ဂျူဗင်တပ်ထံ အသင်းပြောင်းခွင့်တောင်းဆိုလာတဲ့ လီဗာပူးနှင့်ချဲလ်ဆီးပစ်မှတ်ဒီလက်

လီဗာပူးနှင့်ချဲလ်ဆီးတို့ရဲ့ပစ်မှတ်မားသီးယပ်စ်ဒီလက်ဟာဂျူဗင်တပ်ထံသို့အသင်းပြောင်းခွင့်တောင်းဆိုလာကြောင်း Corriere dello Sport ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒတ်ချ်ဗဟိုနောက်ခံလူဟာလက်ရှိအချိန်တွင်ဂျူဗင်တပ်ရဲ့လုပ်ခအများဆုံးရရှိနေသူအဖြစ်ရပ်တည်နေသူဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုအဆင်မပြေဖြစ်နေမှုနဲ့အတူ ထွက်ခွာခွင့်တောင်းဆိုလာတာလို့ယုံကြည်ရပါတယ်။

စီးရီးအေထိပ်သီးဂျူဗင်တပ်ဟာဝါရင့်ဗဟိုနောက်ခံလူချီရယ်လီနီကိုထွက်ခွာခွင့်ပေးလိုက်ပြီးဒီလက်ကိုကာလရှည်ကြာထိန်းထားလိုပေမဲ့စာချုပ်သစ်ကမ်းလှမ်းရန်အစီအစဉ်မရှိသေးပါဘူး။ယင်းသို့အခြေအနေကြောင့်ဒီလက်ဟာစိတ်ရှည်ခြင်းမရှိတော့မှုနဲ့အတူထွက်ခွာခွင့်တောင်းလာပါတယ်။

ဂျူဗင်တပ်ဟာဒီလက်ရဲ့စာချုပ်အတွင်းတွင်ထည့်သွင်းချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၁၀၀ရရှိပါကထွက်ခွာခွင့်ပေးရန်အသင့်ရှိနေပါတယ်။

ချဲလ်ဆီးဟာရူဒီဂါနှင့်ခရစ်တင်ဆင်တို့ကိုလက်လွှတ်လိုက်ရပြီးနောက်နောက်ခံလူသစ်ရှာဖွေနေပါတယ်။ချဲလ်ဆီးရဲ့ပစ်မှတ်ထဲတွင်ဂျူးစ်ခွန်ဒီနှင့်နသန်အကဲတို့လည်းပါဝင်နေပါတယ်။

လီဗာပူးဟာခံစစ်ပိုင်းတောင့်တင်းပေမဲ့လည်းဒီလက်ကိုသာကာလရှည်ကြာစောင့်ကြည့်လာတဲ့အသင်းဖြစ်ရာ တကယ်လို့ခေါ်ယူနိုင်ခွင့်ရှိမည်ဆိုပါက ခေါ်ယူရန်လက်နှေးသွားမှာမဟုတ်ပါဘူး။

ZawGyi

ဂ်ဴဗင္တပ္ထံ အသင္းေျပာင္းခြင့္ေတာင္းဆိုလာတဲ့ လီဗာပူးႏွင့္ခ်ဲလ္ဆီးပစ္မွတ္ဒီလက္

လီဗာပူးႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ပစ္မွတ္မားသီးယပ္စ္ဒီလက္ဟာဂ်ဴဗင္တပ္ထံသို႔အသင္းေျပာင္းခြင့္ေတာင္းဆိုလာေၾကာင္း Corriere dello Sport ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဒတ္ခ်္ဗဟိုေနာက္ခံလူဟာလက္ရွိအခ်ိန္တြင္ဂ်ဴဗင္တပ္ရဲ႕လုပ္ခအမ်ားဆုံးရရွိေနသူအျဖစ္ရပ္တည္ေနသူျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈအဆင္မေျပျဖစ္ေနမႈနဲ႔အတူ ထြက္ခြာခြင့္ေတာင္းဆိုလာတာလို႔ယုံၾကည္ရပါတယ္။

စီးရီးေအထိပ္သီးဂ်ဴဗင္တပ္ဟာဝါရင့္ဗဟိုေနာက္ခံလူခ်ီရယ္လီနီကိုထြက္ခြာခြင့္ေပးလိုက္ၿပီးဒီလက္ကိုကာလရွည္ၾကာထိန္းထားလိုေပမဲ့စာခ်ဳပ္သစ္ကမ္းလွမ္းရန္အစီအစဥ္မရွိေသးပါဘူး။ယင္းသို႔အေျခအေနေၾကာင့္ဒီလက္ဟာစိတ္ရွည္ျခင္းမရွိေတာ့မႈနဲ႔အတူထြက္ခြာခြင့္ေတာင္းလာပါတယ္။

ဂ်ဴဗင္တပ္ဟာဒီလက္ရဲ႕စာခ်ဳပ္အတြင္းတြင္ထည့္သြင္းခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ိုသန္း၁၀၀ရရွိပါကထြက္ခြာခြင့္ေပးရန္အသင့္ရွိေနပါတယ္။

ခ်ဲလ္ဆီးဟာ႐ူဒီဂါႏွင့္ခရစ္တင္ဆင္တို႔ကိုလက္လႊတ္လိုက္ရၿပီးေနာက္ေနာက္ခံလူသစ္ရွာေဖြေနပါတယ္။ခ်ဲလ္ဆီးရဲ႕ပစ္မွတ္ထဲတြင္ဂ်ဴးစ္ခြန္ဒီႏွင့္နသန္အကဲတို႔လည္းပါဝင္ေနပါတယ္။

လီဗာပူးဟာခံစစ္ပိုင္းေတာင့္တင္းေပမဲ့လည္းဒီလက္ကိုသာကာလရွည္ၾကာေစာင့္ၾကည့္လာတဲ့အသင္းျဖစ္ရာ တကယ္လို႔ေခၚယူႏိုင္ခြင့္ရွိမည္ဆိုပါက ေခၚယူရန္လက္ေႏွးသြားမွာမဟုတ္ပါဘူး။