ဂျီနိုအာနှင့်ပွဲစဉ်တွင် ဂျူဗင်တပ် နောက်ခံလူဒီလက် ပြန်လည်ပါဝင်မည်

ဂျူဗင်တပ်က နောက်ခံလူမားသီးယပ်စ်ဒီလက်မှာကိုဗစ်မှပျောက်ကင်းသွားပြီဖြစ်လို့ယနေ့ညဂျီနိုအာနှင့်ပွဲစဉ်တွင် ပါဝင်လာမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဒတ်ချ်လက်ရွေးစင်နောက်ခံလူဟာဇန်နဝါရီလ၈ရက်နေ့တုန်းကကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက် အင်တာ၊နာပိုလီတို့နှင့်အရေးပါတဲ့ပွဲစဉ်များကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာလိုအပ်တဲ့စစ်ဆေးမှုများခံယူပြီးနောက်ကိုဗစ်ကင်းစင်သွားပြီဖြစ်လို့ဂျူဗင်တပ်နှင့်အသင်းလူစာရင်း တွင်ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။

ဂျူဗင်တပ်နောက်ခံလူကွာဒရာဒိုမှာလည်းကိုဗစ်ပျောက်ကင်းသွားခဲ့ပြီဖြစ်လို့ကြားရက်တုန်းကနာပိုလီကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့အီတလီစူပါဖလားပွဲစဉ်တွင်ပြန်လည်ပါဝင်နိုင်ခဲ့ပြီးဂျီနိုအာနှင့်ပွဲတွင်လည်းပါဝင်လာပါမယ်။

ဒါပေမယ့်ဘယ်နောက်ခံလူဆန်ဒရိုမှာပေါ့စတစ်ဖြစ်နေဆဲဖြစ်လို့ကွာရန်တင်းဝင်နေရဆဲဖြစ်ပါတယ်။

ZawGyi

ဂ်ီႏိုအာႏွင့္ပြဲစဥ္တြင္ ဂ်ဴဗင္တပ္ ေနာက္ခံလူဒီလက္ ျပန္လည္ပါဝင္မည္

ဂ်ဴဗင္တပ္က ေနာက္ခံလူမားသီးယပ္စ္ဒီလက္မွာကိုဗစ္မွေပ်ာက္ကင္းသြားၿပီျဖစ္လို႔ယေန႔ညဂ်ီႏိုအာႏွင့္ပြဲစဥ္တြင္ ပါဝင္လာမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူဟာဇန္နဝါရီလ၈ရက္ေန႔တုန္းကကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္ အင္တာ၊နာပိုလီတို႔ႏွင့္အေရးပါတဲ့ပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာလိုအပ္တဲ့စစ္ေဆးမႈမ်ားခံယူၿပီးေနာက္ကိုဗစ္ကင္းစင္သြားၿပီျဖစ္လို႔ဂ်ဴဗင္တပ္ႏွင့္အသင္းလူစာရင္း တြင္ျပန္လည္ပါဝင္လာၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ေနာက္ခံလူကြာဒရာဒိုမွာလည္းကိုဗစ္ေပ်ာက္ကင္းသြားခဲ့ၿပီျဖစ္လို႔ၾကားရက္တုန္းကနာပိုလီကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့အီတလီစူပါဖလားပြဲစဥ္တြင္ျပန္လည္ပါဝင္ႏိုင္ခဲ့ၿပီးဂ်ီႏိုအာႏွင့္ပြဲတြင္လည္းပါဝင္လာပါမယ္။

ဒါေပမယ့္ဘယ္ေနာက္ခံလူဆန္ဒ႐ိုမွာေပါ့စတစ္ျဖစ္ေနဆဲျဖစ္လို႔ကြာရန္တင္းဝင္ေနရဆဲျဖစ္ပါတယ္။