ဂျူဗင်တပ်အား ပြတ်သားစွာအနိုင်ရတဲ့ပွဲမှာ မယုံကြည်နိုင်စရာဂိုးကိုသွင်းခဲ့တဲ့ ရီစီဂျိမ်းစ်

ရီစီဂျိမ်းစ်ဟာစတမ်းဖို့ဒ်ဘရစ်ချ်မှာဂျူဗင်တပ်အားပြတ်ပြတ်သားသားချေမှုန်းတဲ့ပွဲစဉ်မှာချဲလ်ဆီးအတွက်အံ့ဩစရာကောင်းတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်မှာဂျူဗင်တပ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာရီစီဂျိမ်းစ်ဟာထောင့်ဖြတ်အနေအထားကနေအပြင်းကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်စတားဟာဒုတိယပိုင်းမှာချဲလ်ဆီးအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဘင်ချဲလ်ဝဲလ်ကဧရိယာအတွင်းဖြတ်တင်ဘောကိုမားသီးယပ်စ်ဒီလက်ကရှင်းထုတ်ခဲ့ပါတယ်။ဒါပေမယ့်ရီစီဂျိမ်းစ်ရရှိသွားခဲ့ပါတယ်။ရီစီဂျိမ်းစ်ဟာဘောလုံးကိုရင်ဘတ်နဲ့မသေမသတ်ထိန်းပြီးနောက်အားကုန်ကန်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်များဟာရီစီဂျိမ်းစ်ရဲ့လှပတဲ့ဂိုးကိုချီးကျူးမှုများပြုလုပ်ကြပြီးပရိသတ်အချို့တိုကသူ့ကိုလက်ရှိကမ္ဘာ့အကောင်းဆုံးနောက်တန်းအစွန်လူအဖြစ်ပါပြောကြားနေကြပါတယ်။

ဂျူဗင်တပ်အား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့ပထမပိုင်းမှာချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကိုချာလိုဘာကသွင်းယူခဲ့ပြီးကျန်နှစ်ဂိုးကိုကူလ်လမ်ဟတ်ဆန်အိုဒွိုင်းနှင့်တီမိုဝါနာတို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဂ်ဴဗင္တပ္အား ျပတ္သားစြာအႏိုင္ရတဲ့ပြဲမွာ မယုံၾကည္ႏိုင္စရာဂိုးကိုသြင္းခဲ့တဲ့ ရီစီဂ်ိမ္းစ္

ရီစီဂ်ိမ္းစ္ဟာစတမ္းဖို႔ဒ္ဘရစ္ခ်္မွာဂ်ဴဗင္တပ္အားျပတ္ျပတ္သားသားေခ်မႈန္းတဲ့ပြဲစဥ္မွာခ်ဲလ္ဆီးအတြက္အံ့ဩစရာေကာင္းတဲ့ဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။

အဂၤါေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္မွာဂ်ဴဗင္တပ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာရီစီဂ်ိမ္းစ္ဟာေထာင့္ျဖတ္အေနအထားကေနအျပင္းကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္စတားဟာဒုတိယပိုင္းမွာခ်ဲလ္ဆီးအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဘင္ခ်ဲလ္ဝဲလ္ကဧရိယာအတြင္းျဖတ္တင္ေဘာကိုမားသီးယပ္စ္ဒီလက္ကရွင္းထုတ္ခဲ့ပါတယ္။ဒါေပမယ့္ရီစီဂ်ိမ္းစ္ရရွိသြားခဲ့ပါတယ္။ရီစီဂ်ိမ္းစ္ဟာေဘာလုံးကိုရင္ဘတ္နဲ႔မေသမသတ္ထိန္းၿပီးေနာက္အားကုန္ကန္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္မ်ားဟာရီစီဂ်ိမ္းစ္ရဲ႕လွပတဲ့ဂိုးကိုခ်ီးက်ဴးမႈမ်ားျပဳလုပ္ၾကၿပီးပရိသတ္အခ်ိဳ႕တိုကသူ႔ကိုလက္ရွိကမာၻ႔အေကာင္းဆုံးေနာက္တန္းအစြန္လူအျဖစ္ပါေျပာၾကားေနၾကပါတယ္။

ဂ်ဴဗင္တပ္အား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲရဲ႕ပထမပိုင္းမွာခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးကိုခ်ာလိုဘာကသြင္းယူခဲ့ၿပီးက်န္ႏွစ္ဂိုးကိုကူလ္လမ္ဟတ္ဆန္အိုဒြိဳင္းႏွင့္တီမိုဝါနာတို႔ကသြင္းယူခဲ့ၾကပါတယ္။