ဂျူဗင်တပ်ကို အနိုင်ရပြီးနောက် အီတလီဝန်ကြီးချုပ်ဟောင်းထံမှ ဘတ်စ်ကားစီးလုံးပြည့်အပျော်မယ်များ ဆုချခံရတော့မဲ့ စီးရီးအေကစားသမားများ

အေစီမွန်ဇာကစားသမားများဟာဂျူဗင်တပ်ကိုအနိုင်ရရှိပြီးနောက်အသင်းပိုင်ရှင်အီတလီဝန်ကြီးချုပ်ဟောင်းဆယ်ဗီယိုဘာလူစကိုနီရဲ့ကတိစကားအတိုင်း ဘတ်စ်ကားစီးလုံးပြည့် အပျော်မယ်များဆုကြေးရရှိလာတော့မှာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာယခုနှစ်ကိုကောင်းမွန်စွာစတင်လာခဲ့ရခြင်းမရှိပါဘူး။၎င်းတို့ဟာနှစ်ဦးပိုင်းတုန်းကရမှတ်၁၅မှတ်အလျှော့ခံခဲ့ရသလိုတနင်္ဂနွေနေ့တုန်းကအိမ်ကွင်းမှာမွန်ဇာကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အေစီမီလန်အသင်းပိုင်ရှင်ဟောင်းဘာလူစကိုနီဟာပြီးခဲ့တဲ့နှစ်ကုန်ခရစ္စမတ်ညစာစားပွဲတုန်းကမွန်ဇာကစားသမားများဟာယခုရာသီတွင်မီလန်၊ဂျူဗင်တပ်စတဲ့အသင်းကြီးများနှင့်တစ်ပွဲတွင်နိုင်ပွဲရယူပေးပါကဘတ်စ်ကားအပြည့်ပါအပျော်မယ်များကိုအဝတ်အစားလဲခန်းအတွင်းသို့ခေါ်ဆောင်လာပေးမည်ဟုကတိပေးခဲ့ပါတယ်။

ထိုစဉ်တုန်းကအသက်၈၆နှစ်ရှိဘာလူစကိုနီက “မင်းတို့အခုငါပြောလိုက်မယ်။မီလန်၊ဂျူဗင်တပ်တို့နဲ့ပွဲမှာပေါ့။ထိပ်သီးတွေထဲကတစ်ပွဲမှာအနိုင်ယူနိုင်ခဲ့ရင်ဘတ်စီးလုံးပြည့်အပျော်မယ်တွေကိုအဝတ်အစားလဲခန်းသို့ယူဆောင်လာပါမယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညကဂျူဗင်တပ်ကိုအနိုင်ရတဲ့ပွဲကိုဘာလူစကိုနီလည်းလာရောက်ကြည့်ရှုခဲ့ပါတယ်။

ပွဲအပြီးတွင်ခရစ္စမတ်ညစာစားပွဲတုန်းကကတိနှင့်ပတ်သက်ပြီးမေးမြန်းလာချိန်မှာတော့ဘာလူစကိုနီက “ကတိတည်ဖို့ဖုန်းခေါ်ခံရတာအကြိမ်တစ်ရာလောက်ရှိတယ်”လို့ La Repubblica သို့ပြောကြားသွားပါတယ်။

မွန်ဇာဟာပြီးခဲ့တဲ့ရာသီတုန်းကစီးရီးဘီတွင်အဆင့်၄နေရာမှာရပ်တည်ပြီးနောက်ပလေးအော့ဖ်မှတဆင့်စီးရီးအေသို့ပထမဆုံးအကြိမ်အဖြစ်တန်းတက်လာတဲ့အသင်းဖြစ်ပါတယ်။

မွန်ဇာဟာစီးရီးအေအဖွင့်ပွဲ၅ပွဲဆက်ရှုံးနိမ့်ပေမဲ့လည်းယင်းနောက်ပိုင်း၁၅ပွဲတွင်၇ပွဲအနိုင်ရရှိထားပါတယ်။

မနေ့ညကပွဲအပြီးတွင်မွန်ဇာအသင်းရဲ့တွစ်တာအကောင့်က ဘတ်စ်ကားပုံတင်ကာ ဘာလူစကိုနီရဲ့ကတိနှင့်ပတ်သက်ပြီးရယ်စရာအဖြစ်တင်သွားခဲ့ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ကို အႏိုင္ရၿပီးေနာက္ အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းထံမွ ဘတ္စ္ကားစီးလုံးျပည့္အေပ်ာ္မယ္မ်ား ဆုခ်ခံရေတာ့မဲ့ စီးရီးေအကစားသမားမ်ား

