
နာပိုလီဟာမနေ့ညတုန်းကဂျူဗင်တပ်ကိုဂိုးပြတ်အနိုင်ယူပြီး၁၀မှတ်ဖြတ်လာနိုင်ကာ၁၉၉၀ခုနှစ်နောက်ပိုင်းပထမဆုံးစီးရီးအေဖလားရယူရန်အခြေအနေကောင်းလာခဲ့ပြီဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ၈ပွဲဆက်ဂိုးမပေးခဲ့ရဘဲနိုင်ပွဲဆက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဂျူဗင်တပ်ရဲ့အထင်ကြီးစရာမှတ်တမ်းဟာDiego Armando Maradona Stadiumမှာဆိုးဆိုးရွားရွားအဆုံးသတ်သွားခဲ့ပါတယ်။
မနေ့ညကပွဲတွင်နာပိုလီအတွက်ဗစ်တာအိုဆမ်ဟန်က၂ဂိုးသွင်းခဲ့ပြီးခါဗီချာခါဗာရက်စခီလီယာ၊အေမာရာမာနီ၊အယ်လစ်ဖ်အယ်မက်စ်တို့ကတစ်ဂိုးစီအသီးသီးသွင်းခဲ့ကြပါတယ်။
ဂျူဗင်တပ်အတွက်နှစ်သိမ့်ဂိုးကိုအိန်ဂျယ်ဒီမာရီယာကသွင်းယူခဲ့ပါတယ်။ဂျူဗင်တပ်ဟာနာပိုလီကို၅-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တတိယနေရာသို့ဆင်းပေးလိုက်ရပါတယ်။
ဂျူဗင်တပ်ဟာ၁၉၉၃ခုနှစ်၊မေလနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် စီးရီးအေတွင်၅ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါ့အပြင်အယ်လီဂရီရဲ့အသင်းဟာနာပိုလီကိုဂိုးပြတ်မရှုံးမီစီးရီးအေတွင်၇ဂိုးတည်းသာပေးထားရတဲ့အသင်းလည်းဖြစ်ပါတယ်။
နာပိုလီကတော့လွန်ခဲ့တဲ့၃၃နှစ်တုန်းကမာရာဒိုနာခေတ်တွင်စီးရီးအေဖလားနောက်ဆုံးဆွတ်ခူးနိုင်ပြီးနောက်ပထမဆုံးစီးရီးအေဖလားဆွတ်ခူးရန်အခြေအနေကောင်းလာခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ဂ်ဴဗင္တပ္ရဲ႕၈ပြဲဆက္ႏိုင္ပြဲနဲ႔ ၈ ပြဲဆက္ဂိုးမေပးရစံခ်ိန္ကို အမႈန႔္ေျခလိုက္တဲ့ နာပိုလီ
နာပိုလီဟာမေန႔ညတုန္းကဂ်ဴဗင္တပ္ကိုဂိုးျပတ္အႏိုင္ယူၿပီး၁၀မွတ္ျဖတ္လာႏိုင္ကာ၁၉၉၀ခုႏွစ္ေနာက္ပိုင္းပထမဆုံးစီးရီးေအဖလားရယူရန္အေျခအေနေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ၈ပြဲဆက္ဂိုးမေပးခဲ့ရဘဲႏိုင္ပြဲဆက္လာခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ဂ်ဴဗင္တပ္ရဲ႕အထင္ႀကီးစရာမွတ္တမ္းဟာDiego Armando Maradona Stadiumမွာဆိုးဆိုး႐ြား႐ြားအဆုံးသတ္သြားခဲ့ပါတယ္။
မေန႔ညကပြဲတြင္နာပိုလီအတြက္ဗစ္တာအိုဆမ္ဟန္က၂ဂိုးသြင္းခဲ့ၿပီးခါဗီခ်ာခါဗာရက္စခီလီယာ၊ေအမာရာမာနီ၊အယ္လစ္ဖ္အယ္မက္စ္တို႔ကတစ္ဂိုးစီအသီးသီးသြင္းခဲ့ၾကပါတယ္။
ဂ်ဴဗင္တပ္အတြက္ႏွစ္သိမ့္ဂိုးကိုအိန္ဂ်ယ္ဒီမာရီယာကသြင္းယူခဲ့ပါတယ္။ဂ်ဴဗင္တပ္ဟာနာပိုလီကို၅-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တတိယေနရာသို႔ဆင္းေပးလိုက္ရပါတယ္။
ဂ်ဴဗင္တပ္ဟာ၁၉၉၃ခုႏွစ္၊ေမလေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ စီးရီးေအတြင္၅ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။ဒါ့အျပင္အယ္လီဂရီရဲ႕အသင္းဟာနာပိုလီကိုဂိုးျပတ္မရႈံးမီစီးရီးေအတြင္၇ဂိုးတည္းသာေပးထားရတဲ့အသင္းလည္းျဖစ္ပါတယ္။
နာပိုလီကေတာ့လြန္ခဲ့တဲ့၃၃ႏွစ္တုန္းကမာရာဒိုနာေခတ္တြင္စီးရီးေအဖလားေနာက္ဆုံးဆြတ္ခူးႏိုင္ၿပီးေနာက္ပထမဆုံးစီးရီးေအဖလားဆြတ္ခူးရန္အေျခအေနေကာင္းလာခဲ့ၿပီျဖစ္ပါတယ္။