ဂျူဗင်တပ်ရဲ့စာချုပ်ကမ်းလှမ်းမှုကို အီတလီသူရဲကောင်းစောင့်ဆိုင်းနေဆဲ

ဂျော့ဂျီယိုချီရယ်လီနီရဲ့အေးဂျင့်ကအီတလီဗဟိုနောက်ခံလူမှာဂျူဗင်တပ်ရဲ့စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုကိုစောင့်ဆိုင်းနေဆဲဖြစ်ပြီးမည်သည့်ကလပ်ရဲ့ကမ်းလှမ်းမှုမျှလက်မခံသေးကြောင်းဆိုသွားပါတယ်။

အသက်၃၆နှစ်ရှိဗဟိုနောက်ခံလူဟာမကြာသေးမီတုန်းကမှအီတလီအသင်းကိုယူရို၂၀၂၀ ချန်ပီယံဖြစ်အောင်ကူညီခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကဇွန်လ၃၀ရက်နေ့ကတည်းကကုန်ဆုံးသွားခဲ့ပြီးဖြစ်ကာလက်ရှိအချိန်တွင်ကလပ်လက်မဲ့ဖြစ်နေပါတယ်။

ဂျူဗင်တပ်တွင်၁၇နှစ်ကြာကစားလာခဲ့တဲ့သူဟာကလပ်ရဲ့စာချုပ်ကမ်းလှမ်းမှုကိုစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘက်ကအခြားကလပ်များသို့ပြောင်းဖို့လည်းတံခါးဖွင့်ထားပါတယ်။

အေးဂျင့်ဒါဗီဒီလစ်ပီက “စာချုပ်ချုပ်ဖို့ဆိုတာနှစ်ဖက်နှစ်ဖက်သဘောတူမှပါ။ဂျော့ဂျီယိုကယူရိုသို့သွားခဲ့တယ်။ပြိုင်ပွဲအပေါ်မှာဘဲအပြည့်အဝအာရုံစိုက်ခဲ့တယ်။ဂျူဗင်တပ်နဲ့ဘာပြဿနာမှမရှိပါဘူး။နွေနှောင်းပိုင်းမှာဆွေးနွေးဖို့သဘောတူခဲ့ကြတယ်။ဒါပေမယ့်စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ကမ်းလှမ်းချက်မရောက်လာသေးပါဘူး”လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်ချီရယ်လီနီက “အခြားကလပ်တွေအနေနဲ့သူ့ကိုခေါ်ယူချင်တယ်ဆိုရင်ပထမဆုံးအနေနဲ့ကမ်းလှမ်းမှုလုပ်ရပါမယ်။အခုအချိန်အထိတော့ဘယ်ကလပ်ကမှမကမ်းလှမ်းသေးပါဘူး။ပြီးတော့ကျွန်တော်တို့ကလည်းဂျူဗင်တပ်ဆီကကမ်းလှမ်းမှုကိုဘဲမျှော်နေတာပါ”လို့ပြောကြားသွားပါတယ်။

အီတလီအတွက်၁၁၂ပွဲကစားထားတဲ့ချီရယ်လီနီဟာဂျူဗင်တပ်နှင့်အတူစီးရီးအေဖလား၉ကြိမ်ဆက်ဆွတ်ခူးထားသူဖြစ်ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ရဲ႕စာခ်ဳပ္ကမ္းလွမ္းမႈကို အီတလီသူရဲေကာင္းေစာင့္ဆိုင္းေနဆဲ

ေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီရဲ႕ေအးဂ်င့္ကအီတလီဗဟိုေနာက္ခံလူမွာဂ်ဴဗင္တပ္ရဲ႕စာခ်ဳပ္သက္တမ္းတိုးရန္ကမ္းလွမ္းမႈကိုေစာင့္ဆိုင္းေနဆဲျဖစ္ၿပီးမည္သည့္ကလပ္ရဲ႕ကမ္းလွမ္းမႈမွ်လက္မခံေသးေၾကာင္းဆိုသြားပါတယ္။

အသက္၃၆ႏွစ္ရွိဗဟိုေနာက္ခံလူဟာမၾကာေသးမီတုန္းကမွအီတလီအသင္းကိုယူ႐ို၂၀၂၀ ခ်န္ပီယံျဖစ္ေအာင္ကူညီခဲ့သူျဖစ္ပါတယ္။

သူ႔ရဲ႕ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကဇြန္လ၃၀ရက္ေန႔ကတည္းကကုန္ဆုံးသြားခဲ့ၿပီးျဖစ္ကာလက္ရွိအခ်ိန္တြင္ကလပ္လက္မဲ့ျဖစ္ေနပါတယ္။

ဂ်ဴဗင္တပ္တြင္၁၇ႏွစ္ၾကာကစားလာခဲ့တဲ့သူဟာကလပ္ရဲ႕စာခ်ဳပ္ကမ္းလွမ္းမႈကိုေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္။ဒါေပမယ့္သူ႔ဘက္ကအျခားကလပ္မ်ားသို႔ေျပာင္းဖို႔လည္းတံခါးဖြင့္ထားပါတယ္။

ေအးဂ်င့္ဒါဗီဒီလစ္ပီက “စာခ်ဳပ္ခ်ဳပ္ဖို႔ဆိုတာႏွစ္ဖက္ႏွစ္ဖက္သေဘာတူမွပါ။ေဂ်ာ့ဂ်ီယိုကယူ႐ိုသို႔သြားခဲ့တယ္။ၿပိဳင္ပြဲအေပၚမွာဘဲအျပည့္အဝအာ႐ုံစိုက္ခဲ့တယ္။ဂ်ဴဗင္တပ္နဲ႔ဘာျပႆနာမွမရွိပါဘူး။ေႏြေႏွာင္းပိုင္းမွာေဆြးေႏြးဖို႔သေဘာတူခဲ့ၾကတယ္။ဒါေပမယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ကမ္းလွမ္းခ်က္မေရာက္လာေသးပါဘူး”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ခ်ီရယ္လီနီက “အျခားကလပ္ေတြအေနနဲ႔သူ႔ကိုေခၚယူခ်င္တယ္ဆိုရင္ပထမဆုံးအေနနဲ႔ကမ္းလွမ္းမႈလုပ္ရပါမယ္။အခုအခ်ိန္အထိေတာ့ဘယ္ကလပ္ကမွမကမ္းလွမ္းေသးပါဘူး။ၿပီးေတာ့ကြၽန္ေတာ္တို႔ကလည္းဂ်ဴဗင္တပ္ဆီကကမ္းလွမ္းမႈကိုဘဲေမွ်ာ္ေနတာပါ”လို႔ေျပာၾကားသြားပါတယ္။

အီတလီအတြက္၁၁၂ပြဲကစားထားတဲ့ခ်ီရယ္လီနီဟာဂ်ဴဗင္တပ္ႏွင့္အတူစီးရီးေအဖလား၉ႀကိမ္ဆက္ဆြတ္ခူးထားသူျဖစ္ပါတယ္။