ဂျူဗင်တပ်နှင့် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် ဒိုင်ဘာလာ နီးစပ်နေပြီ

ပေါလ်လိုဒိုင်ဘာလာဟာဂျူဗင်တပ်နှင့်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဟာ၂၀၂၂ခုနှစ်၊ဇွန်လတွင်ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီးကောလာဟလများထွက်ပေါ်လာခဲ့တာကြာမြင့်ပြီဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာလာမယ့်ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးပြီးအကြိုစာချုပ်ချုပ်ဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာပြီးခဲ့တဲ့ပတ်တုန်းကမယ်လ်မိုအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာဂျူဗင်တပ်တွင်ဆက်ကစားလိုကြောင်းဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်နှင့်ဒိုင်ဘာလာရဲ့အေးဂျင့်ဂျော့အန်တွန်းတို့အားဩဂုတ်လမှစတင်ကာစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးလာခဲ့တာဖြစ်ပြီးယခုအပတ်အတွင်းတွင်အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီးအပြီးသတ်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။

ဂျူဗင်တပ်ဟာဒိုင်ဘာလာကိုအပိုဆုကြေးအပါအဝင်တစ်နှစ်လုပ်ခယူရို၁၈သန်းအထိတိုးမြှင့်ပေးကာ၂၀၂၅ခုနှစ်အထိတူရင်တွင်ရှိနေမယ့်စာချုပ်အားကမ်းလှမ်းထားကြောင်းသိရပါတယ်။

ဒိုင်ဘာလာဟာ၂၀၁၅ခုနှစ်တွင်ပါလာမိုမှဂျူဗင်တပ်သို့ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၂၅၉ပွဲကစားထားရာမှာ၁၀၂ဂိုးသွင်းထားပါတယ်။သူဟာဖန်တီးမှု၄၃ကြိမ်အထိပြုလုပ်ထားနိုင်ကာစီးရီးအေဖလား၅ကြိမ်အပါအဝင်ဆုဖလား၁၂ကြိမ်ဆွတ်ခူးထားပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ႏွင့္ ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ဒိုင္ဘာလာ နီးစပ္ေနၿပီ

ေပါလ္လိုဒိုင္ဘာလာဟာဂ်ဴဗင္တပ္ႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အလြန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။အာဂ်င္တီးနားတိုက္စစ္မႉးဟာ၂၀၂၂ခုႏွစ္၊ဇြန္လတြင္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးေကာလာဟလမ်ားထြက္ေပၚလာခဲ့တာၾကာျမင့္ၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးဟာလာမယ့္ဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးၿပီးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိသူလည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာၿပီးခဲ့တဲ့ပတ္တုန္းကမယ္လ္မိုအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးမွာဂ်ဴဗင္တပ္တြင္ဆက္ကစားလိုေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဂ်ဴဗင္တပ္ႏွင့္ဒိုင္ဘာလာရဲ႕ေအးဂ်င့္ေဂ်ာ့အန္တြန္းတို႔အားဩဂုတ္လမွစတင္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးလာခဲ့တာျဖစ္ၿပီးယခုအပတ္အတြင္းတြင္အေသးစိတ္အခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီးအၿပီးသတ္ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။

ဂ်ဴဗင္တပ္ဟာဒိုင္ဘာလာကိုအပိုဆုေၾကးအပါအဝင္တစ္ႏွစ္လုပ္ခယူ႐ို၁၈သန္းအထိတိုးျမႇင့္ေပးကာ၂၀၂၅ခုႏွစ္အထိတူရင္တြင္ရွိေနမယ့္စာခ်ဳပ္အားကမ္းလွမ္းထားေၾကာင္းသိရပါတယ္။

ဒိုင္ဘာလာဟာ၂၀၁၅ခုႏွစ္တြင္ပါလာမိုမွဂ်ဴဗင္တပ္သို႔ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၅၉ပြဲကစားထားရာမွာ၁၀၂ဂိုးသြင္းထားပါတယ္။သူဟာဖန္တီးမႈ၄၃ႀကိမ္အထိျပဳလုပ္ထားႏိုင္ကာစီးရီးေအဖလား၅ႀကိမ္အပါအဝင္ဆုဖလား၁၂ႀကိမ္ဆြတ္ခူးထားပါတယ္။