ဂျူဗင်တပ်ဂန္ထဝင်ဂိုးသမားဘူဖွန်အားမိန်းမများအပေါ်နားလည်မှုမရှိသူဟုဇနီးဟောင်းဝေဖန်

ဂီယန်လူဂီဘူဖွန်ရဲ့ဇနီးဟောင်းကဂျူဗင်တပ်ဂိုးသမားမှာမိန်းမများအကြောင်းမသိသူဖြစ်ကြောင်းတိုက်ခိုက်ပြောကြားလိုက်ပါတယ်။ဂျူဗင်တပ်ဂန္ထဝင်ဂိုးသမားဟာ၂၀၁၁ခုနှစ်တုန်းကချက်မော်ဒယ်အလီနာဆီရီဒိုဗာနှင့်လက်ထပ်ခဲ့သူဖြစ်ပါတယ်။၎င်းတို့ဟာခြောက်နှစ်ကြာအတူတွဲလာပြီးမှလက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘူဖွန်နှင့်ဆီရီဒိုဗာတို့ဟာလက်ထပ်ပြီးသုံးနှစ်အကြာ၂၀၁၄ခုနှစ်မှာကွာရှင်းပြတ်စဲခဲ့ကြပြီးကလေးနှစ်ဦး ရရှိခဲ့ပါတယ်။

ဘူဖွန်ဟာဆီရီဒိုဗာနှင့်လမ်းခွဲပြီးနောက်အနည်းငယ်အကြာမှာဘဲအီတလီအားကစားဝေဖန်သုံးသပ်သူလာရီယာဒီအေမီကိုနှင့်ချစ်ကြိုက်ခဲ့ကာ၂၀၁၅ခုနှစ်တွင်ပထမဆုံးကလေးရရှိခဲ့ပါတယ်။

အသက်၄၂နှစ်ရှိဆီရီဒိုဗာဟာဘူဖွန်ဟာကွာရှင်းပြတ်စဲပြီးနောက်လူမသိသူမသိနေထိုင်လာခဲ့ပြီးသူတို့ရဲ့အိမ်ထောင်ရေးပြတ်စဲမှုနဲ့ပတ်သက်ပြီးပြောကြားရန်ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်အင်စတာဂရမ်ရဲ့အမေးအဖြေကဏ္ဍမှာတော့သူမက “ကျွန်မအမြင်ပြောရရင်ဘူဖွန်ကအမျိုးသမီးတွေ အကြောင်းနားမလည်ဘူး”လို့ပြောကြားခဲ့ပါတယ်။

ဆီရီဒိုဗာဟာလည်းစီးပွားရေးလုပ်ငန်းရှင်အလက်ဇန္ဒရိုနာရီနှင့်တွဲလျက်ရှိပြီးလွန်ခဲ့တဲ့နှစ်တုန်းကသမီးလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ဂႏၴဝင္ဂိုးသမားဘူဖြန္အားမိန္းမမ်ားအေပၚနားလည္မႈမရွိသူဟုဇနီးေဟာင္းေဝဖန္

ဂီယန္လူဂီဘူဖြန္ရဲ႕ဇနီးေဟာင္းကဂ်ဴဗင္တပ္ဂိုးသမားမွာမိန္းမမ်ားအေၾကာင္းမသိသူျဖစ္ေၾကာင္းတိုက္ခိုက္ေျပာၾကားလိုက္ပါတယ္။ဂ်ဴဗင္တပ္ဂႏၴဝင္ဂိုးသမားဟာ၂၀၁၁ခုႏွစ္တုန္းကခ်က္ေမာ္ဒယ္အလီနာဆီရီဒိုဗာႏွင့္လက္ထပ္ခဲ့သူျဖစ္ပါတယ္။၎တို႔ဟာေျခာက္ႏွစ္ၾကာအတူတြဲလာၿပီးမွလက္ထပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘူဖြန္ႏွင့္ဆီရီဒိုဗာတို႔ဟာလက္ထပ္ၿပီးသုံးႏွစ္အၾကာ၂၀၁၄ခုႏွစ္မွာကြာရွင္းျပတ္စဲခဲ့ၾကၿပီးကေလးႏွစ္ဦး ရရွိခဲ့ပါတယ္။

ဘူဖြန္ဟာဆီရီဒိုဗာႏွင့္လမ္းခြဲၿပီးေနာက္အနည္းငယ္အၾကာမွာဘဲအီတလီအားကစားေဝဖန္သုံးသပ္သူလာရီယာဒီေအမီကိုႏွင့္ခ်စ္ႀကိဳက္ခဲ့ကာ၂၀၁၅ခုႏွစ္တြင္ပထမဆုံးကေလးရရွိခဲ့ပါတယ္။

အသက္၄၂ႏွစ္ရွိဆီရီဒိုဗာဟာဘူဖြန္ဟာကြာရွင္းျပတ္စဲၿပီးေနာက္လူမသိသူမသိေနထိုင္လာခဲ့ၿပီးသူတို႔ရဲ႕အိမ္ေထာင္ေရးျပတ္စဲမႈနဲ႔ပတ္သက္ၿပီးေျပာၾကားရန္ျငင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္အင္စတာဂရမ္ရဲ႕အေမးအေျဖက႑မွာေတာ့သူမက “ကြၽန္မအျမင္ေျပာရရင္ဘူဖြန္ကအမ်ိဳးသမီးေတြ အေၾကာင္းနားမလည္ဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဆီရီဒိုဗာဟာလည္းစီးပြားေရးလုပ္ငန္းရွင္အလက္ဇႏၵ႐ိုနာရီႏွင့္တြဲလ်က္ရွိၿပီးလြန္ခဲ့တဲ့ႏွစ္တုန္းကသမီးေလးတစ္ဦး ေမြးဖြားခဲ့ပါတယ္။