ေအစီမြန္ဇာကစားသမားမ်ားဟာဂ်ဴဗင္တပ္ကိုအႏိုင္ရရွိၿပီးေနာက္အသင္းပိုင္ရွင္အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းဆယ္ဗီယိုဘာလူစကိုနီရဲ႕ကတိစကားအတိုင္း ဘတ္စ္ကားစီးလုံးျပည့္ အေပ်ာ္မယ္မ်ားဆုေၾကးရရွိလာေတာ့မွာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာယခုႏွစ္ကိုေကာင္းမြန္စြာစတင္လာခဲ့ရျခင္းမရွိပါဘူး။၎တို႔ဟာႏွစ္ဦးပိုင္းတုန္းကရမွတ္၁၅မွတ္အေလွ်ာ့ခံခဲ့ရသလိုတနဂၤေႏြေန႔တုန္းကအိမ္ကြင္းမွာမြန္ဇာကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ေအစီမီလန္အသင္းပိုင္ရွင္ေဟာင္းဘာလူစကိုနီဟာၿပီးခဲ့တဲ့ႏွစ္ကုန္ခရစၥမတ္ညစာစားပြဲတုန္းကမြန္ဇာကစားသမားမ်ားဟာယခုရာသီတြင္မီလန္၊ဂ်ဴဗင္တပ္စတဲ့အသင္းႀကီးမ်ားႏွင့္တစ္ပြဲတြင္ႏိုင္ပြဲရယူေပးပါကဘတ္စ္ကားအျပည့္ပါအေပ်ာ္မယ္မ်ားကိုအဝတ္အစားလဲခန္းအတြင္းသို႔ေခၚေဆာင္လာေပးမည္ဟုကတိေပးခဲ့ပါတယ္။

ထိုစဥ္တုန္းကအသက္၈၆ႏွစ္ရွိဘာလူစကိုနီက “မင္းတို႔အခုငါေျပာလိုက္မယ္။မီလန္၊ဂ်ဴဗင္တပ္တို႔နဲ႔ပြဲမွာေပါ့။ထိပ္သီးေတြထဲကတစ္ပြဲမွာအႏိုင္ယူႏိုင္ခဲ့ရင္ဘတ္စီးလုံးျပည့္အေပ်ာ္မယ္ေတြကိုအဝတ္အစားလဲခန္းသို႔ယူေဆာင္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မေန႔ညကဂ်ဴဗင္တပ္ကိုအႏိုင္ရတဲ့ပြဲကိုဘာလူစကိုနီလည္းလာေရာက္ၾကည့္ရႈခဲ့ပါတယ္။

ပြဲအၿပီးတြင္ခရစၥမတ္ညစာစားပြဲတုန္းကကတိႏွင့္ပတ္သက္ၿပီးေမးျမန္းလာခ်ိန္မွာေတာ့ဘာလူစကိုနီက “ကတိတည္ဖို႔ဖုန္းေခၚခံရတာအႀကိမ္တစ္ရာေလာက္ရွိတယ္”လို႔ La Repubblica သို႔ေျပာၾကားသြားပါတယ္။

မြန္ဇာဟာၿပီးခဲ့တဲ့ရာသီတုန္းကစီးရီးဘီတြင္အဆင့္၄ေနရာမွာရပ္တည္ၿပီးေနာက္ပေလးေအာ့ဖ္မွတဆင့္စီးရီးေအသို႔ပထမဆုံးအႀကိမ္အျဖစ္တန္းတက္လာတဲ့အသင္းျဖစ္ပါတယ္။

မြန္ဇာဟာစီးရီးေအအဖြင့္ပြဲ၅ပြဲဆက္ရႈံးနိမ့္ေပမဲ့လည္းယင္းေနာက္ပိုင္း၁၅ပြဲတြင္၇ပြဲအႏိုင္ရရွိထားပါတယ္။

မေန႔ညကပြဲအၿပီးတြင္မြန္ဇာအသင္းရဲ႕တြစ္တာအေကာင့္က ဘတ္စ္ကားပုံတင္ကာ ဘာလူစကိုနီရဲ႕ကတိႏွင့္ပတ္သက္ၿပီးရယ္စရာအျဖစ္တင္သြားခဲ့ပါတယ္။