ဂျူဗင်တပ်တွင် ဆက်ရှိကာ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီမှာဂျူဗင်တပ်မှာဆက်ရှိနေဖို့ရှိနေတဲ့အပြင်စာချုပ်သစ်ပါချုပ်ဆိုနိုင်ကြောင်းသိရပါတယ်။

ဂျူဗင်တပ်စူပါစတားဟာတူရင်မှာတစ်ပတ်လုပ်ခပေါင်၉၀၀၀၀၀အထိရရှိနေသူဖြစ်ပြီးကလပ်ဘက်ကအသုံးစရိတ်လျှော့ချလိုမှုနဲ့အတူ အသင်းပြောင်းမယ်လို့သတင်းထွက်နေသူလည်းဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးသူ့ကိုပီအက်စ်ဂျီနှင့်မန်ယူတို့ကစိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် Gazzetta မှာဖော်ပြချက်အရရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့်ပေါ်တူဂီအသင်းခေါင်းဆောင်အနေဖြင့်စာချုပ်သစ်ချုပ်ဆိုမှုပြုလုပ်ရန်အတွက်ဘာစီလိုနာစတားမက်ဆီကဲ့သို့ပင်လုပ်ခလျှော့ယူရပါမယ်။

မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်အတွက်လုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ယူမှာဖြစ်ပါတယ်။မက်ဆီဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၁.၂သန်းဘဲရရှိတော့မှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာလာမယ့်နှစ်တွင်ကာတာကမ္ဘာ့ဖလားရှိနေမှုကြောင့်၂၀၂၂ခုနှစ်အထိထိပ်တန်းကလပ်တစ်ခုတွင်ပင်ဆက်လက်ကစားနေလိုနေပါတယ်။

လက်ရှိအချိန်တွင်ရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နှင့်ဂျူဗင်တပ်တို့ဟာစာချုပ်သစ်အတွက်ဆွေးနွေးမှုများဆက်လက်ပြုလုပ်သွားရန်စီစဉ်ထားပါတယ်။

ZawGyi







