ဂျီနိုအာနှင့်ပွဲတွင် အနိုင်ဂိုးများသွင်းခဲ့တဲ့ လူငယ်ကစားသမားအဖီနာဂျန်ကို သူလိုချင်တဲ့ ယူရို ၈၀၀ တန်ဖိနပ်ဝယ်ပေးခဲ့တဲ့ မော်ရင်ဟို

ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုဟာဂျီနိုအာအားအနိုင်ရရှိတဲ့ပွဲတွင်အနိုင်ဂိုးများသွင်းခဲ့တဲ့လူငယ်ကစားသမားဖီးလစ်အဖီနာဂျန်ကိုကတိအတိုင်းသူအရမ်းလိုချင်နေတဲ့ယူရို၈၀၀တန်ဖိနပ်တစ်ရံဝယ်ပေးခဲ့ပါတယ်။

အသက်၁၈နှစ်ရှိအရွယ်ရှိလူငယ်ကစားသမားဟာဂျီနိုအာအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လူစားဝင်ရောက်လာပြီးနောက်ရိုးမားအတွက်အနိုင်ဂိုးနှစ်ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာပွဲချိန်၇၄မိနစ်မှာလူစားဝင်ရောက်လာပြီးနောက်မိနစ်အနည်းငယ်အကြာမှာဧရိယာအပြင်ကနေလှပစွာကန်သွင်းပြီးပထမအနိုင်ဂိုးသွင်းခဲ့ပါတယ်။သူဟာဂိုးသွင်းယူပြီးနောက်ကွင်းဘေးစည်းရှိမော်ရင်ဟိုထံသို့သွားရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ဂျီနိုအာပွဲအပြီးတွင်ပေါ်တူဂီလူမျိုးနည်းပြကအဖီနာဂျန်ကိုတန်ဖိုးကြီးဖိနပ်သစ်တစ်ရံဝယ်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။

ချဲလ်ဆီးနှင့်မန်ယူနည်းပြဟောင်းဟာတကယ်တမ်းမှာလည်းသူ့ကတိအတိုင်းဂါနာလူငယ်ကစားသမားအတွက်ယူရို၈၀၀တန်ဖိနပ်တစ်ရံဝယ်ပေးခဲ့ပါတယ်။

လူငယ်ကစားသမားဟာမော်ရင်ဟိုထံမှဖိနပ်သစ်လက်ဆောင်ရရှိပုံအားဗီဒီယိုမှတ်တမ်းတင်ကာအွန်လိုင်းမှာတင်ခဲ့ပါတယ်။

အဖီနာဂျန်ဟာယခုရာသီတွင်အသင်းကြီးသို့တက်လှမ်းခွင့်ရလာသူဖြစ်ပြီးဒုတိယမြောက်စီးရီးအေပွဲကစားခွင့်ရရှိရာတွင်၂ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မော်ရင်ဟိုဟာအသင်းအတွက်နိုင်ပွဲဆောင်ကျဉ်ပေးထားတဲ့အဖီနာဂျန်ကိုလူငယ်အသင်းသို့စေလွှတ်တော့မှာမဟုတ်ဘဲအသင်းကြီးတွင်ပင်ဆက်ထားတော့မှာဖြစ်ပါတယ်။

ရိုးမားဟာဂျီနိုအာကိုအနိုင်ရရှိခဲ့မှုကြောင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ZawGyi

ဂ်ီႏိုအာႏွင့္ပြဲတြင္ အႏိုင္ဂိုးမ်ားသြင္းခဲ့တဲ့ လူငယ္ကစားသမားအဖီနာဂ်န္ကို သူလိုခ်င္တဲ့ ယူ႐ို ၈၀၀ တန္ဖိနပ္ဝယ္ေပးခဲ့တဲ့ ေမာ္ရင္ဟို

႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုဟာဂ်ီႏိုအာအားအႏိုင္ရရွိတဲ့ပြဲတြင္အႏိုင္ဂိုးမ်ားသြင္းခဲ့တဲ့လူငယ္ကစားသမားဖီးလစ္အဖီနာဂ်န္ကိုကတိအတိုင္းသူအရမ္းလိုခ်င္ေနတဲ့ယူ႐ို၈၀၀တန္ဖိနပ္တစ္ရံဝယ္ေပးခဲ့ပါတယ္။

အသက္၁၈ႏွစ္ရွိအ႐ြယ္ရွိလူငယ္ကစားသမားဟာဂ်ီႏိုအာအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လူစားဝင္ေရာက္လာၿပီးေနာက္႐ိုးမားအတြက္အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာပြဲခ်ိန္၇၄မိနစ္မွာလူစားဝင္ေရာက္လာၿပီးေနာက္မိနစ္အနည္းငယ္အၾကာမွာဧရိယာအျပင္ကေနလွပစြာကန္သြင္းၿပီးပထမအႏိုင္ဂိုးသြင္းခဲ့ပါတယ္။သူဟာဂိုးသြင္းယူၿပီးေနာက္ကြင္းေဘးစည္းရွိေမာ္ရင္ဟိုထံသို႔သြားေရာက္ကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ဂ်ီႏိုအာပြဲအၿပီးတြင္ေပၚတူဂီလူမ်ိဳးနည္းျပကအဖီနာဂ်န္ကိုတန္ဖိုးႀကီးဖိနပ္သစ္တစ္ရံဝယ္ေပးမယ္လို႔ကတိျပဳခဲ့ပါတယ္။

ခ်ဲလ္ဆီးႏွင့္မန္ယူနည္းျပေဟာင္းဟာတကယ္တမ္းမွာလည္းသူ႔ကတိအတိုင္းဂါနာလူငယ္ကစားသမားအတြက္ယူ႐ို၈၀၀တန္ဖိနပ္တစ္ရံဝယ္ေပးခဲ့ပါတယ္။

လူငယ္ကစားသမားဟာေမာ္ရင္ဟိုထံမွဖိနပ္သစ္လက္ေဆာင္ရရွိပုံအားဗီဒီယိုမွတ္တမ္းတင္ကာအြန္လိုင္းမွာတင္ခဲ့ပါတယ္။

အဖီနာဂ်န္ဟာယခုရာသီတြင္အသင္းႀကီးသို႔တက္လွမ္းခြင့္ရလာသူျဖစ္ၿပီးဒုတိယေျမာက္စီးရီးေအပြဲကစားခြင့္ရရွိရာတြင္၂ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ေမာ္ရင္ဟိုဟာအသင္းအတြက္ႏိုင္ပြဲေဆာင္က်ဥ္ေပးထားတဲ့အဖီနာဂ်န္ကိုလူငယ္အသင္းသို႔ေစလႊတ္ေတာ့မွာမဟုတ္ဘဲအသင္းႀကီးတြင္ပင္ဆက္ထားေတာ့မွာျဖစ္ပါတယ္။

႐ိုးမားဟာဂ်ီႏိုအာကိုအႏိုင္ရရွိခဲ့မႈေၾကာင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။