ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပါအဝင် အဲဗာတန်ကစားသမားငါးဦး ဆောက်သမ်တန်ပွဲကိုလွဲမည်

အဲဗာတန်စတားဂျိမ်းစ်ရိုဒရီဂွက်ဇ်အပါအဝင်ကစားသမားငါးဦးတို့ဟာကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေရမှုနဲ့အတူဆောက်သမ်တန်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

ရာဖေးလ်ဘင်နီတက်ဇ်ဟာယနေ့ညတွင်ရင်ဆိုင်ရမယ့်ဆောက်သမ်တန်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ကစားသမားရွေးချယ်ရေးအတွက်အခက်တွေ့နေတာလည်းဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ပတ်သက်ပြီးဘင်နီတက်ဇ်က “အစပိုင်းကသူနဲ့စကားပြောထားပြီးဖြစ်ပါတယ်။ကျွန်တော့်စိတ်ကူးကိုသူသိပါတယ်။ဒါပေမယ့်လောလောဆယ်တော့သူမကစားနိုင်သေးပါဘူး။ဒီတော့ဒါကကိစ္စတစ်ခုမဟုတ်သေးပါဘူး”လို့ပြောကြားသွားပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့အတူလွဲချော်မယ့်အခြားကစားသမားများကတော့မွိုက်စ်ကိန်း၊အင်ဒရေဂိုမက်စ်၊ဂါမင်တို့ဖြစ်ပါတယ်။

ဒါ့အပြင်အိုလံပစ်ပြိုင်ပွဲတွင်ဘရာဇီးနှင့်အတူရွှေတံဆိပ်ဆုဆွတ်ခူးခဲ့တဲ့ရီချက်လီဆင်မှာလည်းအားလပ်ရက်အပန်းဖြေနေမှုနဲ့အတူပါဝင်လာဦးမှာမဟုတ်ပါဘူး။

ZawGyi

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္အပါအဝင္ အဲဗာတန္ကစားသမားငါးဦး ေဆာက္သမ္တန္ပြဲကိုလြဲမည္

အဲဗာတန္စတားဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္အပါအဝင္ကစားသမားငါးဦးတို႔ဟာကိုဗစ္ေၾကာင့္ကြာရန္တင္းဝင္ေနရမႈနဲ႔အတူေဆာက္သမ္တန္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

ရာေဖးလ္ဘင္နီတက္ဇ္ဟာယေန႔ညတြင္ရင္ဆိုင္ရမယ့္ေဆာက္သမ္တန္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ကစားသမားေ႐ြးခ်ယ္ေရးအတြက္အခက္ေတြ႕ေနတာလည္းျဖစ္ပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္နဲ႔ပတ္သက္ၿပီးဘင္နီတက္ဇ္က “အစပိုင္းကသူနဲ႔စကားေျပာထားၿပီးျဖစ္ပါတယ္။ကြၽန္ေတာ့္စိတ္ကူးကိုသူသိပါတယ္။ဒါေပမယ့္ေလာေလာဆယ္ေတာ့သူမကစားႏိုင္ေသးပါဘူး။ဒီေတာ့ဒါကကိစၥတစ္ခုမဟုတ္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္နဲ႔အတူလြဲေခ်ာ္မယ့္အျခားကစားသမားမ်ားကေတာ့မြိဳက္စ္ကိန္း၊အင္ဒေရဂိုမက္စ္၊ဂါမင္တို႔ျဖစ္ပါတယ္။

ဒါ့အျပင္အိုလံပစ္ၿပိဳင္ပြဲတြင္ဘရာဇီးႏွင့္အတူေ႐ႊတံဆိပ္ဆုဆြတ္ခူးခဲ့တဲ့ရီခ်က္လီဆင္မွာလည္းအားလပ္ရက္အပန္းေျဖေနမႈနဲ႔အတူပါဝင္လာဦးမွာမဟုတ္ပါဘူး။