
ဘောလုံးပရိသတ်တစ်ဦးဟာဂျီမန်စီယာနှင့်ဘိုကာဂျူနီယာတို့ကစားတဲ့ပွဲတွင် ပရိသတ်များနှင့်ရဲတပ်ဖွဲ့ဝင်တို့အကြားပြဿနာတက်ရာမှာသေဆုံးသွားခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တို့ကဂျီမန်စီယာပရိသတ်အချို့တို့က ရန်လိုတဲ့အပြုအမူများပြုလုပ်ခြင်း၊ညွှန်ကြားချက်ကိုမလိုက်နာခြင်းတို့ကြောင့် အဆိုပါဆိုးရွားအကျဉ်းတန်လှတဲ့အဖြစ်အပျက်ဖြစ်ပျက်လာခြင်းဖြစ်ကြောင်းစွပ်စွဲထားပါတယ်။
ရဲတပ်ဖွဲ့ဝင်များဟာရော်ဘာကျည်နှင့်မျက်ရည်ယိုဗုံးတို့အသုံးပြုကာပရိသတ်များကိုတားဆီးရန်ကြိုးပမ်းမှုမှ ဒေသတွင်းရုပ်သံသတင်းထောက်တစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးပစ်ခတ်မှုခံခဲ့ရပါတယ်။
ကွင်းအတွင်းပစ်လိုက်တဲ့မျက်ရည်ယိုဗုံးဒဏ်ကိုကစားသမားများ၊ပရိသတ်များခံခဲ့ရပြီးပွဲကိုလည်းရပ်ဆိုင်းခဲ့ရပါတယ်။
ဂျီမန်စီယာစတားလီယိုနာဒိုမိုရာလက်စ်က “ကျွန်တော့်ရဲ့၂နှစ်နှင့်ခြောက်လပဲရှိသေးတဲ့သားဆို အသက်တောင်မရှူနိုင်ဘူး။ကွင်းအတွင်းမှာရှိတဲ့လူတွေအတွက်အရမ်းပဲစိုးရိမ်ခဲ့ကြရတယ်။တကယ့်ကိုရူးချင်စရာပါ။ကျွန်တော်တို့ဟာပုံမှန်ပွဲတစ်ပွဲကိုကစားနေတာပါ။ဒါပေမဲ့ချက်ချင်းအခုလိုပြောင်းလဲသွားတယ်။ကျွန်တော်တို့နယ်သားတွေသေဆုံးလုနီးပါးပဲ”လို့ပြောကြားသွားပါတယ်။
အသက်၅၇နှစ်ရှိဂျီမန်စီယာပရိသတ်တစ်ဦးမှာနှလုံးရောဂါဖောက်လာမှုကြောင့်ဆေးရုံတွင်သေဆုံးသွားခဲ့ပြီးကလေးငယ်တစ်ဦးမှာလည်းမျက်လုံးကွယ်သွားခဲ့ကြောင်းသိရပါတယ်။
ZawGyi
ဂ်ီမန္စီယာႏွင့္ဘိုကာဂ်ဴနီယာပြဲတြင္ ပရိသတ္ႏွင့္ရဲတပ္ဖြဲ႕ ရန္ပြဲတြင္ ပရိသတ္တစ္ဦးေသဆုံးၿပီး သတင္းေထာက္တစ္ဦးပစ္ခတ္ခံရ
ေဘာလုံးပရိသတ္တစ္ဦးဟာဂ်ီမန္စီယာႏွင့္ဘိုကာဂ်ဴနီယာတို႔ကစားတဲ့ပြဲတြင္ ပရိသတ္မ်ားႏွင့္ရဲတပ္ဖြဲ႕ဝင္တို႔အၾကားျပႆနာတက္ရာမွာေသဆုံးသြားခဲ့ပါတယ္။
ေဒသခံအာဏာပိုင္တို႔ကဂ်ီမန္စီယာပရိသတ္အခ်ိဳ႕တို႔က ရန္လိုတဲ့အျပဳအမူမ်ားျပဳလုပ္ျခင္း၊ၫႊန္ၾကားခ်က္ကိုမလိုက္နာျခင္းတို႔ေၾကာင့္ အဆိုပါဆိုး႐ြားအက်ဥ္းတန္လွတဲ့အျဖစ္အပ်က္ျဖစ္ပ်က္လာျခင္းျဖစ္ေၾကာင္းစြပ္စြဲထားပါတယ္။
ရဲတပ္ဖြဲ႕ဝင္မ်ားဟာေရာ္ဘာက်ည္ႏွင့္မ်က္ရည္ယိုဗုံးတို႔အသုံးျပဳကာပရိသတ္မ်ားကိုတားဆီးရန္ႀကိဳးပမ္းမႈမွ ေဒသတြင္း႐ုပ္သံသတင္းေထာက္တစ္ဦးမွာ ရဲတပ္ဖြဲ႕ဝင္တစ္ဦးပစ္ခတ္မႈခံခဲ့ရပါတယ္။
ကြင္းအတြင္းပစ္လိုက္တဲ့မ်က္ရည္ယိုဗုံးဒဏ္ကိုကစားသမားမ်ား၊ပရိသတ္မ်ားခံခဲ့ရၿပီးပြဲကိုလည္းရပ္ဆိုင္းခဲ့ရပါတယ္။
ဂ်ီမန္စီယာစတားလီယိုနာဒိုမိုရာလက္စ္က “ကြၽန္ေတာ့္ရဲ႕၂ႏွစ္ႏွင့္ေျခာက္လပဲရွိေသးတဲ့သားဆို အသက္ေတာင္မရႉႏိုင္ဘူး။ကြင္းအတြင္းမွာရွိတဲ့လူေတြအတြက္အရမ္းပဲစိုးရိမ္ခဲ့ၾကရတယ္။တကယ့္ကို႐ူးခ်င္စရာပါ။ကြၽန္ေတာ္တို႔ဟာပုံမွန္ပြဲတစ္ပြဲကိုကစားေနတာပါ။ဒါေပမဲ့ခ်က္ခ်င္းအခုလိုေျပာင္းလဲသြားတယ္။ကြၽန္ေတာ္တို႔နယ္သားေတြေသဆုံးလုနီးပါးပဲ”လို႔ေျပာၾကားသြားပါတယ္။
အသက္၅၇ႏွစ္ရွိဂ်ီမန္စီယာပရိသတ္တစ္ဦးမွာႏွလုံးေရာဂါေဖာက္လာမႈေၾကာင့္ေဆး႐ုံတြင္ေသဆုံးသြားခဲ့ၿပီးကေလးငယ္တစ္ဦးမွာလည္းမ်က္လုံးကြယ္သြားခဲ့ေၾကာင္းသိရပါတယ္။