
ဂျူဗင်တပ်ဟာဘဏ္ဍရေးပိုင်းစစ်ဆေးခြင်းခံခဲ့ရပြီးနောက်ရမှတ်၁၅မှတ်လျှော့ချခြင်းခံလာရပါတယ်။
ဂျူဗင်တပ်ဟာယခင်တုန်းကစီးရီးအေအမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ့်တည်နေပေမဲ့လည်း ၁၅မှတ်လျှော့ချခံလာရမှုနှင့်အတူအဆင့်၁၀သို့ ရောက်လာပါတယ်။
ဂျူဗင်တပ်ဟာအပြောင်းအရွှေ့ကိစ္စရပ်များကိုငွေစာရင်းလိမ်ပြကာအခွန်ရှောင်ခြင်း၊ဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပဒေတွင်အသာရခြင်းတို့ဖြစ်အောင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ၂၀၂၀ခုနှစ်မှ၂၀၂၁ခုနှစ်အတွင်းကစားသမားများကိုပေးရတဲ့ငွေကြေးများနှင့်ပတ်သက်ပြီးစစ်ဆေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
စစ်ဆေးခြင်းခံခဲ့ရပြီးနောက် ဂျူဗင်တပ်ဥက္ကဌအက်ဂနယ်လီ၊ဒုဥက္ကဌနက်ဗက်အပါအဝင်ဘုတ်အဖွဲ့ဝင်တစ်ခုလုံး နိုဝင်ဘာတုန်းကနုတ်ထွက်သွားခဲ့ကြပြီးလည်းဖြစ်ပါတယ်။
အစောပိုင်းတုန်းကဂျူဗင်တပ်ဟာအမှုမှလွတ်မြောက်သွားခဲ့ပေမဲ့ဒီဇင်ဘာလတုန်းကိုအမှုကိုပြန်လည်စစ်ဆေးပေးရန် အီတလီဘောလုံးအဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးမှူးကလျှောက်ထားမှုကိုအယူခံတရားရုံးကလက်ခံခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးကဂျူဗင်တပ်ကိုရမှတ်၉မှတ်လျှော့ချသင့်ကြောင်း တရားရုံးတွင်လျှောက်ထားခဲ့ပေမဲ့တရားသူကြီးက၁၅မှတ်လျှော့ချလိုက်ပါတယ်။
ဂျူဗင်တပ်ဟာအမှတ်လျှော့မခံရမီကတည်းကထိပ်ဆုံးမှနာပိုလီနှင့် ရမှတ်၁၀မှတ်ကွာဟနေခဲ့တာဖြစ်ပြီးယခုရမှတ်၁၅မှတ်အလျှော့ခံလာရမှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ပါဆုံးရှုံးလာရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင်ဂျူဗင်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့အက်ဂနယ်လီ၊ဖေဘီယိုပါရီတီခီ၊ဖီဒီရီကိုချီရူဘီနီ၊နက်ဗက်တို့မှာလည်းပွဲပယ်ပြစ်ဒဏ်အသီးသီးချမှတ်ခံခဲ့ရပါတယ်။
ဖေဘီယိုပါရာတီခီဟာစပါးစ်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်နေသူဖြစ်ပြီး ၂နှစ်ခွဲပွဲပယ်ခံခဲ့ရပါတယ်။သူဟာအီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ပြစ်ဒဏ်ကိုအယူခံဝင်လာဖို့ရှိပါတယ်။
တကယ်လို့အယူခံမအောင်မြင်ပါကစပါးစ်ဟာဘောလုံးဒါရိုက်တာသစ်ထပ်မံရှာဖွေလာရတော့မှာဖြစ်ပါတယ်။
