ဂျူဗင်တပ်နောက်ခံလူဒီလက် ကိုဗစ်ကူးစက်ခံထားရ

ဂျူဗင်တပ်နောက်ခံလူမားသီးယပ်စ်ဒီလက်မှာကိုဗစ်ကူးစက်ခံထားရကြောင်းအီတလီကလပ်က အတည်ပြုကြေညာလာပါတယ်။

နယ်သာလန်လက်ရွေးစင်ဟာဗုဒ္ဓဟူးနေ့တုန်းကအေစီမီလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ပွဲချိန် ပြည့်ကစားခဲ့သူဖြစ်ပြီးယခုအခါ သီးသန့်နေထိုင်နေရပြီဖြစ်ပါတယ်။

ဒီလက်ဟာပုခုံးဒဏ်ရာကြောင့်ရာသီအစပိုင်းပွဲစဉ်များကိုလည်းလွဲချော်ခဲ့သူဖြစ်ပြီးနိုဝင်ဘာလနောက်ပိုင်း တွင်ဂျူဗင်တပ်ရဲ့ပွဲစဉ်အားလုံးကိုကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာဒီလက်ပြန်လည်ကစားလာနိုင်ပြီးနောက်၂ပွဲတည်းသာရှုံးနိမ့်ထားပြီးရာသီအစကရလဒ်ဆက်တိုက်မကောင်းမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာထိပ်ဆုံးမီလန်နှင့်ရမှတ်၇မှတ်ကွာဟနေပြီးတစ်ပွဲလျှော့ကစားထားပါတယ်။၎င်းတို့ဟာမနက်ဖြန်မှာတူရင်မှာဆက်စ်ဆူလိုကိုဧည့်ခံကစားသွားရပါမယ်။

ZawGyi





