ဂျူဗင်တပ်မှာတုန်းက လုံးဝငြင်းဆန်ခဲ့တဲ့ အရာတစ်ခုကို မန်ယူမှာလုပ်ဆောင်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

မန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်း ဂျူဗင်တပ်မှာကစားစဉ်တုန်းကဗဟိုတိုက်စစ်မှူးအဖြစ်ကစားရန်ငြင်းဆန်ခဲ့ကြောင်းစွပ်စွဲခြင်းခံနေရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ပထမဆုံးပွဲအဖြစ်ကစားတဲ့နယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့ပြီး၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အလယ်တန်းကစားသမားဟောင်းမာရော့ချီကအသက်၃၆နှစ်ရှိစူပါစတားဟာတူရင်မှာတုန်းကအထောင်တိုက်စစ်မှူးအဖြစ်ရန်ငြင်းဆန်ခဲ့ကြောင်းဆိုလာပါတယ်။

မာရော့ချီက “သူဟာအထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့တာသတိပြုမိခဲ့ပါတယ်။သူဟာဂျူဗင်တပ်မှာတုန်းကအဲဒီနေရာမှာကစားဖို့ငြင်းဆန်ခဲ့တဲ့သူပါ”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်တွင်သုံးရာသီကြာကစားခဲ့ပြီး၁၃၄ပွဲကစားခဲ့ရာမှာ၁၀၁ဂိုးအထိသွင်းယူခဲ့ပါတယ်။

သူဟာဂျူဗင်တပ်မှာတုန်းကပွဲထွက်လူစာရင်းတွင်ဘယ်တောင်ပံနေရာတွင်နေရာချခြင်းခံရပေမယ့်ပွဲကစားချိိန်တွင်ဒုတိယတိုက်စစ်မှူးအဖြစ်လည်းကောင်း၊ဗဟိုတိုက်စစ်မှူးအဖြစ်လည်းကောင်းပြောင်းလဲကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္မွာတုန္းက လုံးဝျငင္းဆန္ခဲ့တဲ့ အရာတစ္ခုကို မန္ယူမွာလုပ္ေဆာင္ေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

မန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္း ဂ်ဴဗင္တပ္မွာကစားစဥ္တုန္းကဗဟိုတိုက္စစ္မႉးအျဖစ္ကစားရန္ျငင္းဆန္ခဲ့ေၾကာင္းစြပ္စြဲျခင္းခံေနရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ပထမဆုံးပြဲအျဖစ္ကစားတဲ့နယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအေထာင္တိုက္စစ္မႉးအျဖစ္ကစားခဲ့ၿပီး၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္အလယ္တန္းကစားသမားေဟာင္းမာေရာ့ခ်ီကအသက္၃၆ႏွစ္ရွိစူပါစတားဟာတူရင္မွာတုန္းကအေထာင္တိုက္စစ္မႉးအျဖစ္ရန္ျငင္းဆန္ခဲ့ေၾကာင္းဆိုလာပါတယ္။

မာေရာ့ခ်ီက “သူဟာအေထာင္တိုက္စစ္မႉးအျဖစ္ကစားခဲ့တာသတိျပဳမိခဲ့ပါတယ္။သူဟာဂ်ဴဗင္တပ္မွာတုန္းကအဲဒီေနရာမွာကစားဖို႔ျငင္းဆန္ခဲ့တဲ့သူပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္တြင္သုံးရာသီၾကာကစားခဲ့ၿပီး၁၃၄ပြဲကစားခဲ့ရာမွာ၁၀၁ဂိုးအထိသြင္းယူခဲ့ပါတယ္။

သူဟာဂ်ဴဗင္တပ္မွာတုန္းကပြဲထြက္လူစာရင္းတြင္ဘယ္ေတာင္ပံေနရာတြင္ေနရာခ်ျခင္းခံရေပမယ့္ပြဲကစားခ်ိိန္တြင္ဒုတိယတိုက္စစ္မႉးအျဖစ္လည္းေကာင္း၊ဗဟိုတိုက္စစ္မႉးအျဖစ္လည္းေကာင္းေျပာင္းလဲကစားလာခဲ့သူလည္းျဖစ္ပါတယ္။