ဂျိမ်းစ်မှာ မိမိအတွက် ဖန်တီးမှုပြုလုပ်ခဲ့ခြင်းမရှိဟု ဖာနန်ဒက်စ် ပြောကြား

ဘရူနိုဖာနန်ဒက်စ်ကကြာသပတေးနေ့တုန်းကဆိုစီဒက်အား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မန်ယူကစားဖော်ဒါနီရယ် ဂျိမ်းစ်မှာမိမိအားဖန်တီးမှုပြုလုပ်ခြင်းမရှိကြောင်းဟာသနှောပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကဆိုစီဒက်နှင့်ယူရိုပါလိဂ်၃၂သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွင်ဖာနန်ဒက်စ်ရဲ့သွင်းဂိုး၂ဂိုး၊ဂျိမ်းစ်နှင့်ရပ်ရှ်ဖို့ဒ်တို့ရဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာမန်ယူအတွက်ဒုတိယဂိုးအားဒါနီရယ်ဂျိမ်းစ်ထံမှဘောလုံးဖြင့်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်အသက်၂၆နှစ်ရှိစပို့တင်းလစ္စဘွန်းကစားသမားဟောင်းကဒါနီရယ်ဂျိမ်းစ်မှာဘောလုံးကိုထိန်းခဲ့ခြင်းမျှသာ ဖြစ်ပြီးမိမိအတွက်တမင်ရည်ရွယ်ဖန်တီးခဲ့ခြင်းမဟုတ်ဟုဆိုသွားပါတယ်။

၎င်းက “ဒန်ဂျိမ်းစ်ဆီကနေဘောလုံးရလာဖို့မျှော်လင့်ခဲ့တယ်။ဒါပေမယ့်သူကဘောလုံးကိုထိန်းခဲ့တာလို့ထင်တယ်။ ဒါပေမယ့်သူ့ကိုကျွန်တော်ဖန်တီးမှုပေးပါတယ်။ဘောလုံးကကျွန်တော်နဲ့နီးကပ်လာတာကိုမြင်ပါတယ်။ဂိုးသမားကလည်းထွက်လာတာတွေ့ရတယ်။ပထမထိန်းချုပ်နဲ့ထိန်းပြီးကန်မယ်ဆိုရင်ခက်ခဲပါတယ်။ကံကောင်းစွာဘဲကျွန်တော့်အတွက်ဂိုးဖြစ်သွားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာမန်ယူအတွက်ဦးဆောင်ဂိုးကိုလည်းရပ်ရှ်ဖို့ဒ်ပေးပို့လိုက်တဲ့ဘောလုံးကိုဆိုစီဒက်ဂိုးသမားနှင့် နောက်ခံလူနှစ်ဦးတို့ဆိုင်ပြီးဖျက်ထုတ်ရာမှကျလာတဲ့ဘောလုံးကိုအပိုင်ကန်သွင်းပြီးရရှိခဲ့တာဖြစ်ပါတယ်။

ZawGyi

ဂ်ိမ္းစ္မွာ မိမိအတြက္ ဖန္တီးမႈျပဳလုပ္ခဲ့ျခင္းမရွိဟု ဖာနန္ဒက္စ္ ေျပာၾကား

ဘ႐ူႏိုဖာနန္ဒက္စ္ကၾကာသပေတးေန႔တုန္းကဆိုစီဒက္အား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မန္ယူကစားေဖာ္ဒါနီရယ္ ဂ်ိမ္းစ္မွာမိမိအားဖန္တီးမႈျပဳလုပ္ျခင္းမရွိေၾကာင္းဟာသေႏွာေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကဆိုစီဒက္ႏွင့္ယူ႐ိုပါလိဂ္၃၂သင္းအဆင့္ရႈံးထြက္ပြဲစဥ္တြင္ဖာနန္ဒက္စ္ရဲ႕သြင္းဂိုး၂ဂိုး၊ဂ်ိမ္းစ္ႏွင့္ရပ္ရွ္ဖို႔ဒ္တို႔ရဲ႕သြင္းဂိုးတစ္ဂိုးနဲ႔အတူ၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ေပၚတူဂီကြင္းလယ္ကစားသမားဟာမန္ယူအတြက္ဒုတိယဂိုးအားဒါနီရယ္ဂ်ိမ္းစ္ထံမွေဘာလုံးျဖင့္သြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္အသက္၂၆ႏွစ္ရွိစပို႔တင္းလစၥဘြန္းကစားသမားေဟာင္းကဒါနီရယ္ဂ်ိမ္းစ္မွာေဘာလုံးကိုထိန္းခဲ့ျခင္းမွ်သာ ျဖစ္ၿပီးမိမိအတြက္တမင္ရည္႐ြယ္ဖန္တီးခဲ့ျခင္းမဟုတ္ဟုဆိုသြားပါတယ္။

၎က “ဒန္ဂ်ိမ္းစ္ဆီကေနေဘာလုံးရလာဖို႔ေမွ်ာ္လင့္ခဲ့တယ္။ဒါေပမယ့္သူကေဘာလုံးကိုထိန္းခဲ့တာလို႔ထင္တယ္။ ဒါေပမယ့္သူ႔ကိုကြၽန္ေတာ္ဖန္တီးမႈေပးပါတယ္။ေဘာလုံးကကြၽန္ေတာ္နဲ႔နီးကပ္လာတာကိုျမင္ပါတယ္။ဂိုးသမားကလည္းထြက္လာတာေတြ႕ရတယ္။ပထမထိန္းခ်ဳပ္နဲ႔ထိန္းၿပီးကန္မယ္ဆိုရင္ခက္ခဲပါတယ္။ကံေကာင္းစြာဘဲကြၽန္ေတာ့္အတြက္ဂိုးျဖစ္သြားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာမန္ယူအတြက္ဦးေဆာင္ဂိုးကိုလည္းရပ္ရွ္ဖို႔ဒ္ေပးပို႔လိုက္တဲ့ေဘာလုံးကိုဆိုစီဒက္ဂိုးသမားႏွင့္ ေနာက္ခံလူႏွစ္ဦးတို႔ဆိုင္ၿပီးဖ်က္ထုတ္ရာမွက်လာတဲ့ေဘာလုံးကိုအပိုင္ကန္သြင္းၿပီးရရွိခဲ့တာျဖစ္ပါတယ္။