ဂျိမ်းစ်ဝတ်ပရောက်စ် ပွဲပယ်ခံရမှုကြောင့် ပရီးမီးယားလိဂ်ပွဲအများဆုံးဆက်ကစားတဲ့ စံချိန်ကို တီလာမန် ချိုးလာနိုင်လာနိုင်မလား

ဂျိမ်းစ်ဝတ်ပရောက်စ်ဟာဆောက်သမ်တန်အတွက်ပရီးမီးယားလိဂ်ပွဲ၁၀၂ပွဲဆက်တိုက်ကစားထားပါတယ်။သူဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလမှစတင်ပြီးပြီးခဲ့တဲ့အပတ်အထိဆက်တိုက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အင်္ဂလန်လက်ရွေးစင်အလယ်တန်းကစားသမားဟာပရီးမီးယားလိဂ်ပွဲဆက်တိုက်ကစားတဲ့မှတ်တမ်းကယခုအပတ်မှာအဆုံးသွားတော့မှာဖြစ်ပါတယ်။

ဝတ်ပရောက်စ်ဟာပြီးခဲ့တဲ့အပတ်တုန်းကချဲလ်ဆီးနှင့်ပွဲစဉ်မှာအနီကတ်ပြသခြင်းခံခဲ့ရပြီးယခုအပတ်လိဒ်နှင့်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ဒါကြောင့်လည်းလက်စတာရဲ့ယူရီတီလာမန်ကဝတ်ပရောက်စ်ရဲ့မှတ်တမ်းရပ်တန့်သွားမှုနဲ့အတူစံချိန်သစ်ရေးထိုးနိုင်ရေးကြိုးပမ်းဖို့အခွင့်အရေးရရှိလာပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်အလယ်တန်းကစားသမားဟာပြီးခဲ့တဲ့နှစ်နှစ်သစ်ကူးကာလမှစတင်ပြီးလက်စတာရဲ့ပရီးမီးယားလိဂ်ပွဲကိုပွဲပယ်ကြောင့်သော်လည်းကောင်း၊ဒဏ်ရာကြောင့်သော်လည်းကောင်းမလွဲဖူးပါဘူး။

တီလာမန်ဟာပရီးမီးယားလိဂ်ပွဲ၆၃ပွဲဆက်တိုက်ကစားထားတာဖြစ်ပြီးသူ့နောက်မှာဝက်စ်ဟမ်းမှဂျာရော့ဒ်ဘိုဝန်းနှင့်သောမတ်စ်ဆိုချက်ခ်တို့ကနောက်ကကပ်လိုက်နေပါတယ်။ဝက်စ်ဟမ်းကစားသမားနှစ်ဦးတို့ဟာ၅၈ပွဲနှင့်၅၅ပွဲဆက်တိုက်ကစားထားကြတာပါ။

ဂိုးသွင်းအားလည်းကောင်းတဲ့‌သောမတ်စ်ဆိုချက်ခ်ဟာယခုရာသီမှာပရီးမီးယားလိဂ်မှာ၈၀.၇ကီလိုမီတာအထိပြေးလွှားထားပြီးပရီးမီးယားလိဂ်မှာနေရာအနှံလိုက်ကစားမှုအများဆုံးအဖြစ်ရပ်တည်နေပါတယ်။

လက်ရှိအချိန်မှာပရီးမီးယားလိဂ်သမိုင်းမှာပွဲဆက်အများဆုံးကစားထားတဲ့သူအဖြစ်လက်စတာဂိုးသမားကက်စ်ပါရှမိုက်ကယ်က၁၂၁ပွဲကစားကာစံချိန်ရေးထိုးထားပါတယ်။

ZawGyi

ဂ်ိမ္းစ္ဝတ္ပေရာက္စ္ ပြဲပယ္ခံရမႈေၾကာင့္ ပရီးမီးယားလိဂ္ပြဲအမ်ားဆုံးဆက္ကစားတဲ့ စံခ်ိန္ကို တီလာမန္ ခ်ိဳးလာႏိုင္လာႏိုင္မလား

ဂ်ိမ္းစ္ဝတ္ပေရာက္စ္ဟာေဆာက္သမ္တန္အတြက္ပရီးမီးယားလိဂ္ပြဲ၁၀၂ပြဲဆက္တိုက္ကစားထားပါတယ္။သူဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလမွစတင္ၿပီးၿပီးခဲ့တဲ့အပတ္အထိဆက္တိုက္ကစားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္အဂၤလန္လက္ေ႐ြးစင္အလယ္တန္းကစားသမားဟာပရီးမီးယားလိဂ္ပြဲဆက္တိုက္ကစားတဲ့မွတ္တမ္းကယခုအပတ္မွာအဆုံးသြားေတာ့မွာျဖစ္ပါတယ္။

ဝတ္ပေရာက္စ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွာအနီကတ္ျပသျခင္းခံခဲ့ရၿပီးယခုအပတ္လိဒ္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလက္စတာရဲ႕ယူရီတီလာမန္ကဝတ္ပေရာက္စ္ရဲ႕မွတ္တမ္းရပ္တန႔္သြားမႈနဲ႔အတူစံခ်ိန္သစ္ေရးထိုးႏိုင္ေရးႀကိဳးပမ္းဖို႔အခြင့္အေရးရရွိလာၿပီျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အလယ္တန္းကစားသမားဟာၿပီးခဲ့တဲ့ႏွစ္ႏွစ္သစ္ကူးကာလမွစတင္ၿပီးလက္စတာရဲ႕ပရီးမီးယားလိဂ္ပြဲကိုပြဲပယ္ေၾကာင့္ေသာ္လည္းေကာင္း၊ဒဏ္ရာေၾကာင့္ေသာ္လည္းေကာင္းမလြဲဖူးပါဘူး။

တီလာမန္ဟာပရီးမီးယားလိဂ္ပြဲ၆၃ပြဲဆက္တိုက္ကစားထားတာျဖစ္ၿပီးသူ႔ေနာက္မွာဝက္စ္ဟမ္းမွဂ်ာေရာ့ဒ္ဘိုဝန္းႏွင့္ေသာမတ္စ္ဆိုခ်က္ခ္တို႔ကေနာက္ကကပ္လိုက္ေနပါတယ္။ဝက္စ္ဟမ္းကစားသမားႏွစ္ဦးတို႔ဟာ၅၈ပြဲႏွင့္၅၅ပြဲဆက္တိုက္ကစားထားၾကတာပါ။

ဂိုးသြင္းအားလည္းေကာင္းတဲ့‌ေသာမတ္စ္ဆိုခ်က္ခ္ဟာယခုရာသီမွာပရီးမီးယားလိဂ္မွာ၈၀.၇ကီလိုမီတာအထိေျပးလႊားထားၿပီးပရီးမီးယားလိဂ္မွာေနရာအႏွံလိုက္ကစားမႈအမ်ားဆုံးအျဖစ္ရပ္တည္ေနပါတယ္။

လက္ရွိအခ်ိန္မွာပရီးမီးယားလိဂ္သမိုင္းမွာပြဲဆက္အမ်ားဆုံးကစားထားတဲ့သူအျဖစ္လက္စတာဂိုးသမားကက္စ္ပါရွမိုက္ကယ္က၁၂၁ပြဲကစားကာစံခ်ိန္ေရးထိုးထားပါတယ္။