ဂျီးဆပ်စ်အား ကိုပါအမေရိကဗိုလ်လုပွဲပယ်မှုအတွက် နေမာပေါက်ကွဲ

နေမာဟာစနေနေ့တွင်ကစားမယ့်ကိုပါအမေရိကဗိုလ်လုပွဲအတွက်ဘရာဇီးကစားဖော်ဂါဘရီရယ်ဂျီးဆပ်စ်အားပွဲပယ်လိုက်မှုအတွက်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကိုဝေဖန်လိုက်ပါတယ်။

ဂျီးဆပ်စ်ဟာချီလီနှင့်ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်ချီလီကစားသမားအူဂီနီယိုမီနာရဲ့မျက်နှာကိုခုန်ပျံကာကွန်ဖူးကစ်ဖြင့်ကန်ခဲ့မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ပွဲအပြီးတွင်ဂါဘရီရယ်ဂျီးဆပ်စ်ဟာအထက်ပါအဖြစ်အပျက်အတွက်တောင်းပန်ခဲ့ပြီးမတော်တဆဖြစ်ခဲ့ခြင်းမျှသာဖြစ်ကြောင်းဆိုသွားပါတယ်။

ဂျီးဆပ်စ်ဟာအနီကတ်ကြောင့်ပီရူးအားအနိုင်ရရှိတဲ့ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်အားလွဲခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကဂျီးဆပ်စ်အားနောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရန်ဆုံးဖြတ်လာပါတယ်။ဂျီးဆပ်စ်အနေဖြင့်အယူခံဝင်ခွင့်လည်းမရှိပါဘူး။

နေမာက “ဒီဆုံးဖြတ်ချက်မျိုးချတတ်တဲ့သူတွေရဲ့လက်ထဲမှာရှိရတာစိတ်မကောင်းစရာပါ။သူတို့ဟာကစားပုံကိုလှပစွာဆန်းစစ်မှုပြုလုပ်ခဲ့ပါတယ်။သူတို့ကိုကျွန်တော်တို့ဂုဏ်ပြုရပါမယ်”လို့ဝေဖန်သွားပါတယ်။

ဂျီးဆပ်စ်ကလည်း “နှစ်ပွဲပယ်။အယူခံမှုမရှိဘူးတဲ့လား။ကွန်ဂရက်ကျူလေးရှင်းပါ CONMEBOL။ဘာတွေဖြစ်ခဲ့တယ်ဆိုတာခင်ဗျားတို့မမြင်ဘူးလို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ဘရာဇီးဟာပီရူးနှင့်ပွဲစဉ်မှာဂျီးဆပ်စ်အစားအဲဗာတန်ကိုအသုံးပြုသွားခဲ့ပါတယ်။ဘရာဇီးဟာစနေနေ့မှာကစားရမယ့်အာဂျင်တီးနားနှင့်ဗိုလ်လုပွဲမှာလည်းဂျီးဆပ်စ်အစားအဲဗာတန်ကိုအသုံးပြုသွားဖို့ရှိပါတယ်။

လာမယ့်ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာမက်ဆီနှင့်နေမာတို့ဟာသူတို့ရဲ့ကစားသမားဘဝပထမဆုံးကိုပါအမေရိကဖလားဆွတ်ခူးနိုင်ရေးအစွမ်းကုန်ကြိုးပမ်းကြမယ့်ပွဲလည်းဖြစ်ပါတယ်။

၂၀၁၉ခုနှစ်တုန်းကဘရာဇီးအသင်းကိုပါအမေရိကဖလားချန်ပီယံဖြစ်စဉ်ကနေမာမှာဒဏ်ရာကြောင့်လွဲချော်ခဲ့ပါတယ်။တစ်ဖက်တွင်မက်ဆီမှာလည်းအာဂျင်တီးနားနှင့်အတူဆုဖလားတစ်ကြိမ်မျှဆွတ်ခူးဖူးခြင်းမရှိပါဘူး။

