ဂျူဗင်တပ်ဒါရိုက်တာများကို လက်ခလယ်ထောင်ပြခဲ့တဲ့ အကျိုးဆက်ကို ကွန်တီခံရပြီ

အန်တိုနီယိုကွန်တီနှင့်အင်တာမီလန်တို့ဟာ‌အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ယူရို၂၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။အင်တာမီလန်နည်းပြကွန်တီဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကဂျူဗင်တပ်နှင့်ရင်ဆိုင်ရတဲ့ပွဲတွင်ဂျူဗင်တပ်ရဲ့ဒါရိုက်တာများကိုရည်ရွယ်ကာလက်ခလယ်ထောင်ပြခဲ့မှုကြောင့်ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြဟောင်းဟာဖေဖော်ဝါရီလတုန်းကတူရင်တွင်ကစားတဲ့ကိုပါအီတာလီယာဖလားပွဲစဉ်တွင်ဂျူဗင်တပ်ဒါရိုက်တာများရှိရာဘက်သို့လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အန်တိုနီယိုကွန်တီရဲ့လုပ်ရပ်ကိုကင်မရာကမိမိရရရိုက်ကူးနိုင်ခဲ့ပါတယ်။အီတလီဘောလုံးအဖွဲ့ချုပ်ဟာအထက်ပါဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ကာကွန်တီနှင့်သူ့အသင်းအင်တာမီလန်ကိုယူရို၂၀၀၀ဒဏ်ရိုက်လိုက်ပြီဖြစ်ပါတယ်။

အင်တာမီလန်ကိုစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ထားတဲ့ကွန်တီဟာသူ့လုပ်ရပ်အတွက်ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့ပေမယ့်၎င်းမှာရန်စခံရမှုကြောင့်ယင်းသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi




