ဂျူဗင်တပ်တွင် ပျော်ရွှင်ကြောင်း ပြောကြားကာ နယူးကာဆယ်အပြောင်းအရွှေ့ကို ရေးဘီးယာ့ငြင်းဆို

အက်ဒရီယန်ရေးဘီးယာ့ဟာဂျူဗင်တပ်အသင်းမှထွက်ခွာမယ်ဆိုတဲ့ကောလာဟလသတင်းများကိုငြင်းဆိုလိုက်ပါတယ်။ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့လများအတွင်းတွင်ဂျူဗင်တပ်မှထွက်ခွာမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

အထူးသဖြင့်ဆော်ဒီပိုင်ရှင်သစ်လက်အောက်ရှိနယူးကာဆယ်ဟာဇန်နဝါရီတွင်ရေးဘီးယာ့ကိုခေါ်ယူရန်ပြင်ဆင်နေကြောင်းသတင်းထွက်နေပါတယ်။ဒါပေမယ့်ကာယကံရှင်ကတော့ဂျူဗင်တပ်တွင်ကာလရှည်ကြာဆက်ရှိနေမယ်လို့ယုံကြည်ကြောင်းပြောကြားလာပါတယ်။

ရေးဘီးယာ့က “တူရင်မှာပျော်ပါတယ်။ကျွန်တော့်အနာဂတ်ဂျူဗင်တပ်မှာပဲရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

ပီအက်စ်ဂျီကွင်းလယ်ကစားသမားဟောင်းဟာယခုရာသီတွင်ဂျူဗင်တပ်ရဲ့စီးရီးအေပွဲ၁၂ပွဲတွင်၈ပွဲပွဲထွက်ကစားခွင့်ရထားသူဖြစ်ပြီးအယ်လီဂရီလက်အောက်တွင်အလယ်တန်းဘယ်ခြမ်းတွင်ကစားနေရပါတယ်။

သူဟာ၂၀၁၉ခုနှစ်နွေရာသီတွင်ပီအက်စ်ဂျီမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာစဉ်တုန်းကအစပိုင်းတွင်ရုန်းကန်ခဲ့ရသော်လည်းယခုအခါဂျူဗင်တပ်တွင်အထိုင်ကျနေပြီဖြစ်ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္တြင္ ေပ်ာ္႐ႊင္ေၾကာင္း ေျပာၾကားကာ နယူးကာဆယ္အေျပာင္းအေ႐ႊ႕ကို ေရးဘီးယာ့ျငင္းဆို

အက္ဒရီယန္ေရးဘီးယာ့ဟာဂ်ဴဗင္တပ္အသင္းမွထြက္ခြာမယ္ဆိုတဲ့ေကာလာဟလသတင္းမ်ားကိုျငင္းဆိုလိုက္ပါတယ္။ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့လမ်ားအတြင္းတြင္ဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚခဲ့သူျဖစ္ပါတယ္။

အထူးသျဖင့္ေဆာ္ဒီပိုင္ရွင္သစ္လက္ေအာက္ရွိနယူးကာဆယ္ဟာဇန္နဝါရီတြင္ေရးဘီးယာ့ကိုေခၚယူရန္ျပင္ဆင္ေနေၾကာင္းသတင္းထြက္ေနပါတယ္။ဒါေပမယ့္ကာယကံရွင္ကေတာ့ဂ်ဴဗင္တပ္တြင္ကာလရွည္ၾကာဆက္ရွိေနမယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားလာပါတယ္။

ေရးဘီးယာ့က “တူရင္မွာေပ်ာ္ပါတယ္။ကြၽန္ေတာ့္အနာဂတ္ဂ်ဴဗင္တပ္မွာပဲရွိေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ပီအက္စ္ဂ်ီကြင္းလယ္ကစားသမားေဟာင္းဟာယခုရာသီတြင္ဂ်ဴဗင္တပ္ရဲ႕စီးရီးေအပြဲ၁၂ပြဲတြင္၈ပြဲပြဲထြက္ကစားခြင့္ရထားသူျဖစ္ၿပီးအယ္လီဂရီလက္ေအာက္တြင္အလယ္တန္းဘယ္ျခမ္းတြင္ကစားေနရပါတယ္။

သူဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္ပီအက္စ္ဂ်ီမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာစဥ္တုန္းကအစပိုင္းတြင္႐ုန္းကန္ခဲ့ရေသာ္လည္းယခုအခါဂ်ဴဗင္တပ္တြင္အထိုင္က်ေနၿပီျဖစ္ပါတယ္။