ZawGyi

ဂ်ီးဆပ္စ္အား ကိုပါအေမရိကဗိုလ္လုပြဲပယ္မႈအတြက္ ေနမာေပါက္ကြဲ

ေနမာဟာစေနေန႔တြင္ကစားမယ့္ကိုပါအေမရိကဗိုလ္လုပြဲအတြက္ဘရာဇီးကစားေဖာ္ဂါဘရီရယ္ဂ်ီးဆပ္စ္အားပြဲပယ္လိုက္မႈအတြက္ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကိုေဝဖန္လိုက္ပါတယ္။

ဂ်ီးဆပ္စ္ဟာခ်ီလီႏွင့္ကိုပါအေမရိကဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္ခ်ီလီကစားသမားအူဂီနီယိုမီနာရဲ႕မ်က္ႏွာကိုခုန္ပ်ံကာကြန္ဖူးကစ္ျဖင့္ကန္ခဲ့မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ပြဲအၿပီးတြင္ဂါဘရီရယ္ဂ်ီးဆပ္စ္ဟာအထက္ပါအျဖစ္အပ်က္အတြက္ေတာင္းပန္ခဲ့ၿပီးမေတာ္တဆျဖစ္ခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဂ်ီးဆပ္စ္ဟာအနီကတ္ေၾကာင့္ပီ႐ူးအားအႏိုင္ရရွိတဲ့ကိုပါအေမရိကဆီမီးဖိုင္နယ္ပြဲစဥ္အားလြဲခဲ့ၿပီးျဖစ္ပါတယ္။ဒါေပမယ့္ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကဂ်ီးဆပ္စ္အားေနာက္ထပ္တစ္ပြဲပယ္ျပစ္ဒဏ္က်ခံရန္ဆုံးျဖတ္လာပါတယ္။ဂ်ီးဆပ္စ္အေနျဖင့္အယူခံဝင္ခြင့္လည္းမရွိပါဘူး။

ေနမာက “ဒီဆုံးျဖတ္ခ်က္မ်ိဳးခ်တတ္တဲ့သူေတြရဲ႕လက္ထဲမွာရွိရတာစိတ္မေကာင္းစရာပါ။သူတို႔ဟာကစားပုံကိုလွပစြာဆန္းစစ္မႈျပဳလုပ္ခဲ့ပါတယ္။သူတို႔ကိုကြၽန္ေတာ္တို႔ဂုဏ္ျပဳရပါမယ္”လို႔ေဝဖန္သြားပါတယ္။

ဂ်ီးဆပ္စ္ကလည္း “ႏွစ္ပြဲပယ္။အယူခံမႈမရွိဘူးတဲ့လား။ကြန္ဂရက္က်ဴေလးရွင္းပါ CONMEBOL။ဘာေတြျဖစ္ခဲ့တယ္ဆိုတာခင္ဗ်ားတို႔မျမင္ဘူးလို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဘရာဇီးဟာပီ႐ူးႏွင့္ပြဲစဥ္မွာဂ်ီးဆပ္စ္အစားအဲဗာတန္ကိုအသုံးျပဳသြားခဲ့ပါတယ္။ဘရာဇီးဟာစေနေန႔မွာကစားရမယ့္အာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲမွာလည္းဂ်ီးဆပ္စ္အစားအဲဗာတန္ကိုအသုံးျပဳသြားဖို႔ရွိပါတယ္။

လာမယ့္ကိုပါအေမရိကဖလားဗိုလ္လုပြဲမွာမက္ဆီႏွင့္ေနမာတို႔ဟာသူတို႔ရဲ႕ကစားသမားဘဝပထမဆုံးကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းၾကမယ့္ပြဲလည္းျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္တုန္းကဘရာဇီးအသင္းကိုပါအေမရိကဖလားခ်န္ပီယံျဖစ္စဥ္ကေနမာမွာဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ပါတယ္။တစ္ဖက္တြင္မက္ဆီမွာလည္းအာဂ်င္တီးနားႏွင့္အတူဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးဖူးျခင္းမရွိပါဘူး။