ဂျူဗင်တပ်သို့ ပြောင်းကစားရန် မော်ရိုအိုင်ကာဒီ တံခါးဖွင့်ပေးထား

မော်ရိုအိုင်ကာဒီဟာပီအက်စ်ဂျီမှထွက်ခွာကာဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားရန်တံခါးဖွင့်ပေးထားကြောင်းသိရပါတယ်။

ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရအိုင်ကာဒီဟာဂျူဗင်တပ်နည်းပြသစ်အယ်လီဂရီနှင့်ဆက်သွယ်စကားပြောထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီမှာငွေကြေးများစွာရင်းနှီးမြှပ်နှံမှုပြုလုပ်ပြီးချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးတည်ဆောက်နေပါတယ်။

၎င်းတို့ဟာဟာကီမီ၊ရာမို့စ်၊ဝီနယ်ဒမ်နှင့်ဒွန်နာရမ်မာတို့ကိုခေါ်ယူအားဖြည့်ထားပြီးဖြစ်ပါတယ်။

မော်ရိုအိုင်ကာဒီဟာ၂၀၁၉ခုနှစ်တုန်းကဂျူဗင်တပ်သို့ပြောင်းမယ်လို့သတင်းထွက်ပြီးမှပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

တစ်ဖက်တွင်မော်ရိုအိုင်ကာဒီရဲ့အေးဂျင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဇနီးသည်ဝန်ဒါနာရာကလည်းဂျူဗင်တပ်သို့ပြောင်းရွှေ့နိုင်ကြောင်းအရိပ်အမြွက်ဆိုထားပါသေးတယ်။

အိုင်ကာဒီဟာပြီးခဲ့တဲ့ရာသီတုန်းကဂျူဗင်တပ်အတွက်၂၈ပွဲကစားကာ၁၃ဂိုးသွင်းကာ၆ကြိမ်ဖန်တီးခဲ့သူဖြစ်ပါတယ်။

ZawGyi







