ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ အယ်ရေယန်နှင့်စာချုပ်တွင် ပီအက်စ်ဂျီသို့ပြောင်းနိုင်တဲ့ လျို့ဝှက်အချက် ပါဝင်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်ကာတာကလပ်အယ်ရေယန်တို့ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်ပီ အက်စ်ဂျီသို့ပြောင်းရွှေ့နိုင်တဲ့လျို့ဝှက်အချက်တစ်ခုထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

ကိုလံဘီယာအလယ်တန်းကစားသမားဟာအဲဗာတန်မှထွက်ခွာကာအယ်ရေယန်သို့ပြောင်းခဲ့သူဖြစ်ပြီးကြာသပတေးနေ့ကရာပေါင်းများစွာသောပရိသတ်ရှေ့မှောက်မှာမိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရရိုဒရီဂွက်ဇ်ရဲ့စာချုပ်အတွင်းမှာပီအက်စ်ဂျီကသာအလိုရှိပါကပြောင်းရွှေကစားပေးရမယ့်အချက်ပါဝင်နေကြောင်းသိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာအယ်ရေယန်အသင်းပိုင်ရှင်နှင့်နီးစပ်သူဖြစ်ပါတယ်။ပီအက်စ်ဂျီဥက္ကဌနှင့်စီအီးအိုနက်စ်ဆာအယ်ခီလိုင်ဖီဟာ ကာတာအားကစားရင်းနှီးမြှပ်ရေးအဖွဲ့ရဲ့ဥက္ကဌဖြစ်ပါတယ်။

အကယ်၍ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာအယ်ရေယန်တွင်ခြေစွမ်းပြကစားနိုင်ပါကပီအက်စ်ဂျီဘက်ကအလိုရှိလာလျှင်အသင်းပြောင်းကစားပေးရပါမယ်။အကယ်၍ဖြစ်လာပါကဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာပီအက်စ်ဂျီမှာမက်ဆီ၊ရာမို့စ်၊နေမာ၊ဒီမာရီယာစတဲ့ထိပ်တန်းကစားသမားများနှင့်တွဲကစားခွင့်ရရှိပါမယ်။

ZawGyi





