ဂျူဗင်တပ်ထံမှ ဆက်သွယ်မှု ရရှိထားကြောင်း ဂျော်ဂျင်ဟိုရဲ့အေးဂျင့်အတည်ပြု

ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ကဂျူဗင်တပ်အသင်းရဲ့စိတ်ဝင်စားမှုခံနေရကြောင်းအတည်ပြုသွားခဲ့ပြီးချဲလ်ဆီးစတားမှာဥရောပထိပ်သီးကလပ်များရဲ့ကမ်းလှမ်းလာမှုကိုစဉ်းစားသွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၉နှစ်ရှိအီတလီကွင်းလယ်ကစားသမားဟာမကြာသေးမီတုန်းကမှအီတလီအသင်းကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာချဲလ်ဆီးနှင့်စာချုပ်၂နှစ်ကျန်ရှိနေပါသေးတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလားရအောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဆန်တို့စ်က “သူ့စာချုပ်ကနှစ်နှစ်ကျန်သေးတယ်။ဒီတော့သူ့အနာဂတ်ကကလပ်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်နေတယ်။ကမ္ဘာ့ကလပ်ချန်ပီယံရှစ်နဲ့ဥရောပစူပါဖလားတို့ကစားဖို့ရှိတယ်။ဒါဆုဖလားတွေကဘောလုံးသမားတစ်ယောက်အတွက်အရေးပါတဲ့ရည်မှန်းချက်တွေပါ။ဒါပေမယ့်အပြောင်းအရွှေ့ဈေးကွက်မှာဘာမဆိုဖြစ်နိုင်ပါတယ်။အရေးပါတဲ့ကလပ်တစ်ခုကသာသူ့ကိုအမှန်တကယ်လိုချင်ပြီးချဉ်းကပ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးသွားရပါမယ်။အခုအနေအထားအရတော့သူဟာလာမယ့်ရာသီမှာချဲလ်ဆီးမှာရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ထံမွ ဆက္သြယ္မႈ ရရွိထားေၾကာင္း ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္အတည္ျပဳ

ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ကဂ်ဴဗင္တပ္အသင္းရဲ႕စိတ္ဝင္စားမႈခံေနရေၾကာင္းအတည္ျပဳသြားခဲ့ၿပီးခ်ဲလ္ဆီးစတားမွာဥေရာပထိပ္သီးကလပ္မ်ားရဲ႕ကမ္းလွမ္းလာမႈကိုစဥ္းစားသြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၉ႏွစ္ရွိအီတလီကြင္းလယ္ကစားသမားဟာမၾကာေသးမီတုန္းကမွအီတလီအသင္းကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္၂ႏွစ္က်န္ရွိေနပါေသးတယ္။သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလားရေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ဆန္တို႔စ္က “သူ႔စာခ်ဳပ္ကႏွစ္ႏွစ္က်န္ေသးတယ္။ဒီေတာ့သူ႔အနာဂတ္ကကလပ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာဘဲမူတည္ေနတယ္။ကမာၻ႔ကလပ္ခ်န္ပီယံရွစ္နဲ႔ဥေရာပစူပါဖလားတို႔ကစားဖို႔ရွိတယ္။ဒါဆုဖလားေတြကေဘာလုံးသမားတစ္ေယာက္အတြက္အေရးပါတဲ့ရည္မွန္းခ်က္ေတြပါ။ဒါေပမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မွာဘာမဆိုျဖစ္ႏိုင္ပါတယ္။အေရးပါတဲ့ကလပ္တစ္ခုကသာသူ႔ကိုအမွန္တကယ္လိုခ်င္ၿပီးခ်ဥ္းကပ္လာမယ္ဆိုရင္ေတာ့ကြၽန္ေတာ္တို႔ေဆြးေႏြးသြားရပါမယ္။အခုအေနအထားအရေတာ့သူဟာလာမယ့္ရာသီမွာခ်ဲလ္ဆီးမွာရွိေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။