ZawGyi
ဂ်ဴဗင္တပ္အသင္း ရမွတ္ ၁၅ မွတ္ ေလွ်ာ့ခ်ျခင္းခံရ
ဂ်ဴဗင္တပ္ဟာဘ႑ေရးပိုင္းစစ္ေဆးျခင္းခံခဲ့ရၿပီးေနာက္ရမွတ္၁၅မွတ္ေလွ်ာ့ခ်ျခင္းခံလာရပါတယ္။
ဂ်ဴဗင္တပ္ဟာယခင္တုန္းကစီးရီးေအအမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ့္တည္ေနေပမဲ့လည္း ၁၅မွတ္ေလွ်ာ့ခ်ခံလာရမႈႏွင့္အတူအဆင့္၁၀သို႔ ေရာက္လာပါတယ္။
ဂ်ဴဗင္တပ္ဟာအေျပာင္းအေ႐ႊ႕ကိစၥရပ္မ်ားကိုေငြစာရင္းလိမ္ျပကာအခြန္ေရွာင္ျခင္း၊ဘ႑ာေရးမွ်တစြာသုံးစြဲေရးဥပေဒတြင္အသာရျခင္းတို႔ျဖစ္ေအာင္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဟာ၂၀၂၀ခုႏွစ္မွ၂၀၂၁ခုႏွစ္အတြင္းကစားသမားမ်ားကိုေပးရတဲ့ေငြေၾကးမ်ားႏွင့္ပတ္သက္ၿပီးစစ္ေဆးျခင္းခံခဲ့ရတာျဖစ္ပါတယ္။
စစ္ေဆးျခင္းခံခဲ့ရၿပီးေနာက္ ဂ်ဴဗင္တပ္ဥကၠဌအက္ဂနယ္လီ၊ဒုဥကၠဌနက္ဗက္အပါအဝင္ဘုတ္အဖြဲ႕ဝင္တစ္ခုလုံး ႏိုဝင္ဘာတုန္းကႏုတ္ထြက္သြားခဲ့ၾကၿပီးလည္းျဖစ္ပါတယ္။
အေစာပိုင္းတုန္းကဂ်ဴဗင္တပ္ဟာအမႈမွလြတ္ေျမာက္သြားခဲ့ေပမဲ့ဒီဇင္ဘာလတုန္းကိုအမႈကိုျပန္လည္စစ္ေဆးေပးရန္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ စုံစမ္းစစ္ေဆးေရးမႉးကေလွ်ာက္ထားမႈကိုအယူခံတရား႐ုံးကလက္ခံခဲ့ပါတယ္။
စုံစမ္းစစ္ေဆးေရးမႉးကဂ်ဴဗင္တပ္ကိုရမွတ္၉မွတ္ေလွ်ာ့ခ်သင့္ေၾကာင္း တရား႐ုံးတြင္ေလွ်ာက္ထားခဲ့ေပမဲ့တရားသူႀကီးက၁၅မွတ္ေလွ်ာ့ခ်လိုက္ပါတယ္။
ဂ်ဴဗင္တပ္ဟာအမွတ္ေလွ်ာ့မခံရမီကတည္းကထိပ္ဆုံးမွနာပိုလီႏွင့္ ရမွတ္၁၀မွတ္ကြာဟေနခဲ့တာျဖစ္ၿပီးယခုရမွတ္၁၅မွတ္အေလွ်ာ့ခံလာရမႈနဲ႔အတူခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ပါဆုံးရႈံးလာရေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္ဂ်ဴဗင္တပ္တြင္တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့အက္ဂနယ္လီ၊ေဖဘီယိုပါရီတီခီ၊ဖီဒီရီကိုခ်ီ႐ူဘီနီ၊နက္ဗက္တို႔မွာလည္းပြဲပယ္ျပစ္ဒဏ္အသီးသီးခ်မွတ္ခံခဲ့ရပါတယ္။
ေဖဘီယိုပါရာတီခီဟာစပါးစ္ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ေနသူျဖစ္ၿပီး ၂ႏွစ္ခြဲပြဲပယ္ခံခဲ့ရပါတယ္။သူဟာအီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ျပစ္ဒဏ္ကိုအယူခံဝင္လာဖို႔ရွိပါတယ္။
တကယ္လို႔အယူခံမေအာင္ျမင္ပါကစပါးစ္ဟာေဘာလုံးဒါ႐ိုက္တာသစ္ထပ္မံရွာေဖြလာရေတာ့မွာျဖစ္ပါတယ္။