ဂျိုးအာချင်လောမှာ ဘာစီလိုနာနှင့် သင့်တော်တဲ့နည်းပြဖြစ်ကြောင်း ဇာဗီးပြောကြား

ဂျိုးအာချင်လောမှာဘာစီလိုနာနှင့်ကိုက်ညီတဲ့နည်းပြတစ်ဦးဖြစ်ကြောင်းဂန္ထဝင်ကွင်းလယ်ကစားသမားဇာဗီးကပြောကြားလိုက်ပါတယ်။

အသက်၆၁နှစ်ရှိဂျိုးအာချင်လောဟာလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်၁၅နှစ်ကြာကိုင်တွယ်လာတဲ့ဂျာမနီအသင်းနည်းပြရာထူးမှနုတ်ထွက်သွားပါမယ်။

ဇာဗီးက “သူကတန်ဖိုးကြီးနည်းပြတစ်ဦးဖြစ်ပါတယ်။သူကတိုက်စစ်အသားပေးဖျော်ဖြေမှုကစားဟန်နဲ့ ကစားချင်ခဲ့တယ်။နောက်တော့ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တယ်။ဂျာမနီကကျွန်တော်တို့သိထားတဲ့စပိန်၊ဘာစီလိုနာတို့နဲ့ကွဲပြားတဲ့ဘောလုံးနားလည်မှုရှိတဲ့နိုင်ငံပါ။သူကဘောလုံးပွဲအကြောင်းကို နားလည်တဲ့အပြင်ပုဂ္ဂိုရေးကြောင်းလည်းဘာစီလိုနာအတွက်သင့်တော်တဲ့နည်းပြဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျိုးအာချင်လောဟာယခင်တုန်းကရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက်အကြိမ်ကြိမ်ကမ်းလှမ်းမှုရရှိခဲ့ဖူးသူဖြစ်ပါတယ်။သူဟာဂျာမနီအသင်းမှထွက်ခွာပြီးချိန်တွင်စပိန်သို့သွားရောက်နည်းပြရန်အတွက်စပိန်ဘာသာစကားလည်းသင်ယူထားပါတယ်။

ဘာစီလိုနာဟာရော်နယ်ကိုးမန်းကို၂၀၂၂ခုနှစ်နွေရာသီအထိစာချုပ်ချုပ်ဆိုထားပြီးအသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့်နည်းပြအပြောင်းအလဲလုပ်မှုအားအလျှင်စလိုပြုလုပ်သွားဖို့မရှိပါဘူး။၎င်းတို့ဟာလာလီဂါအမှတ်ပေးဇယားမှာထိပ်ဆုံးမှအက်သလက်တီကိုနှင့်လေးမှတ်အကွာမှာ ရပ်တည်နေပါတယ်။

ZawGyi

ဂ်ိဳးအာခ်င္ေလာမွာ ဘာစီလိုနာႏွင့္ သင့္ေတာ္တဲ့နည္းျပျဖစ္ေၾကာင္း ဇာဗီးေျပာၾကား

ဂ်ိဳးအာခ်င္ေလာမွာဘာစီလိုနာႏွင့္ကိုက္ညီတဲ့နည္းျပတစ္ဦးျဖစ္ေၾကာင္းဂႏၴဝင္ကြင္းလယ္ကစားသမားဇာဗီးကေျပာၾကားလိုက္ပါတယ္။

အသက္၆၁ႏွစ္ရွိဂ်ိဳးအာခ်င္ေလာဟာလာမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္၁၅ႏွစ္ၾကာကိုင္တြယ္လာတဲ့ဂ်ာမနီအသင္းနည္းျပရာထူးမွႏုတ္ထြက္သြားပါမယ္။

ဇာဗီးက “သူကတန္ဖိုးႀကီးနည္းျပတစ္ဦးျဖစ္ပါတယ္။သူကတိုက္စစ္အသားေပးေဖ်ာ္ေျဖမႈကစားဟန္နဲ႔ ကစားခ်င္ခဲ့တယ္။ေနာက္ေတာ့ကမာၻ႔ခ်န္ပီယံျဖစ္လာခဲ့တယ္။ဂ်ာမနီကကြၽန္ေတာ္တို႔သိထားတဲ့စပိန္၊ဘာစီလိုနာတို႔နဲ႔ကြဲျပားတဲ့ေဘာလုံးနားလည္မႈရွိတဲ့ႏိုင္ငံပါ။သူကေဘာလုံးပြဲအေၾကာင္းကို နားလည္တဲ့အျပင္ပုဂၢိဳေရးေၾကာင္းလည္းဘာစီလိုနာအတြက္သင့္ေတာ္တဲ့နည္းျပျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ိဳးအာခ်င္ေလာဟာယခင္တုန္းကရီးရဲလ္မက္ဒရစ္နည္းျပရာထူးအတြက္အႀကိမ္ႀကိမ္ကမ္းလွမ္းမႈရရွိခဲ့ဖူးသူျဖစ္ပါတယ္။သူဟာဂ်ာမနီအသင္းမွထြက္ခြာၿပီးခ်ိန္တြင္စပိန္သို႔သြားေရာက္နည္းျပရန္အတြက္စပိန္ဘာသာစကားလည္းသင္ယူထားပါတယ္။

ဘာစီလိုနာဟာေရာ္နယ္ကိုးမန္းကို၂၀၂၂ခုႏွစ္ေႏြရာသီအထိစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးအသင္းရဲ႕ဘ႑ာေရးအေျခအေနေၾကာင့္နည္းျပအေျပာင္းအလဲလုပ္မႈအားအလွ်င္စလိုျပဳလုပ္သြားဖို႔မရွိပါဘူး။၎တို႔ဟာလာလီဂါအမွတ္ေပးဇယားမွာထိပ္ဆုံးမွအက္သလက္တီကိုႏွင့္ေလးမွတ္အကြာမွာ ရပ္တည္ေနပါတယ္။