ဂျူဗင်တပ်ကို ဆိုးရွားတဲ့ရက်သတ္တပတ်ကြုံလာရအောင် အမှားပြုလုပ်ခဲ့တဲ့ ဆက်ဇက်နီ

အာဆင်နယ်ဂိုးသမားဟောင်းဆက်ဇက်နီဟာဂျူဗင်တပ်ကိုပိုမိုဆိုးရွားတဲ့ရက်သတ္တပတ်ကြုံတွေ့လာရအောင်အမှားကြီးတစ်ခုကျူးလွန်ခဲ့ပါတယ်။

ဂျူဗင်တပ်ဂိုးသမားဆက်ဇက်နီဟာမနေ့ညတုန်းကအတ္တလန္တာနှင့်သုံးဂိုးစီသရေကျတဲ့ပွဲတွင်အမှားပြုလုပ်ပြီးပြိုင်ဘက်အသင်းကိုလက်ဆောင်ဂိုးတစ်ဂိုးပေးခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာဘဏ္ဍရေးစာရင်းအမှားပြမှုကြောင့်ရမှတ်၁၅မှတ်အဖြတ်ခံရပြီးနောက်အတ္တလန္တာနှင့်သုံးဂိုးစီသရေကျခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲတွင်ဆက်ဇက်နီဟာပွဲအစ၄မိနစ်မှာပဲအတ္တလန္တာအသင်းဦးဆောင်ဂိုးစောစောစီးစီးရရှိအောင်အမှားပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပွဲအစ၄မိနစ်တွင်အဒီမိုလာလော့ခ်မန်းရဲ့ကန်ချက်ကိုပေါ့ပေါ့ဆဆကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဆက်ဇက်နီဟာသူ့အမှားကြောင့်ဦးဆောင်ဂိုးစောစောစီးစီးပေးလိုက်ရမှုအတွက်လည်းအကြီးအကျယ်စိတ်ပျက်နေခဲ့တာတွေ့ရပါတယ်။

ဂျူဗင်တပ်ဟာဦးဆောင်ဂိုးစောစောစီးစီးပေးခဲ့ရပေမဲ့ဒီမာရီယာကပင်နယ်တီမှချေပဂိုးသွင်းခဲ့ပြီး၃၄မိနစ်မှာမီလစ်ခ်ကဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့အတ္တလန္တာဟာ၄၆မိနစ်နဲ့၅၃မိနစ်တို့မှာချေပဂိုးနဲ့ဦးဆောင်ဂိုးသွင်းခဲ့လို့ဂျူဗင်တပ်တို့နောက်ကလိုက်ကစားခဲ့ရပါတယ်။ပွဲချိန်၆၅မိနစ်မှာဒါနီလိုကဂျူဗင်တပ်အတွက်ချေပဂိုးသွင်းခဲ့လို့၃ဂိုးစီသရေဖြင့်ပြီးဆုံးသွားပါတယ်။

 

ZawGyi

ဂ်ဴဗင္တပ္ကို ဆိုး႐ြားတဲ့ရက္သတၱပတ္ႀကဳံလာရေအာင္ အမွားျပဳလုပ္ခဲ့တဲ့ ဆက္ဇက္နီ

အာဆင္နယ္ဂိုးသမားေဟာင္းဆက္ဇက္နီဟာဂ်ဴဗင္တပ္ကိုပိုမိုဆိုး႐ြားတဲ့ရက္သတၱပတ္ႀကဳံေတြ႕လာရေအာင္အမွားႀကီးတစ္ခုက်ဴးလြန္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဂိုးသမားဆက္ဇက္နီဟာမေန႔ညတုန္းကအတၱလႏၲာႏွင့္သုံးဂိုးစီသေရက်တဲ့ပြဲတြင္အမွားျပဳလုပ္ၿပီးၿပိဳင္ဘက္အသင္းကိုလက္ေဆာင္ဂိုးတစ္ဂိုးေပးခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာဘ႑ေရးစာရင္းအမွားျပမႈေၾကာင့္ရမွတ္၁၅မွတ္အျဖတ္ခံရၿပီးေနာက္အတၱလႏၲာႏွင့္သုံးဂိုးစီသေရက်ခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲတြင္ဆက္ဇက္နီဟာပြဲအစ၄မိနစ္မွာပဲအတၱလႏၲာအသင္းဦးေဆာင္ဂိုးေစာေစာစီးစီးရရွိေအာင္အမွားျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပြဲအစ၄မိနစ္တြင္အဒီမိုလာေလာ့ခ္မန္းရဲ႕ကန္ခ်က္ကိုေပါ့ေပါ့ဆဆကာကြယ္ခဲ့တာျဖစ္ပါတယ္။

ဆက္ဇက္နီဟာသူ႔အမွားေၾကာင့္ဦးေဆာင္ဂိုးေစာေစာစီးစီးေပးလိုက္ရမႈအတြက္လည္းအႀကီးအက်ယ္စိတ္ပ်က္ေနခဲ့တာေတြ႕ရပါတယ္။

ဂ်ဴဗင္တပ္ဟာဦးေဆာင္ဂိုးေစာေစာစီးစီးေပးခဲ့ရေပမဲ့ဒီမာရီယာကပင္နယ္တီမွေခ်ပဂိုးသြင္းခဲ့ၿပီး၃၄မိနစ္မွာမီလစ္ခ္ကဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့အတၱလႏၲာဟာ၄၆မိနစ္နဲ႔၅၃မိနစ္တို႔မွာေခ်ပဂိုးနဲ႔ဦးေဆာင္ဂိုးသြင္းခဲ့လို႔ဂ်ဴဗင္တပ္တို႔ေနာက္ကလိုက္ကစားခဲ့ရပါတယ္။ပြဲခ်ိန္၆၅မိနစ္မွာဒါနီလိုကဂ်ဴဗင္တပ္အတြက္ေခ်ပဂိုးသြင္းခဲ့လို႔၃ဂိုးစီသေရျဖင့္ၿပီးဆုံးသြားပါတယ္။