ဂျုံးစ်က ကျောနံပါတ် ၄ ကို လွဲပေးရန် ငြင်းဆိုမှုကြောင့် ကျောနံပါတ် ၁၉ ကို ရွေးခဲ့ရတဲ့ ဗာရိန်း

မန်ယူနောက်ခံလူသစ်ရာဖေးလ်ဗာရိန်းဟာဖီးလ်ဂျုံးစ်ကသူဝတ်ဆင်နေတဲ့ကျောနံပါတ်၄ကို လွဲပြောင်းပေးရန်အငြင်းပွားဖွယ်ရာငြင်းဆိုမှုနဲ့အတူကျောနံပါတ်၁၉ကိုရွေးချယ်ခဲ့ရကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိဗာရိန်းဟာမနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာလိဒ်ယူနိုက်တက်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမတိုင်မီကွင်းအတွင်းတွင်မိတ်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်ယူနှင့်လေးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။မန်ယူဟာဗာရိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်၄၂သန်းအထိပေးရနိုင်ပါတယ်။

လိဒ်နှင့်ပွဲစဉ်မတိုင်မီမန်ယူပရိသတ်များဟာဗာရိန်းအားကြိုဆိုခဲ့ကြပေမယ့်ဖီးလ်ဂျုံးစ်ကတော့ပြင်သစ်နောက်ခံလူကိုဝမ်းပမ်းတသာမကြိုဆိုခဲ့ပါဘူး။

အစဉ်အလာအားဖြင့်ကျောနံပါတ်၄ကိုပထမဦးစားပေးနောက်ခံလူအတွက်ဖြစ်ပြီးဟယ်ရီမက်ဂွိုင်းယားနှင့်လင်ဒီလော့ဖ်တို့ကကျောနံပါတ်၅နှင့်ကျောနံပါတ်၂တို့ကိုအသီးသီးရယူထားပါတယ်။

ဖီးလ်ဂျုံးစ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလနောက်ပိုင်းတွင်မန်ယူအတွက်တစ်ပွဲမျှကစားခွင့်မရရှိလာတဲ့အပြင်မန်ယူမှာပဥ္စမဦးစားပေးနောက်ခံလူအဖြစ်သာကစားခွင့်ရနေတာလည်းဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာမန်ယူအတွက်ကစားခွင့်မရတာတစ်နှစ်ကျော်လာပြီဖြစ်ပေမယ့်မန်ယူနှင့်၂နှစ်စာချုပ်ကျန်နေသေးတဲ့သူလည်းဖြစ်ပါတယ်။

မန်ယူကသူ့ကိုယခုနွေမှာထွက်ခွာစေချင်ပေမယ့်လည်းသူ့ကိုခေါ်ယူလိုတဲ့ကလပ်တစ်သင်းမျှမရှိတာကြောင့်စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိဆက်ထိန်းသွားရမယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

ZawGyi

ဂ်ဳံးစ္က ေက်ာနံပါတ္ ၄ ကို လြဲေပးရန္ ျငင္းဆိုမႈေၾကာင့္ ေက်ာနံပါတ္ ၁၉ ကို ေ႐ြးခဲ့ရတဲ့ ဗာရိန္း

မန္ယူေနာက္ခံလူသစ္ရာေဖးလ္ဗာရိန္းဟာဖီးလ္ဂ်ဳံးစ္ကသူဝတ္ဆင္ေနတဲ့ေက်ာနံပါတ္၄ကို လြဲေျပာင္းေပးရန္အျငင္းပြားဖြယ္ရာျငင္းဆိုမႈနဲ႔အတူေက်ာနံပါတ္၁၉ကိုေ႐ြးခ်ယ္ခဲ့ရေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိဗာရိန္းဟာမေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာလိဒ္ယူႏိုက္တက္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမတိုင္မီကြင္းအတြင္းတြင္မိတ္ဆက္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္ယူႏွင့္ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။မန္ယူဟာဗာရိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၂သန္းအထိေပးရႏိုင္ပါတယ္။

လိဒ္ႏွင့္ပြဲစဥ္မတိုင္မီမန္ယူပရိသတ္မ်ားဟာဗာရိန္းအားႀကိဳဆိုခဲ့ၾကေပမယ့္ဖီးလ္ဂ်ဳံးစ္ကေတာ့ျပင္သစ္ေနာက္ခံလူကိုဝမ္းပမ္းတသာမႀကိဳဆိုခဲ့ပါဘူး။

အစဥ္အလာအားျဖင့္ေက်ာနံပါတ္၄ကိုပထမဦးစားေပးေနာက္ခံလူအတြက္ျဖစ္ၿပီးဟယ္ရီမက္ဂြိဳင္းယားႏွင့္လင္ဒီေလာ့ဖ္တို႔ကေက်ာနံပါတ္၅ႏွင့္ေက်ာနံပါတ္၂တို႔ကိုအသီးသီးရယူထားပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလေနာက္ပိုင္းတြင္မန္ယူအတြက္တစ္ပြဲမွ်ကစားခြင့္မရရွိလာတဲ့အျပင္မန္ယူမွာပၪၥမဦးစားေပးေနာက္ခံလူအျဖစ္သာကစားခြင့္ရေနတာလည္းျဖစ္ပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာမန္ယူအတြက္ကစားခြင့္မရတာတစ္ႏွစ္ေက်ာ္လာၿပီျဖစ္ေပမယ့္မန္ယူႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့သူလည္းျဖစ္ပါတယ္။

မန္ယူကသူ႔ကိုယခုေႏြမွာထြက္ခြာေစခ်င္ေပမယ့္လည္းသူ႔ကိုေခၚယူလိုတဲ့ကလပ္တစ္သင္းမွ်မရွိတာေၾကာင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိဆက္ထိန္းသြားရမယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။