ဂျူဗင်တပ်နှင့်အတူ ဆုဖလားများ ရယူရန် မစောင့်နိုင်အောင် ဖြစ်နေပြီလို့ ပေါ့ဘာပြောကြားလာ

ဂျူဗင်တပ်သို့ လေးနှစ်စာချုပ်ဖြင့်ပြောင်းရွှေ့နိုင်ခဲ့ပြီးတဲ့နောက်ပေါလ်ပေါ့ဘာကယူနိုက်တက်နှင့်အတူဆုဖလားများရယူရန်မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၉နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာ၂၀၁၆ခုနှစ်တုန်းကထိုစဉ်ကကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၉သန်းဖြင့်ယူနိုက်တက်သို့ပြောင်းခဲ့ပြီးနောက်ယခုနွေရာသီတွင်တူရင်သို့ပြန်ပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာသောကြာနေ့တုန်းကတူရင်သို့ရောက်ရှိကာဆေးစစ်မှုခံယူခဲ့ပြီးတနင်္လာနေ့တုန်းကအပြောင်းအရွှေ့အတည်ပြုနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်နှင့်ပြုလုပ်တဲ့ပထမဆုံးအင်တာဗျူးတွင်ပေါလ်ပေါ့ဘာက “ခင်ဗျားတို့မြင်တဲ့အတိုင်းကျွန်တော်ပြန်လာပါပြီ။အရမ်းပျော်တယ်။စတင်ဖို့မစောင့်နိုင်အောင်ဖြစ်နေပါတယ်။ဆုဖလားတွေရယူဖို့မစောင့်နိုင်တော့ပါဘူး။မကြာခင်ကွင်းထဲမှာအတူဆုံကြပါမယ်”လို့ပြောကြားသွားပါတယ်။

ပေါလ်ပေါ့ဘာဟာယူနိုက်တက်မှာတုန်းကတစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ ရရှိခဲ့သူဖြစ်ပြီးစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀အထိကမ်းလှမ်းခံခဲ့ရပါတယ်။

ဒါပေမဲ့သူဟာယူနိုက်တက်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချကာ အသင်းဟောင်းဂျူဗင်တပ်သို့ လုပ်ခလျှော့ယူကာတစ်ပတ်လုပ်ခပေါင်၁၃၀၀၀၀ဖြင့်ပြောင်းခဲ့ပါတယ်။သူဟာဂျူဗင်တပ်တွင်ကျောနံပါတ်၁၀ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

ဂ်ဴဗင္တပ္ႏွင့္အတူ ဆုဖလားမ်ား ရယူရန္ မေစာင့္ႏိုင္ေအာင္ ျဖစ္ေနၿပီလို႔ ေပါ့ဘာေျပာၾကားလာ

ဂ်ဴဗင္တပ္သို႔ ေလးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီးတဲ့ေနာက္ေပါလ္ေပါ့ဘာကယူႏိုက္တက္ႏွင့္အတူဆုဖလားမ်ားရယူရန္မေစာင့္ဆိုင္းႏိုင္ေအာင္ျဖစ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၉ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာ၂၀၁၆ခုႏွစ္တုန္းကထိုစဥ္ကကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉သန္းျဖင့္ယူႏိုက္တက္သို႔ေျပာင္းခဲ့ၿပီးေနာက္ယခုေႏြရာသီတြင္တူရင္သို႔ျပန္ေျပာင္းလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာေသာၾကာေန႔တုန္းကတူရင္သို႔ေရာက္ရွိကာေဆးစစ္မႈခံယူခဲ့ၿပီးတနလၤာေန႔တုန္းကအေျပာင္းအေ႐ႊ႕အတည္ျပဳႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ႏွင့္ျပဳလုပ္တဲ့ပထမဆုံးအင္တာဗ်ဴးတြင္ေပါလ္ေပါ့ဘာက “ခင္ဗ်ားတို႔ျမင္တဲ့အတိုင္းကြၽန္ေတာ္ျပန္လာပါၿပီ။အရမ္းေပ်ာ္တယ္။စတင္ဖို႔မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္။ဆုဖလားေတြရယူဖို႔မေစာင့္ႏိုင္ေတာ့ပါဘူး။မၾကာခင္ကြင္းထဲမွာအတူဆုံၾကပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္ေပါ့ဘာဟာယူႏိုက္တက္မွာတုန္းကတစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ ရရွိခဲ့သူျဖစ္ၿပီးစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀အထိကမ္းလွမ္းခံခဲ့ရပါတယ္။

ဒါေပမဲ့သူဟာယူႏိုက္တက္ရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ကာ အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ လုပ္ခေလွ်ာ့ယူကာတစ္ပတ္လုပ္ခေပါင္၁၃၀၀၀၀ျဖင့္ေျပာင္းခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္တြင္ေက်ာနံပါတ္၁၀ကိုဝတ္ဆင္ကစားသြားပါမယ္။