဒီဇင်ဘာလတုန်းကယူနီယံဘာလင်အား၂-၁ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာဂိုးသွင်းယူပြီးနောက်ဘွန်ဒက်စ်လီဂါရဲံအသက်အငယ်ဆုံးဂိုးသွင်းနိုင်သူလည်းဖြစ်လာခဲ့ပါတယ်။

ZawGyi





