
ဂျူဗင်တပ်ဟာပေါလ်ပေါ့ဘာရဲ့ဒဏ်ရာပြဿနာများအပေါ်စိတ်ပျက်သထက်စိတ်ပျက်နေကာပြင်သစ်ကွင်းလယ်ကစားသမားရဲ့တူရင်အနာဂတ်မှာမရေမရာဖြစ်လျက်ရှိနေကြောင်းသိရပါတယ်။
ဂျူဗင်တပ်ကွင်းလယ်ကစားသမားဟာနွေရာသီတုန်းကတူရင်သို့တကျော့ပြန်ရောက်လာခဲ့သူဖြစ်ပြီးအသင်းအတွက်တစ်ပွဲမျှမကစားရသေးမီ နွေရာသီတုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ဒူးဒဏ်ရာရရှိကာအနားယူလာခဲ့ရပါတယ်။
ပြင်သစ်နှင့်အတူ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ပေါလ်ပေါ့ဘာဟာယနေ့အစောပိုင်းတုန်းကလာဇီယိုကိုအနိုင်ရရှိတဲ့ကိုပါအီတာလီယာကွာတားဖိုင်နယ်ပွဲတွင်ဂျူဗင်တပ်အတွက်ပါဝင်ကစားနိုင်မယ်လို့ယူဆခဲ့ရပါတယ်။
ဒါပေမဲ့သူဟာနောက်ထပ်ဒဏ်ရာသစ်ထပ်မံရရှိလာမှုနဲ့အတူလွဲချော်ခဲ့ပြီး အနားယူရဦးမှာဖြစ်ပါတယ်။
ဒါကြောင့်လည်းဂျူဗင်တပ်အသင်းတာဝန်ရှိသူများဟာလူနာဆောင်မှမထွက်တော့တဲ့ပေါလ်ပေါ့ဘာအပေါ်တွင်အကြီးအကျယ်စိတ်ပျက်လာလျက်ရှိနေကြောင်းသိရပါတယ်။
ဂျူဗင်တပ်နည်းပြအယ်လီဂရီဟာလာမယ့်နွေရာသီတွင်ပေါလ်ပေါ့ဘာကိုရောင်းချရန်အလေးအနက်ထားစဉ်းစားနေကြောင်းသိရပါတယ်။
ZawGyi
ဂ်ဴဗင္တပ္တြင္ ျပႆနာေကာင္အျဖစ္ အျမင္ေစာင္းခံေနရတဲ့ ေပါလ္ေပါ့ဘာ
ဂ်ဴဗင္တပ္ဟာေပါလ္ေပါ့ဘာရဲ႕ဒဏ္ရာျပႆနာမ်ားအေပၚစိတ္ပ်က္သထက္စိတ္ပ်က္ေနကာျပင္သစ္ကြင္းလယ္ကစားသမားရဲ႕တူရင္အနာဂတ္မွာမေရမရာျဖစ္လ်က္ရွိေနေၾကာင္းသိရပါတယ္။
ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားဟာေႏြရာသီတုန္းကတူရင္သို႔တေက်ာ့ျပန္ေရာက္လာခဲ့သူျဖစ္ၿပီးအသင္းအတြက္တစ္ပြဲမွ်မကစားရေသးမီ ေႏြရာသီတုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ဒူးဒဏ္ရာရရွိကာအနားယူလာခဲ့ရပါတယ္။
ျပင္သစ္ႏွင့္အတူ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ေပါလ္ေပါ့ဘာဟာယေန႔အေစာပိုင္းတုန္းကလာဇီယိုကိုအႏိုင္ရရွိတဲ့ကိုပါအီတာလီယာကြာတားဖိုင္နယ္ပြဲတြင္ဂ်ဴဗင္တပ္အတြက္ပါဝင္ကစားႏိုင္မယ္လို႔ယူဆခဲ့ရပါတယ္။
ဒါေပမဲ့သူဟာေနာက္ထပ္ဒဏ္ရာသစ္ထပ္မံရရွိလာမႈနဲ႔အတူလြဲေခ်ာ္ခဲ့ၿပီး အနားယူရဦးမွာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းဂ်ဴဗင္တပ္အသင္းတာဝန္ရွိသူမ်ားဟာလူနာေဆာင္မွမထြက္ေတာ့တဲ့ေပါလ္ေပါ့ဘာအေပၚတြင္အႀကီးအက်ယ္စိတ္ပ်က္လာလ်က္ရွိေနေၾကာင္းသိရပါတယ္။
ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီဟာလာမယ့္ေႏြရာသီတြင္ေပါလ္ေပါ့ဘာကိုေရာင္းခ်ရန္အေလးအနက္ထားစဥ္းစားေနေၾကာင္းသိရပါတယ္။